တောင်ပိုင်းဒေသများ မိုးကြီးနိုင်ပြီး ရေကြီးရေလျှံ၊ တောင်ပြိုနိုင်မှုများ သတိပြုရန်လို

05/07/2022 17:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

လာမယ့် ၁၀ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးကြီးနိုင်ပြီး ရေကြီးရေလျှံ၊ တောင်ပြိုနိုင်မှုတွေကို သတိထားဖို့လိုမယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က သတိပေးပါတယ်။

လာမယ့် ၁၀ ရက်အတွင်း ထားဝယ်နဲ့မြိတ်နဲ့ကြားမှာ မိုးရေချိန် လက်မ ၂၀ ကျော်ထိ ရွာနိုင်ပြီး အများဆုံးကတော့ ထားဝယ်အောက်ဘက်တောက်လျှောက် ဟိုးကော့သောင်းအထိဖြစ်မယ်လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

“ လက်မ ၂၀ ဆိုတော့ စိုးရိမ်ရတယ်။ အဓိကကတော့ တောင်ပြိုမှာရယ်၊ နောက် ထားဝယ်မြစ်က ရေများတတ်တယ်။ နောက်တစ်ခုက ၁၂၊ ၁၃၊ ၁၄ ဝန်းကျင်လောက်မှာ ပင်လယ်ဒီရေတက်မယ်လေ။ အဲ့လို ပင်လယ်ရေကလည်း မြင့်လာချိန် မိုးကလည်းများမယ်ဆိုရင်တော့ ရေကြီးရေလျှံပြဿနာဖြစ်နိုင်တယ်” 

လာမယ့် ၁၀ ရက်အတွင်း နောက်ထပ်မိုးများနိုင်တဲ့နေရာတွေကတော့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်လုံးနဲ့ ရခိုင်ရိုးမတစ်ခုလုံး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊မန္တလေးတိုင်း မြောက်ပိုင်း မိုးကုတ်နဲ့မိုးညှင်းကြား၊  ချင်းတွင်းမြစ်ကြား တနိုင်းဘက်တို့ဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပဲခူးရိုးမတစ်လျှောက်လုံးလည်း မိုးအများကြီးတော့မဟုတ်ပေမယ့် ၄ လက်မ၊ ၅ လက်မအထက်ထိ ရွာနိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

မိုးနည်းနိုင်တာဆိုလို့ အလယ်ပိုင်းဒေသတွေသာရှိနိုင်ပြီး ဒါတောင်မှ တိမ်တွေဝင်လာတာနဲ့ Dew point (ငွေ့ရည်ဖွဲ့မှတ်) ကိုက်သွားချိန်မျိုးဆို အဲ့ဒီဒေသတွေမှာပါ မိုးများနိုင်သေးတယ်လို့ သိရပါတယ်။

ရက်ဝေးကြိုတင်ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်၊ အရှေ့ဖိလစ်ပိုင်ပင်လယ်တွေမှာ အပူပိုင်းမုန်တိုင်းဖြစ်နိုင်ခြေ ဆက်လက်ဖြစ်ပေါ်နေပြီး အဲ့ဒီအခြေအနေတွေကြောင့် အလယ်ပိုင်းနဲ့ အထက်ပိုင်းဒေသတွေမှာ မိုးပိုမိုရွာသွန်းနိုင်ခြေရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

“ လေဖိအားနည်းရပ်ဝန်းအဆင့် (Low level circulation area) တောင်မှ အိန္ဒိယအရှေ့ဘက်ကမ်းခြေပေါ့။ ပရာဒစ်မြို့အပေါ်လောက်မှာဖြစ်နေတယ်။ အထက်ကို တက်သွားလေ လည်ပတ်မှုနဲ့ စုစည်းမှုအားကောင်းလေပေါ့။ သူ့ရဲ့ဗဟိုဖိအားက ၉၉၇ ဟက်တိုပါစကယ်ထိကျနေတာဆိုတော့ အားပြင်းတာပေါ့။ အဲ့ဒီဟာကြောင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ နောက် ကပ္ပလီပင်လယ် တောင်ပိုင်းနဲ့မြောက်ပိုင်းအကုန်လုံးမှာ မုတ်သုံလေအားကောင်းနေတယ်” လို့ ဦးဝင်းနိုင်က ပြောပါတယ်။

အဲ့ဒီလေဖိအားနည်းရပ်ဝန်းဟာ ဆက်ဖြစ်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ လေဖိအားနည်းဧရိယာကြီးကြီးလာကာ ဘင်္ဂလားဒေ့ရှ်နိုင်ရဲ့ တောင်ဘက်တည့်တည့် ဒါကာရဲ့အောက် တောင်ဘက်တည့်တည့်၊ ပုသိမ်ရဲ့အနောက်ဘက်တည့်တည့် ပင်လယ်ထဲမှာ ဇူလိုင် ၁၂ ရက်မှာ ဆက်ဖြစ်မှာဖြစ်ပြီး မုန်တိုင်းတစ်လုံးဖြစ်လာနိုင်လို့ မိုးနည်းနေတဲ့နေရာတွေမှာပါ မိုးတွေထပ်ရလာနိုင်တယ်လို့ ဦးဝင်းနိုင်က ကြိုတင်ခန့်မှန်းထား ပါတယ်။

Photo Crd_Win Naing FB

💌✅(မိမိဒေသတစ်ခုချင်းစီအလိုက် မိုးလေဝသအခြေအနေများကို ဦးဝင်းနိုင်နဲ့ တိုက်ရိုက်မေးမြန်းလိုသူများအနေနဲ့ Green Way ဆော့ဝဲထဲမှာရှိတဲ့ ‘ မေးကြ၊ ဖြေကြ...ဒေသအလိုက်မိုးလေဝသ’ ဆိုတဲ့ အဖွဲ့လေးမှာ အခမဲ့ဝင်ရောက်ပြီး မေးမြန်းနိုင်ပါတယ်။)🌞

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်