ရခိုင်ပြည်နယ်ကို မုန်တိုင်းတစ်လုံး ရောက်လာဦးမှာလား...

01/06/2023 16:56 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဒီနေ့မနက် ၆ နာရီခွဲအချိန် ECMWF Model (မိုးလေဝသခန့်မှန်းမိုဒယ်) ရဲ့ နောက်ဆုံးခန့်မှန်းချက်တွေအရ ဘင်္ဂလားပင်လယ်အော်ထဲမှာ မိုခါအလွန် နောက်ထပ်မုန်တိုင်းတစ်လုံးထပ်ဖြစ်လာဖွယ်ရှိကြောင်း ပြသနေတယ်လို့ သိရပါတယ်။

ပြဿနာကတော့ မုန်တိုင်းလမ်းကြောင်းဟာ ပြီးခဲ့တဲ့ မေ ၁၃၊ ၁၄ တုန်းက ဒုက္ခတွေ ပေးသွားတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းလိုပဲ ရခိုင်ကိုပဲ ဦးတည်နေကြောင်း လက်ရှိအချိန်ထိ ပြသနေတာပါပဲ။ 

ဆိုတော့ ဒီမုန်တိုင်းဟာ ဖြစ်နိုင်ချေဘယ်လောက်ထိ ရှိနေပြီလဲ၊ ဘယ်လောက်ထိပြင်းထန်နိုင်သလဲ၊ မုန်တိုင်းလမ်းကြောင်းမှာရှိတဲ့ပြည်သူတွေအနေနဲ့ ဘယ်အချိန်ထိစောင့်ကြည့်ပြီး ဘေးလွတ်ရာကို ရှောင်တိမ်းသင့် သလဲ၊ နောက်ဆုံး မဖြစ်နိုင်ချေမျှော်လင့်ချက်ကကော ဘယ်လောက်အထိရှိနေလဲ ဆိုတာတွေကို နိုင်ငံတကာ မိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

မုန်တိုင်းဖြစ်လာနိုင်ချေက ဘယ်လောက်ထိ ဖြစ်နေပြီလဲဆရာ?

“ ၉၀ ရာခိုင်နှုန်းလောက်သေချာနေပြီ။ ၃ ရက်နေ့မှာ စဖြစ်ပြီး ၆၊ ၇၊ ၈ ရက်မှာ အဲ့နားပတ်ချာလည်မှာ မုန်တိုင်း ငယ်စဖြစ်ပြီးမှ မြောက်ဖက်ကို စရွေ့မှာ။ ၆ ရက်နေ့ မနက်ပိုင်းမှာ INVEST စဖြစ်ပြီး အားကောင်းတဲ့ လေဖိအား နည်းရပ်ဝန်း မုန်တိုင်းငယ်တစ်ခုစဖြစ်ပြီ။ လေတိုက်နှုန်း တစ်နာရီကို ၄၅ မိုင်လောက်ထိဖြစ်မယ်။ ပြီးတော့ အနောက်ဘက်ကို သိပ်မပါဘဲ မြောက်ဘက်တည့်တည့်ကိုတက်ပြီး စစ်တွေ အနောက်တောင်ဘက်ကို မိုင် ၇၀ လောက်ထိတက်သွားမယ်။ လေတိုက်နှုန်းက တစ်နာရီကို ၈၅ မိုင်နှုန်း၊ ဆိုင်ကလုန်းမုန်တိုင်းအဆင့် CAT 1 စဖြစ်ပါမယ်။ နာမည်ကတော့ အာရေဗျပင်လယ်ဘက်မှာလည်း မုန်တိုင်းတစ်လုံးဖြစ်မှာဆိုတော့ ဘယ်ကောင် ဘာနာမည်ရမလဲတော့ မပြောတတ်သေးဘူး။ ပထမမုန်တိုင်းစဖြစ်သွားမဲ့မုန်တိုင်းကတော့ ဘင်္ဂလားဒေ့ရှ်က အလှည့်ကျနာမည် BIPARJOY၊ ဒုတိယဖြစ်ရင်တော့ အိန္ဒိယကပေးထားတဲ့ နာမည် TEJ ရလိမ့်မယ်။ ဒါတွေက ဒီနေ့မနက် ၆ နာရီခွဲ Update တွေပါ” 

“ နောက်ထပ်ထူးခြားတာတစ်ခုက ၆ ရက်သို့မဟုတ် ၇ ရက်မှာ မြန်မာ့ကမ်းရိုးတန်း၊ ကပ္ပလီပင်လယ်နဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လိမ့်မယ်လို့ အိန္ဒိယမိုးလေဝသဌာနက ကြေညာချက်တရားဝင်ထုတ်လာတာပဲ။ ဒီလိုစောစောစီးစီးထုတ်ပြန်လာတာမျိုးကတော့ အံဩစရာတော့ကောင်းတယ်” 

နောက်ဆုံးခန့်မှန်းထုတ်ပြန်ချက်တွေအရ မုန်တိုင်းလမ်းကြောင်းကကော ဘယ်လိုရှိနေလဲ?

“ မုန်တိုင်းကတော့ အခုလက်ရှိကတော့ ရခိုင်းကမ်းရိုးတန်းမြောက်ပိုင်း စစ်တွေမြို့ကနေဝင်မှာ။ အမြင့်ဆုံး တစ်နာရီကို ၁၁၂ မိုင်နဲ့ CAT 3 အဆင့်လောက်ကို ရောက်လာနိုင်တယ်။ မိုခါလောက်တော့ မပြင်းဘူး။ ဒါပေမဲ့ မိုခါက အရှေ့မှာ တံမြက်စည်းလှည်းထားတာ။ သစ်ပင်အကာတွေ ဘာတွေ ဘာမှရှိမနေတော့ဘူး။ ကမ်းခြေက အတားအဆီးတွေကိုလည်း ရှင်းထားသလိုဖြစ်နေတာ။ အခုလိုမျိုး ဒုတိယအကြိမ် ဝင်တိုက်တော့ လဟာပြင် ကြီးကို ဝင်တိုက်သလိုဖြစ်နေတယ်။ ဆိုတော့ စစ်တွေမြို့ပေါ်တို့၊ အရင်မုန်တိုင်းထိထားဖူးတဲ့ ကမ်းခြေက ရွာတွေကတော့ ရှောင်သင့်တယ်ဗျ။ ဒီတစ်ခါကတော့ တကယ်ကို ရှောင်သင့်တာ။ ပထမတစ်ခါလေပြင်းထိထား ဖူးတဲ့ ဒေသဆိုတော့ နောက်တစ်ကြိမ်လေပြင်း မိုင် ၇၀ - ၈၀ ဆိုရင်တော့ ခံနိုင်မယ့်ပုံမပေါ်ဘူး။ 

ဆိုတော့ မုန်တိုင်းဖြစ်နိုင်ချေကို ဘယ်အချိန်ထိ သေချာအောင်နားထောင်ပြီးရင် ဘေးလွတ်ရာ ရှောင်ရှားတာတွေလုပ်သင့်ပြီလဲဆရာ..?

“ ၅ ရက်နေ့ ဒါမှမဟုတ် ၆ ရက်နေ့လောက်ထိ သတိပေးချက်တွေ သေချာပြီဆို အဲ့ဒီအချိန်မှာ စရှောင်သင့်ပြီ။ ဘာလို့လဲဆိုတော့ စစချင်းရှိထားဖူးတဲ့ အဆောက်အဦတွေရဲ့ကြံ့ခိုင်မှု၊ သဘာဝအကာအကွယ်ရဲ့ အခြေအနေ တွေက မိုခါကဖျက်ဆီးထားလို့ လျော့နေပြီ။ ဆိုတော့ မိုခါလောက်မပြင်းရင်တောင် ရှောင်သင့်တယ်” 

ဆိုတော့ ဖြစ်နိုင်တဲ့ရက်ခန့်မှန်းက ဝေးသေးတယ်ဆိုတော့ လမ်းကြောင်းအပြောင်းအလဲက ဘယ်လောက်ထိ ရှိလာနိုင်သလဲ..?

“ ရှိနိုင်တယ်။ အများကြီးတော့ မဟုတ်ဘူး။ လောလောဆယ်တော့ စစ်တွေဝန်းကျင်၊ စစ်တွေ ကျောက်ဖြူကြားပဲ တောက်လျှောက်ပြနေတယ်။ မိုခါတုန်းကလည်း အဲ့လိုပဲပြခဲ့တာပဲ။ တစ်ခုတော့ရှိတယ်။ သူက စဖြစ်တာက ပင် လယ်ပြင်ကြီးမှာဖြစ်တာမဟုတ်ဘူး။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အောက် ဆက်နေတဲ့ နေရာကြား ကိုကိုးကျွန်းနဲ့မော်တင်စွန်းကြားလေးမှာဖြစ်တာ။ အဲ့တော့ ဖြစ်တဲ့နေရာကကျဉ်းတယ်။ ပြီးတော့မှ သူက အနောက်ဘက်ကိုရွေ့ပြီး ပင်လယ်ကြီးထဲကိုရောက်တော့မှ အားကောင်းမှာ။ အဲ့ဒီလို အနောက်ဘက်ကို ဘယ်လောက်ထိထွက်မလဲဆိုတာပဲမူတည်တာ။ ကမ်းနဲ့ဝေးလေ သူက အားကောင်းလေဖြစ်မှာ” 

ဆိုတော့ မုန်တိုင်းအဆင့်ထိ မဖြစ်လာနိုင်မယ့်မျှော်လင့်ချက်ကကော ဘယ်လောက်ထိ ရှိလာနိုင်မလဲဆရာ?

မဖြစ်နိုင်တဲ့အကြောင်းရင်းကို ကျွန်တော်တွက်ကြည့်တဲ့အခါကျတော့ အခုဟာက အရှေ့မြောက်လေစီးကြောင်းနဲ့ အနောက်တောင်မုတ်သုံလေနှစ်ခုပေါင်းပြီး အခု ဒီဟာဖြစ်တာ။ ဆိုတော့ အဲ့ဒီနှစ်ခုထဲက တစ်ခုခုပျက်ရင်ပျက်၊ မပျက်ရင်လည်း တစ်ခုခုအားကောင်းလာမှ ဒါက ပျက်နိုင်မှာ။ အဲ့ဒါဖြစ်နိုင်ချေကလည်း ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ 

Photos Crd_ U Win Naing

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်