မိုးတိမ်တောင်တွေနဲ့အတူ မိုးဆက်သွားနိုင်မယ့်အချိန်...

26/05/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ မေ ၂၆ ရက် ညနေပိုင်းထုတ်ပြန်ချက်မှာတော့ ‘ လွန်ခဲ့သော (၂၄)နာရီအတွင်းက အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းသို့ဝင်ရောက်ခဲ့ပြီးဖြစ်ပါသည်’ လို့ ဖော်ပြထားတာတွေ့ရပါတယ်။

ဒါ့အပြင် ‘ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ် ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်’ လို့လည်း ထုတ်ပြန်ချက်တွေထဲမှာ ဖော်ပြထားတာတွေ့ရပါတယ်။ 

ဒီမိုးတိမ်တောင်တွေဟာ ဘယ်ကနေ ဝင်လာကြတာလဲ၊ ဒါတွေကြောင့် ဘယ်လိုမိုးလေဝသအခြေအနေ တွေဖြစ်နိုင်လဲဆိုတာကို နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်ကို မေးကြည့်ရာမှာတော့...

“ မိုးတိမ်တောင်တွေက အခုအနေအထားမှာဆိုရင် ပုသိမ်ရဲ့အနောက်ဘက် ပင်လယ်ပြင်မှာလည်း အနောက်တောင်လေတိုက်နေတယ်။ ၂၇ ရက်နေ့ ညပိုင်းလောက်ဆို အာ့နေရာမှာ အားကောင်းတော့ မှာ။ အခု သူတို့ပြောထားတဲ့ မိုးတိမ်တောင်တွေဆိုတာကတော့ အနောက်တောင်ဘက်ကနေ ဝင်လာတဲ့ မိုးတိမ်တောင်တွေရှိတယ်။ နောက်ပြီးတော့ ကပ္ပလီပင်လယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းကနေပြီးတော့ မွန်ပြည်နယ်နဲ့ တနင်္သာရီတစ်ခုလုံးကို ဝင်မယ့်မိုးတိမ်တောင်တွေရှိတယ်။ ဆိုတော့ ဒီမိုးတိမ်တောင်တွေ ကြောင့် မိုးတွေရွာလာမှာ။ နေရာကွက်မိုးကြီးသွားနိုင်တဲ့ အနေအထားတွေလည်းရှိတယ်” လို့ ပြောပါတယ်။

ယခုလကုန် ဇွန်လဆန်းပိုင်းမှာတော့ ဒီမိုးတိမ်တောင်ဖြစ်ပေါ်မှုတွေဟာ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေထိ ရောက်ရှိသွားပြီး မိုးဆက်သွားနိုင်တော့မှာဖြစ်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

“ ဇွန်လဆန်း ၃ ရက်၊ ၄ ရက်ဆိုရင် မိုးတိမ်တောင်တွေက ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်တစ်ခုလုံးမှာ ဖြစ်တော့မှာ။ အဲ့ကောင်တွေက ကျွန်တော်တို့ဘက် ကို ဝင်လာမှာ။ ဘယ်အထိလဲဆိုတော့ နေပြည်တော်အထက်ပိုင်း မြန်မာပြည်အလယ်ပိုင်းတွေထိသွားတော့မယ်၊ ရှမ်းပြည်နယ်ထိလည်း ရောက်မယ်။ အဲ့ကောင်တွေ ဝင်လာရင်တော့ တောက်လျှောက်မိုးဆက်သွားတော့မှာ” 

လက်ရှိ တောင်ပိုင်းမှာမုတ်သုံဝင်နေတဲ့အနေအထားကြောင့်မို့လို့ နောက် ၃ ရက် (၇၂ နာရီ) အတွင်း မွန်၊ ကရင်၊ တနင်္သာရီ တစ်ခုလုံးမှာ မိုးရွာနိုင်ပြီး များတဲ့နေရာတွေမှာ ၂ လက်မ နီးပါးလောက်ထိ ရွာနိုင်ကြောင်း၊ နောက် ၃ ရက်ကနေ ၅ ရက်အတွင်းဆိုရင်တော့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်တွေထိ မိုးရွာမယ့်အနေအထားဖြစ်လာပြီး အများဆုံးကတော့ ဧရာဝတီတိုင်းထဲမှာ ဖြစ်မယ်လို့လည်း ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

မိုး/ဇလရဲ့ မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာတော့ ‘တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်တောင်ပိုင်း) နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်’ လို့ ထည့်သွင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

Photos Crd_ U Win Naing

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်