လေပွေလှိုင်းဆက်ရှိနေပြီး မိုးရွာနိုင်သည့်ဒေသများ ယခင်အခြေအနေအတိုင်းဆက်ရှိ
လက်ရှိဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းဟာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းထဲမှာပဲ ဆက်ရှိနေသေးပြီး ဒီအရှိန်ကြောင့် ဒေသအချို့မိုးရွာနိုင်တာ၊ နေရာကွက်မိုးကြီးနိုင်တာတွေကတော့ ယခင်ခန့်မှန်းချက်တွေအတိုင်းပဲ ဆက်ရှိနေသေးတယ်လို့ နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသ ခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ လေပွေလှိုင်းရဲ့ နောက်ဆုံးအခြေအနေ၊ မိုးရွာနိုင်တဲ့ဒေသတွေအခြေအနေတွေအပေါ် ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။
လေပွေလှိုင်းရဲ့အခုနောက်ဆုံးအခြေအနေက ဘယ်လိုဖြစ်နေပြီလဲ?
“သူက သိပ်မကွာဘူး။ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းထဲမှာပဲ။ သူက သိပ်ပြီးတော့ သိသိသာသာ လည်းမရွေ့ဘူး။ အားလည်းမကောင်းလာဘူး။ ၂၉၊ ၃၀ လောက်ဆိုရင် လုံးဝပျက်သွားတော့မှာ။ ကျွန်တော် အရင်ပြောခဲ့သလိုပဲ ပင်လယ်ရေမျက်နှာပြင်အပူချိန်က မုန်တိုင်းတစ်လုံးအဖြစ် အားကောင်းလာ နိုင်တဲ့အခြေအနေမှာ မရှိနေလို့”
မိုးရွာနိုင်တဲ့ဒေသတွေအခြေအနေကော ဘယ်လိုရှိနေပြီလဲ?
“ မိုးရွာတာ၊ မိုးရွာနိုင်တာတွေကလည်း အရင်အတိုင်းပဲ။ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း ဒီသုံးခု ကတော့ ထုံးစံအတိုင်းပဲ။ ကမ်းရိုးတန်းနဲ့နီးတဲ့ဒေသတွေကတော့ မိုးပိုများနေဦးမယ်။ ကမ်းရိုးတန်းနဲ့နီး တဲ့ဒေသဖြစ်လေ မိုးပိုများလေ ဖြစ်နေဦးမှာပဲ။ မွန်၊ တနင်္သာရီဘက်ဆိုလည်း ကမ်းရိုးတန်းတစ်လျှောက် လုံးကတော့ မိုးတွေများနေဦးမယ်။ နေရာကွက်ပြီး မိုးကြီးနိုင်တာတွေလည်း ရှိနိုင်တယ်”
“ ကျန်တဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်း၊ ကယားပြည်နယ်၊ မန္တလေးတိုင်းတောင်ပိုင်း ကျောက်ဆည်ရဲ့အောက်ဘက်၊ နေပြည်တော်တို့ဘာတို့လည်း နည်းနည်းပါမယ်။ နောက် ပဲခူးတိုင်းနဲ့ မကွေးတိုင်းနယ်စပ် ပြည်လောက်အထိလည်း အရင်ပြောထားတဲ့အတိုင်း မိုးတွေတော့ရှိမယ်။ ဒါပေမဲ့ ခပ်ပါးပါး ပဲရှိမယ်။ ဆိုပါတော့။ တံတားဦးတို့ ဘာတို့ မန္တလေးအထက်ဘက်တွေမှာဆိုရင် အအေးတွေ ပိုလာနေပြီဆိုတော့ ဒီလေပွေလှိုင်း အဆင့်လောက်နဲ့တော့ မိုးရွာနိုင်မဲ့တိမ်တွေ တွန်းမပို့ နိုင်ဘူး”
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်မှာတော့ ‘ လွန်ခဲ့သော(၂၄)နာရီအတွင်းက ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာအနှံ့အပြား၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပါသည်’ ဟု ထည့်သွင်းဖော်ပြထားပါတယ်။

လက်ရှိ မိုးလေဝသအခြေအနေ ထုတ်ပြန်ချက်တွေအရ တောင်တရုတ်ပင်လယ်ဘက်မှာ ဒီဇင်ဘာလ ၂ ရက်နေ့က စပြီး မုန်တိုင်းတစ်လုံးဖြစ်နိုင်တဲ့အခြေအနေရှိနေပြီး ကပ္ပလီပင်လယ်ကတဆင့် ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်း/အရှေ့တောင်ပိုင်းကို ဒီဇင်ဘာလ ၅ ရက်နဲ့ ၆ ရက်တွေမှာ ရောက်လာ နိုင်တယ်လို့လည်း ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။ ဒီတစ်လုံးဖြစ်လာမယ်ဆိုရင်တော့ လေပွေလှိုင်းအဆင့် မဟုတ်ဘဲ မုန်တိုင်းဖြစ်လာနိုင်တာကြောင့် သက်ရောက်မှု ပိုများနိုင်ပြီး အခု ကနဦးကြိုတင်ခန့်မှန်းချက် တွေအရတော့ တနင်္သာရီတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ ဒီဇင်ဘာလ ၄ ရက် ၅ ရက်က စပြီး မိုးသက် လေပြင်းတွေ ကျနိုင်/မိုးများနိုင်ဦးမယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။
ဒီမုန်တိုင်းဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကိုလည်း Green Way အနေနဲ့ ဦးဝင်းနိုင်ထံ ဆက်သွယ်မေးမြန်းပြီး ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။
#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)
Photos Crd_ U Win Naing
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကရခိုင်ပြည်နယ်မိုးလေဝါသကိုသိချင်ပါတေ
lay do moo
လွန်ခဲ့သော ၃ နှစ် ကဧရာဝတီတိုင်း ဒေးဒရဲမှာမိုးလေဝသအခြေအနေလေးသိချင်ပါတယ်ဗျ
ဦးအောင်သီဟ
လွန်ခဲ့သော ၃ နှစ် ကဧရာဝတီတိုင်းအိမ်မဲမြို့၂၉ရက်နေ့မိုးရွာနိုင်ပါသလား
ဆက်စပ်ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပွင့်ဝင်ချိန်ပဲပင်များ သေဆုံးရသည့် ကိုကာကွယ်နိုင်မည့် နည်းလမ်းများကို သိချင်ပါတယ်
ဦးနေလင်းထက် • ဖြေကြားချက် 1 ခု
ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပင််များအပွင့်ဝင်ချိန်မှ စတင်သေဆုံးရသည့် အကြောင်းအရင်းကို သိချင်ပါတယ်ခင်ဗျ
Nay L H • ဖြေကြားချက် 1 ခု
GW 11 ကြဲပြီးရက်မှ ရိတ်ချိန်အထိမြေဆီကြွေးပုံကြွေးနည်းလေးပြောပြပေးပါဗျ
Aye Chan Min • ဖြေကြားချက် 0 ခု
ဆရာကြီးခများ သဘာဝပိုးသတ်ဆေးကောင်းတာလမ်းညွန်ပေးပါခများ chemical ပိုးသတ်ဆေးတွေဈေးကြီးလို့ပါ
U Than Toe Aung • ဖြေကြားချက် 1 ခု
ဆရာတို့ ပုံမှာ ငရုတ်ပင်က ဘာဖြစ်တာလဲ ရောဂါလား ပိုးမွှားလား ပညာရှင်များဝေဖန်ပေးကျပါဦး
MgMinlwinsoe • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026