တိမ်တိုက်အချို့ဝင်လာမှုကြောင့်သာ ဒေသအချို့မိုးရွာခြင်းဖြစ်ပြီး ရေရှည်ရွာသွန်းမှုမရှိနိုင်

03/11/2022 16:09 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

လက်ရှိ ဒေသအချို့မှာ မိုးရွာသွန်းမှုဖြစ်နေတာဟာ အရှေ့ဘက်က တိမ်တိုက်အချို့ဝင်လာခြင်း ကြောင့်သာဖြစ်ပြီး တောင်တရုတ်ပင်လယ်က မုန်တိုင်းအရှိန်သက်ရောက်မှုမဟုတ်လို့ ရေရှည်ရွာသွန်း တာ၊ မိုးများတာမျိုးတွေ မဖြစ်နိုင်ဘူးလို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက်တွေကို ကိုးကား ခန့်မှန်းပေးနေသူ ဦးဝင်းနိုင်က ပြောပါတယ်။

“ ရုတ်တရက်ဖြစ်လာတတ်တဲ့ မိုးတိမ်တောင်တွေကြောင့် မိုးရွာတာတွေတော့ တခါတလေရှိနေနိုင် ပါမယ်။ အချိန်မကြာပေမဲ့ မိုးသည်းတတ်ပါတယ်။ "အချိန်အခါမဟုတ်မိုး" လို့ပဲ ပြောရမှာပါ” လို့ ဦးဝင်းနိုင်က သူ့ရဲ့ဖေ့စ်ဘွတ်အကောင့်ကနေ ပြောထားပါတယ်။

ဒါနဲ့ပတ်သက်လို့ လတ်တလော မိုးရွာသွန်းမှုတွေ ဘာကြောင့်ဖြစ်နေတာလဲ၊ တိမ်တိုက်တွေက ဘယ်ဒေသတွေကို ဝင်နေသလဲ၊ ဘယ်နေရာတွေမှာ မိုးရွာတာတွေ ဖြစ်နိုင်သလဲဆိုတာတွေကို ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

#လတ်တလောပေါ့။ ဥပမာ ရန်ကုန်လိုနေရာမျိုးမှာ ဒီနေ့မနက်ပိုင်း မိုးတွေရွာတာ ဘာကြောင့်ပါလဲ?  

“ မိုးတွေရွာတယ်ဆိုတာက အရှေ့ဘက်က တိမ်တိုက်သေးသေးလေးတွေ ဝင်လာလို့။ နည်းနည်းလေး ပါပဲ။ ဒါပေမဲ့ တချို့နေရာတွေမှာတော့ မိုးသည်းသွားနိုင်တယ်။ အခုလောလောဆယ်တော့ လေတိုက် ညွှန်းတွေအရလည်း လေက မြောက်ဘက်ကနေ တောင်ဘက်ကိုတိုက်နေပြီ။ မုန်တိုင်းကလည်း ဟောင် ကောင်ဘက်ကို ဖြတ်ဝင်ပြီးရင် ပင်လယ်ပြင်ကို ပြန်ဆင်းပြီး ပျောက်သွားတော့မှာ။ သူ့ရဲ့သက်ရောက်မှု က ဒီဘက်ကို လာပြီး သက်ရောက်ဖို့တော့မရှိဘူး။ မြောက်လေက အားပိုကောင်းနေတာကိုး” 

“ မနေ့ညက ၂ နာရီ ၃ နာရီလောက်တုန်းက အခြေအနေကို ကျွန်တော် ကြည့်လိုက်တော့ စစ်တောင်း မြစ်ဝပေါ်ကနေပြီးတော့ တိမ်တိုက်တစ်ခုဖြစ်တယ်။ သိပ်အကြီးကြီးတော့ မဟုတ်ဘူး။ ဖြစ်တော့ ခရမ်းတို့ဘာတို့ အပေါ်မှာရှိတယ်။ အခုလောလောဆယ် (ယနေ့ မွန်းလွဲပိုင်း) မှာဆိုရင်လည်း ဘိုကလေးမှာ တိမ်တိုက်တစ်ခု ရှိတယ်။ လပွတ္တာပေါ်မှာတစ်ခုရှိတယ်။ နောက် ကျိုက်လတ်နဲ့ဖျာပုံမှာ တစ်ခုရှိတယ်။ အဲ့ဒါတွေကြောင့် ကြိုတင် ခန့်မှန်းချက်တွေမှာ မတွေ့ဘဲနဲ့ မိုးရုတ်တရက်ရွာတာတွေက ဖြစ်တော့ဖြစ်နိုင်တာပေါ့” 

#အဲ့ဒီလို ရုတ်တရက်မိုးရွာသွန်းမှုတွေက ဘယ်ဒေသတွေမှာ ဖြစ်နိုင်သလဲ?

“ အဓိကကတော့ ဧရာဝတီမြစ်ဝကျွန်းပေါ်တွေမှာပဲ မိုးရုတ်တရက်ရွာတာတွေက ဖြစ်နိုင်တယ်။ ဥပမာဆိုရင် ဘိုကလေးဆိုရင် ၄ ရက်နေ့ညနေပိုင်းလောက်ဆို မိုးများများရွာနိုင်မယ့်အနေအထားတစ်ခု ထပ်ပြီးတော့ ဖြစ်တယ်။ ဒါပေမဲ့ မကြာဘူး။ ခဏလေးပဲ” 

“ နောက်ထပ် ၂၄ နာရီအတွင်း မိုးရွာနိုင်တဲ့ဒေသတွေဆိုရင်လည်း ဧရာဝတီတိုင်းတစ်ခုပဲများမယ်။ ဒါတောင် ဒသမ ၃၊ ၄ လက်မလောက်ပဲ။ စစ်တောင်းမြစ်ဟိုဘက်ခြမ်း ဒုံဝန်းတို့၊ သထုံတို့ဘက်မှာလည်း ဒသမ ၃၊ ၄ လောက်တော့ ရှိနိုင်တယ်”  

#မိုးများများရွာနိုင်တဲ့ ဒေသကောရှိနိုင်သေးလား? 

“ တိမ်တိုက်ကြီးကြီးဖြစ်တာနဲ့ မိုးပြင်းပြင်းထန်ထန် များများရွာနိုင်မယ့်အခြေအနေက မြောက်လတ္တီ တွဒ် ၁၀ ဒီဂရီအထိပဲရှိတော့တယ်။ အဲ့ဒါက ဘယ်နေရာကိုပြောတာလဲဆိုတော့ ကော့သောင်းပေါ်လို့ ပြောလို့ရတယ်။ ဆိုတော့ တနင်္သာရီတိုင်းတောင်ဘက်အစွန်းနေရာကလွဲလို့ရှိရင် ကျန်တဲ့နေရာတွေက မိုးများစရာမရှိတော့ဘူး”  

“ပြောရရင် တနင်္သာရီတိုင်းတောင်ဘက်အစွန်းရယ်၊ ဧရာဝတီတိုင်းရယ်၊ နောက်ပြီးတော့ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတောင်ဘက်ပေါ့နော်။ အဓိကကတော့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနဲ့ တနင်္သာရီကမ်းရိုးတန်း မြောက်ပိုင်းတွေပေါ့။ အဲ့ဒီနေရာတွေမှာတော့ မိုးရှိနိုင်တယ်။ အများကြီးတော့မဟုတ်ပါဘူး” 

Global Tropics Hazards Outlook (GTH)က အသစ်ထွက်လာတဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်း၊ အာရေဗျပင်လယ်တောင်ပိုင်းနဲ့ ပစိဖိတ်သမုဒ္ဒရာ အနောက်-အနောက်မြောက် ဘက်ပင်လယ်ပြင်တွေမှာ နိုဝင်ဘာလ ၉ ရက်မှ နိုဝင်ဘာလ ၁၅ ရက်ကာလအတွင်း မုန်တိုင်းဖြစ်နိုင်တဲ့ အခြေအနေက ၂၀% လောက်ပဲရှိပြီး ဖြစ်လာမယ်ဆိုရင်လည်း မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်ချေ မရှိ သလောက်ပဲဖြစ်မယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

Photos Crd_ U Win Naing

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်