လာမည့် ၃ ရက်အတွင်း မိုးများနိုင်၊ မိုးနည်းနိုင်မည့် ဒေသများ
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာဖြစ်နေတဲ့ အထက်လေဝဲစီးကြောင်း (Upper Air Cyclonic Circulation - UACC)ဟာ လက်ရှိအခြေ မှာတော့ လေဖိအားနည်းရပ်ဝန်းအဆင့်ထိ ဖြစ်လာနေပြီ ဖြစ်ပါတယ်။ အဲ့ဒီအရှိန်ကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ မိုးရွာသွန်းမှုတွေ ရှိလာမှာ ဖြစ်ပါတယ်။

အဲ့ဒီလို နိုင်ငံအနှံ့ မိုးရွာသွန်းနိုင်တဲ့အခြေအနေတွေရှိတဲ့ထဲကမှ လာမယ့် ၂ ရက်ကနေ ၃ ရက်အတွင်း (စက်တင်ဘာ ၂၁ ရက်ထိ) မိုးများနိုင်၊ မိုးနည်းနိုင်တဲ့ ဒေသတွေကို နိုင်ငံတကာ မိုးလေဝသ အခြေအနေများ စောင့်ကြည့်ခန့်မှန်းသူ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။
လက်ရှိ မိုးလေဝသ ထူးခြားအခြေအနေ

" အခု (စက်တင်ဘာ ၁၉ ရက်) နေ့လယ် ၁ နာရီမှာ INVEST 91B က UACC (အထက်လေဝဲစီးကြောင်း) ဖြစ်သွားပြီး အခု အောက်လေစီးကြောင်းတွေနဲ့ဆက်သွားပြီ။ ဆက်သွားပြီး ဗဟိုဖိအား ၁၀၀၂ ဟက်တိုပါစကယ်ထိ ကျလာတယ်။ လေတိုက်နှုန်းကလည်း တစ်နာရီ မိုင် ၃၀ ထိ ဖြစ်လာတယ်ဆိုတော့ ဒီမှာမြင်နေရတဲ့ အနေ အထားကတော့ လေဖိအားနည်းရပ်ဝန်းလို့တောင် သတ်မှတ်လို့ရနေပြီ။ သူက အနောက်ဘက် ဆက်ရွေ့မယ်။ ဩရိဿကမ်းခြေကို ဖြတ်ပြီးတော့ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအနေနဲ့ ဆက်သွားမယ်။ ပြီးရင် မနက်ဖြန် ၂၀ ညနေပိုင်းကျရင် ဗဟိုဖိအားက ၉၉၉ ဟက်တိုပါစကယ်ထိ ကျလာတယ်။ ဒါဆိုတော်တော်ကျလာတောပါ့။ နောက်ပြီး လေတိုက်နှုန်းကလည်း တစ်နာရီ ၃၅ မိုင်ထိ ရှိလာတဲ့အခါကျတော့ ဒါ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းလို့ သတ်မှတ်လို့ ရနေပြီ"
" အဲ့တော့ အဲ့ဒီအခြေအနေကနေ ဗမာပြည်ဘက်မှာကျတော့ တိမ်က တစ်နိုင်ငံလုံးမှာ ဖုံးလာတာ တွေ့ရတယ်။ ဒီလိုအခြေအနေကြောင့် လာမယ့် နောက် ၂ ရက်ကနေ ၃ ရက်အတွင်း မိုးရွာနိုင်ချေကတော့ မြန်မာတစ်နိုင်ငံလုံးမှာတော့ နေရာလပ်မကျန် မိုးကတော့ ရွာနေမှာ။ အနည်းအများပဲ ကွာမယ်"
ဘယ်နေရာတွေမှာ မိုးတွေရွာနိုင်တာလဲ
" မိုးအနည်းအများကတော့ ဘယ်လိုတွေကွာသွားနိုင်လဲဆိုတော့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် တောင်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမြောက်ပိုင်းတွေမှာ နေရာကွက်မိုးများနိုင်တယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေအပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာကတော့ စက်တင်ဘာလကုန်ထိ မိုးဆက်ရွာနေနိုင်တယ်"
ထူးထူးခြားခြား မိုးများနိုင်၊ နည်းနိုင်တာက ဘယ်ဒေသတွေလဲ

" လာမယ့် ၃ ရက်အတွင်း ထူးထူးခြားခြား မိုးများနိုင်တာဆိုရင်တော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ပဲ။ နောက်တစ်ခုက စစ်တောင်းမြစ်ဝှမ်းပေါ်က ညောင်လေးပင်ဝန်းကျင်။ အဲ့နေရာတွေလောက်ပဲများမယ်။ နောက်တစ်ခုက မိုးများနေကျ ကချင်ပြည်နယ်မြောက်ဖျား ဟိုး ဆွမ်ပရာဘွမ်အထက်ထိ မိုးများနိုင်တယ်။ ကျန်တဲ့နေရာ တွေကတော့ နေရာကွက်ပဲမိုးများနိုင်မယ်။ မိုးရွာတာ နည်းနိုင်တာကတော့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းပေါ့။ မန္တလေးမြို့ပတ်ဝန်းကျင်၊ စစ်ကိုင်းမြို့ပတ်ဝန်းကျင်ပေါ့"
" ဘာလို့လဲဆိုရင် မန္တလေး၊ တံတားဦးလိုနေရာမျိုးဆိုရင် နေ့အပူချိန်ကမြင့်နေတယ်။ Dew point (ငွေ့ရည်ဖွဲ့မှတ်) က ကျနေတယ်။ ဆိုတော့ ညနေပိုင်း အပူချိန်လျော့သွားတဲ့အချိန်ကျတော့မှ မိုးဖွားလေးတွေကျရာကနေ တဖြည်းဖြည်းနဲ့ Dew point နဲ့ သွားကိုက်၊ တိမ်လည်းဝင်လာမှ တောက်လျှောက်ရွာနိုင်မှာ"
Photos Crd_U Win Naing FB - https://www.facebook.com/uwinnaing
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ဦးဝင်းခိုင်ဦး
လွန်ခဲ့သော ၄ နှစ် က၃ရက်ရွာမယ်ဆရာ
arjun
လွန်ခဲ့သော ၄ နှစ် ကမနက်ဖြန်ရွာမလာမိုး
ဆက်စပ်ဆောင်းပါးများ
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
ဆက်စပ်မေးခွန်းများ
စမုံနက်နှမ်းမျိုးက ဆောင်းမှာစိုက်လို့ရလား
Khing Hein • ဖြေကြားချက် 1 ခု
ရက်၉၀စပါးပျိုးထောင်စိုက်လို့ရပါသလားဘယ်လိုစိုက်ရသလဲသိခြင်ပါတယ်
ဦးရွှေပြည်စိုး • ဖြေကြားချက် 1 ခု
ဆောင်မှာစိုက်မှာမိုး ဘယ်နှမ်းမျိုတွေစိုက်ရင်ကောင်မလည်ခင်များ ပြောပေပါအုံးခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
မြေပဲ မိုးဦးကျစိုက်ရင် မြေပဲတေက ပဲ၀မ်းကျဖြစ်နေလို့ အဆေ့တေက စမ်းပဲမဟုတ်ပဲနဲ့ နီကျောင်ကျောင်တေ ၊ဆောင်းပဲကျ ပုံမှန်ပဲ ဘာပြုလို့လဲ
နံပတ်2 • ဖြေကြားချက် 3 ခု
အပင်တေသေတယ်ပိုးကောင်နဲ့ခြတေဘယ်လိုလုပ်ရမလည်း အပင်အားကောင်းဆေးမသိ
ကိုရဲကို • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026