တစ်ပတ်အတွင်း မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက် (ဇွန် ၈ - ၁၄ )

08/06/2022 17:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား
  • ကပ္ပလီပင်လယ်၊ ဘင်္ဂလားပင်လယ်အော်တွေမှာ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်ပေါ်နိုင်မယ့် အခြေအနေမရှိ။
  • မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ ရွာသွန်းမြဲမိုးရေချိန်အောက်သာ ရှိနေနိုင်ပြီး နေ့အပူချိန်များ ဆက်လက်မြင့်တက်နိုင်
  • နောက် ရက်အတွင်း အလယ်ပိုင်းဒေသများ၊ ချင်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာ မိုးအားလျော့နည်းနိုင်

ရာသီဥတု ကြိုတင်ခန့်မှန်းမှာ လာနီညာဖြစ်စဉ်ဆက်လက်ဖြစ်ပေါ်နေဆဲ အခြေအနေအရ အာရှတိုက်အရှေ့ပိုင်းနဲ့ ထိုင်ဝမ်မြောက်ပိုင်းဒေသတွေမှာ နေရာအနှံ့အပြားမိုးရွာသွန်းနိုင်ခြေ ဆက်လက်ရှိနေပေမဲ့ တောင်အာရှဒေသတွေအတွက်တော့ မုတ်သုံလေအားလျော့ကျနေနိုင်မှာဖြစ်ကြောင်း၊ တောင်တရုတ်ပင်လယ်၊ ကပ္ပလီပင်လယ်၊ ဘင်္ဂလားပင်လယ်အော်နဲ့ အာရေဗျပင်လယ်ပြင်တွေမှာ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်ပေါ်နိုင်မယ့် အခြေအနေမရှိသေးကြောင်းလည်း ခန့်မှန်းချက်မှာ တွေ့ရပါတယ်။

 

မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေ (နေပြည်တော်ကနေ အောက်ပိုင်းတစ်လျှောက်) မှာလည်း ဇွန်လ ၁၅ ရက်မှ ၂၁ ရက် - ရက်သတ္တပတ်တစ်ပတ်အတွင်း ရွာသွန်းမြဲမိုးရေချိန်ရဲ့ ၃ ပုံ ၁ ပုံခန့်သာ ရွာသွန်းနိုင်ဖွယ်ရှိပြီး တစ်နိုင်ငံလုံးရဲ့ နေ့အပူချိန်များ ဆက်လက်မြင့်မားနေဦးမယ့် အခြေအနေရှိကြောင်း ၊ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာတော့ ဇွန်လ ၁၄ ရက်နောက်ပိုင်းမှ ပုံမှန်ရွာသွန်းမြဲ မိုးရေချိန်ပြည့်မီအောင် ရွာသွန်းနိုင်မှာဖြစ်ကြောင်း ခန့်မှန်းချက်ရှိတာကို တွေ့ရပါတယ်။

 

နောက် ၃ ရက်အတွင်းမှာ အလယ်ပိုင်းဒေသများ၊ ချင်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာ မိုးအားလျော့နည်းနေပြီး ကျန်ပြည်နယ်နဲ့ တိုင်းဒေသတွေမှာတော့ နေရာကွက်ပြီး မိုးကြီးနေဦးမယ်လို့လည်း ECMWF ကြိုတင်ခန့်မှန်းပုံမှာ တွေ့ရပါတယ်။

အလယ်ပိုင်းဒေသတွေက အပူချိန်တွေတက်လာတယ်။ ကျွန်တော် ဆားလင်းကြီးကို ဗဟိုထားပြီး အပူချိန်ကြည့်တဲ့အခါကျတော့ အလယ်ပိုင်း မိုးနည်းရေရှားဒေသပေါ့။ အဲ့ဒီနေရာတွေမှာက နေ့အပူချိန်တွေက ၃၇ ဒီဂရီထိ မြင့်လာတာတွေ့တယ်" 


 

ကိုကိုးကျွန်းလေတိုက်နှုန်းအခြေအနေကို သွားပြီးလေ့လာတဲ့အခါကျတော့ ဇွန် ၁၂ ရက်နောက်ပိုင်းမှာ လေတိုက်နှုန်းကျသွားတယ်။ ဆိုတော့ ကိုကိုးကျွန်းမှာ လေအားလျော့သွားတဲ့အခါမှာ အလယ်ပိုင်းတွေမှာက နေ့အပူချိန်တွေ တက်လာမယ် 

 

အရှေ့ဘက်ကဝင်မယ့်တိမ်တိုက်အနေအထားက ဘယ်လိုဖြစ်မလဲတော့ မသိသေးဘူး။ အဲ့ဒီတစ်ချက်တော့ စောင့်ကြည့်ရမယ်။ ဒါလည်း ပြောလို့တော့မရဘူး။ အဲ့ဒီတိမ်တိုက်အနေအထားက အခုလောလော ဆယ်ကို ဗီယက်နမ်ပင်လယ်ကွေ့ပေါ့နော်။ ဟိုင်နန်ကျွန်း ပတ်ဝန်းကျင်မှာ တိမ်တိုက်ကြီးတွေဖြစ်ပြီးတော့ ကျွန်တော်တို့ ဒီဘက်ကို ရွေ့နေတဲ့ အနေ အထားရှိတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်း၊ လာအိုနဲ့ ဗီယက်နမ်မြောက်ပိုင်းကို ဖြတ်ပြီးတော့ပေါ့နော်။ အဲ့ဒီတိမ်တိုက်တွေ ဝင်လာမယ့်အနေအထားမျိုး တောက်လျှောက်ဖြစ်နေမယ်ဆိုရင် တော့ အလယ်ပိုင်းဒေသတွေ အပူချိန်ပြန်ကျမယ်။ မိုးရွာနိုင်တဲ့အနေအထားမျိုးတော့ဖြစ်မယ် "

 

( NOAA Climate Prediction Center ရဲ့ Global Tropics Hazards and Benefits Outlook Discussion ၏ ကြိုတင်ခန့်မှန်းချက်အပါအဝင် နိုင်ငံတကာမိုးလေဝသကြိုတင်ခန့်မှန်းချက်များကို ကိုးကားပြီး အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်သုံးသပ်သူ ဦးဝင်းနိုင်၏ ကြိုတင်ခန့်မှန်းချက်ဖြစ်ပါသည်။)

Photo Crd - Win Naing FB

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်