ကမ္ဘာကြီး ရင်ဆိုင်ကြုံတွေ့ရတော့မည့် ဒုဗ္ဘိက္ခန္တရကပ် (၂)

27/05/2022 15:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

အပိုင်း(၁) ကိုတော့ ဒီလင့် https://greenwaymyanmar.com/posts/Food_Catastrophe ကနေ အရင်ဖတ်နိုင်ပါတယ်။

နိုင်ငံရေးသမားတွေရဲ့ အကြောက်လွန်တုံ့ပြန်မှုတွေကလည်း အခြေအနေကို ပိုပြီး ဆိုးရွားသွားစေနိုင်ပါတယ်။ စစ်ပွဲ စဖြစ်ပြီးနောက်ပိုင်း ကာဇက်စတန်ကနေ ကူဝိတ်အထိ နိုင်ငံပေါင်း ၂၃ နိုင်ငံဟာ အစားအသောက်တင်ပို့မှုအပေါ် တင်းတင်းကျပ်ကျပ် ပိတ်ပင်ခဲ့ကြတယ်။ ဒါဟာ တစ်ကမ္ဘာလုံးမှာ ကုန်သွယ်ဖောက်ကားနေတဲ့ ကယ်လိုရီပမာဏရဲ့ ၁၀ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။ ဓာတ်မြေသြဇာတင်ပို့မှုအားလုံးရဲ့ ငါးပုံတစ်ပုံကျော်ဟာလည်း ကန့်သတ်ခံလိုက်ရသလို ဖြစ်သွားတယ်။ ကုန်သွယ်မှုတွေ ရပ်တန့်သွားပြီဆိုရင်တော့ ငတ်မွတ်မှုဘေးကြီး ကျိန်းသေဆိုက်ရောက်လာတော့မှာပါ။

ဒီအဖြစ်သနစ်တွေကနေ အပြစ်ဖို့ပွဲဆီ ဦးတည်နေပါတယ်။ အနောက်အုပ်စုဟာ မစ္စတာပူတင်ကို ကျူးကျော်စစ်ပြုမှုအတွက် ပြစ်တင်ရှုတ်ချပြီး ရုရှားဘက်ကလည်း အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုကို ပြစ်တင်မောင်းမဲနေပါတယ်။ တကယ်တမ်း အရင်းစစ်ကြည့်ရင်တော့ ဒီပြတ်တောက်မှုတွေဟာ မစ္စတာပူတင်ကျူးကျော်စစ်ရဲ့ အကျိုးရလဒ် တွေပါ။ နောက်ဆက်တွဲ ပိတ်ဆို့မှုတချို့က အခြေအနေကို ပိုမို ဆိုးရွားသွားစေခဲ့တာပါ။ ဒီ သူ့အပြစ်တင် ကိုယ့်အပြစ်တင်အခြေအနေဟာ တုံဏိဘာဝေ နေကြဖို့အတွက် ဆင်ခြေတစ်ခု အလွယ်တကူ ဖြစ်လာနိုင်ပါတယ်။ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ လူပေါင်းများစွာ ငတ်မွတ်လာကြတော့မယ်။ တချို့တွေ သေကြေပျက်စီးရတော့မယ်။

အဲဒီလို အဖြစ်ခံမယ့်အစား နိုင်ငံတွေ အတူတကွ လက်တွဲဖြေရှင်းဖို့ လိုပြီး ဈေးကွက်တွေကို ပြန်ဖွင့်ပေးကြရမယ်။ ကမ္ဘာ့စားအုန်းဆီ ၆၀ ရာခိုင်နှုန်း ထုတ်လုပ်နေတဲ့ အင်ဒိုနီးရှားဆိုရင် ဒီအပတ်ထဲမှာ စားအုန်းဆီယာယီပိတ်ပင်မှုကို ဖယ်ရှားပေးလိုက်တယ်။ ဥရောပအနေနဲ့လည်း ယူကရိန်းက သီးနှံတွေကို ရထားလမ်း၊ ကားလမ်းတွေကတစ်ဆင့် ရိုမေးနီးယား ဒါမှမဟုတ် ဘောလ်တစ်ဒေသဆိပ်ကမ်းတွေဆီ တင်ပို့နိုင်အောင် ကူညီရမယ်။ အဲဒီလမ်းကြောင်းကနေလည်း အများဆုံး တင်ပို့နိုင်ရင်တောင် ယူကရိန်းထုတ်လုပ်သမျှရဲ့ ၂၀ ရာခိုင်နှုန်းသာ ရှိမယ်လို့တော့ ခန့်မှန်းထားကြတယ်။ 

နောက်ပြီး သီးနှံသွင်းကုန်အပေါ် အားပြုနေရတဲ့ နိုင်ငံတွေကို ငွေကြေး အထောက်အပံ့ ပေးအပ်ရမယ်။ အရေးပေါ် ရိက္ခာ သီးနှံတွေဟာလည်း အနွမ်းပါးဆုံးသူတွေဆီ ရောက်ရှိဖို့လိုတယ်။ ဒါ့အပြင် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF) ကတစ်ဆင့် ဖြစ်ဖြစ် သွင်းကုန်ငွေ‌ကြေးအထောက်အပံ့တွေ ပံ့ပိုးနိုင်မယ်ဆိုရင်တော့ အလှူရှင်တွေရဲ့ငွေကြေးဟာ ပိုပြီး အရာရောက်ပါလိမ့်မယ်။ ကြွေးမြီဖြေလျှော့မှုတွေဟာလည်း အရေးပါတဲ့ ငွေကြေးအရင်းအမြစ်တွေကို သုံးသာစွဲသာဖြစ်အောင် ထောက်ကူပေးနိုင်ပါတယ်။

လက်ရှိလိုအပ်ချက်တွေကို အစားထိုးဖြည့်ဆည်းနိုင်စရာ အတိုင်းအတာတစ်ခုတော့ ရှိပါတယ်။ လက်ရှိမှာ ကောက်ပဲသီးနှံ အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းကို ဇီဝလောင်စာဆီ ထုတ်လုပ်ရာမှာ သုံးနေတာပါ။ ဟင်းသီးဟင်းရွက်ဆီ ၁၈ ရာခိုင်နှုန်းကိုလည်း ဇီဝဒီဇယ်ဆီ ထုတ်ရာမှာ အသုံးပြုနေတာပါ။ ဖင်လန်နဲ့ ခရိုအေးရှားနိုင်ငံတို့ကတော့ စက်သုံးဆီထဲမှာ အသီးအနှံကနေ ထုတ်တဲ့ လောင်စာဆီ အချိုးအစားတစ်ခု ပါရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကို ဖြေလျှော့လာပါပြီ။ အခြားနိုင်ငံများလည်း သူတို့ရဲ့ ရှေ့ဆောင်လမ်းပြမှုနောက် လိုက်ပါသင့်ပါတယ်။ နောက်ပြီး ကောက်ပဲသီးနှံ ပမာဏများစွာကို တိရစ္ဆာန်စာအတွက် အသုံးပြုနေကြရတယ်။ ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ ထုတ်ပြန်ချက်အရ ကျွဲနွားစာအခြောက်ရဲ့ ၁၃ ရာခိုင်နှုန်းကို ကောက်ပဲသီးနှံနဲ့ လုပ်ထားတာလို့ သိရပါတယ်။ ၂၀၂၁ ခုနှစ်ထဲမှာ တရုတ်က ဝက်စာအတွက် ပြောင်းတန်ချိန် ၂၈ သန်း တင်သွင်းခဲ့ပြီး ဒါဟာ ယူကရိန်းနိုင်ငံရဲ့ တစ်နှစ်အတွင်း တင်ပို့မှုထက်တောင် ပိုများတဲ့ပမာဏပါ။

ချက်ချင်းလက်ငင်း သက်သာချောင်ချိမှု ရလာနိုင်စေတာကတော့ ပင်လယ်နက်ဒေသ ဆိပ်ကမ်းပိတ်ဆို့မှုကို ရှင်းလင်းလိုက်ခြင်းပါပဲ။ အကြမ်းဖျင်းခန့်မှန်းခြေအားဖြင့် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံက လူတွေအားလုံး တစ်နှစ်တာ စားလောက်တဲ့ ပြောင်းနဲ့ ဂျုံ တန်ချိန် ၂၅ သန်းလောက်ဟာ ယူကရိန်းနိုင်ငံထဲမှာ ပိတ်မိနေပါတယ်။ အဲဒီသီးနှံတွေကို နိုင်ငံ သုံးနိုင်ငံက နေရာမှန်ရောက်အောင် ထုတ်ပေးနိုင်စွမ်းရှိပါတယ်။ ရုရှားဟာ ယူကရိန်းရဲ့ သင်္ဘောတင်ကုန်ပို့လုပ်ငန်းကို ဖွင့်ပေးရမယ်။ ယူကရိန်းက အိုဒက်ဆာ ဆိပ်ကမ်း ချဉ်းကမ်းလမ်းတွေမှာ မိုင်းတွေ ရှင်းလင်းပေးရမယ်။ တူကရီနိုင်ငံက ဘော့စဖရပ်ရေလက်ကြားကတစ်ဆင့် အစောင့်အကြပ်ရေယာဉ်စုတွေကို သွားလာခွင့်ပြုပေးရပါမယ်။

ဒီကိစ္စက လွယ်တော့ မလွယ်ကူပါဘူး။ စစ်မြေပြင်မှာ ထင်တိုင်းမပေါက် ဖြစ်နေတဲ့ ရုရှားဟာ ယူကရိန်း စီးပွားရေးကို နှိပ်ကွပ်ဖို့ ကြိုးစားနေတာဖြစ်တယ်။ ယူကရိန်းကလည်း မိုင်းတွေကို ရှင်းလင်းပေးဖို့ ဆန္ဒမရှိ ဖြစ်နေတယ်။ သူတို့တွေ မာန်လျှော့လာဖို့ သိမ်းသွင်းရမှာက စစ်ပွဲထဲ မပါဝင်တဲ့ အိန္ဒိယ၊ တရုတ်တို့လို နိုင်ငံတွေရဲ့ တာဝန်ဖြစ်တယ်။ အဲဒီ ဖျန်ဖြေရေးခေါင်းဆောင်တွေ လာမယ်ဆိုရင်လည်း အစောင့်အရှောက် ရေယာဉ်စုတွေ ဘော့စဖရပ်ရေလက်ကြားက ဖြစ်သန်းလာရမှာ ဖြစ်ပါတယ်။ ချိနဲ့နဲ့ ကမ္ဘာကို အလျင်မီအောင် ကျွေးမွေးဖို့က အားလုံးရဲ့ တာဝန်သာပါပဲ။

ဝေယံဟိန်း (B.Ag)

Ref: The food catastrophe - The Economist

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်