COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

13/04/2020 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၁၃-၄-၂၀၂၀) ရက်နေ့၊ နံနက်(၀၀:၃၀) နာရီ 

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၁၂-၄-၂၀၂၀) ရက်နေ့၊ ည ဓာတ်ခွဲစစ်ဆေးမှုများအရ စောင့်ကြည့်လူနာများ၊ ဆေးရုံများနှင့် သက်ဆိုင်ရာနေရာများတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုခံနေသူများ စုစုပေါင်း (၂၇၈)ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ရာ ဇယား (၁) ၌ ဖော်ပြထားရှိသော လူနာ (၂) ဦးနှင့် (၁၂-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ဖော်ပြထားရှိသော လူနာ (၁) ဦး၊ စုစုပေါင်း (၃) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာများနှင့် စောင့်ကြပ် ကြည့်ရှုမှုခံနေသူ (၂၇၅) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိ ရပါသည်။ 

၂။ ဓာတ်ခွဲအတည်ပြုလူနာ (Case-040) သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် နေထိုင်သော အသက် (၆၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ (Case-08) နှင့် (Case-028) တို့နှင့်အတူနေမိသားစုဝင်များဖြစ်ပါသည်။ (Case-08) အား ဓာတ်ခွဲအတည်ပြု လူနာအဖြစ် သတ်မှတ်ခဲ့ပြီးနောက် လူနာမှာ (၂၈-၃-၂၀၂၀) ရက်နေ့တွင် (Case-028) နှင့်အတူ နေအိမ်၌ အသွားအလာကန့်သတ်ခြင်းပြုလုပ်ထားရှိပါသည်။ အဆိုပါလူနာအား (၉-၄-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ပြီး ယင်းနေ့တွင်ပင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) ၏ ဓာတ်ခွဲအဖြေအရ ရောဂါပိုးမတွေ့ရှိရကြောင်း သိရှိရပါသည်။ သို့သော်လည်း လူနာမှာ မောခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် (၁၂-၄-၂၀၂၀) ရက်နေ့တွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့သွားရောက်ပြသခဲ့ရာ ၎င်းအားစောင့်ကြည့် လူနာအဖြစ်သတ်မှတ်၍ ဓာတ်ခွဲနမူနာထပ်မံရယူစစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါလူနာတွင် သွေးတိုးရောဂါနှင့် နာတာရှည်ကျောက်ကပ်ရောဂါအခံများရှိကြောင်း သိရှိရပါသည်။

၃။ ဓာတ်ခွဲအတည်ပြုလူနာ (Case-041) သည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် နေထိုင်သော အသက် (၃၈) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး (၆-၄-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ နုံးချိခြင်းစသော လက္ခဏာများ ခံစားခဲ့ရသော်လည်း ရောဂါလက္ခဏာမှာ ပြင်းထန်ခြင်းမရှိသဖြင့် ဆေးရုံသို့ သွားရောက်ပြသ ခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။ အဆိုပါလူနာသည် (Case-024)၊ (Case-034)၊ (Case-035)၊ (Case-036) နှင့် (Case-037) တို့နှင့် ဘာသာရေးအခမ်းအနား အတူတက်ရောက်ခဲ့ဖူးသည့် ရာဇဝင်ရှိ ကြောင်း သိရှိရပါသည်။ လူနာသည် (၁၂-၄-၂၀၂၀)ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်းစသော လက္ခဏာများထပ်မံခံစားခဲ့ရသဖြင့် အင်းစိန်ပြည်သူ့ဆေးရုံကြီး သို့ သွားရောက်ပြသခဲ့ရာ ၎င်းအား စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ ဓာတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်း ကုသရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၄။ ယခုအခါ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၂-၄-၂၀၂၀)ရက်နေ့၊ ည (၁၂:၀၀)နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၄၁) ဦး တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။

၅။ သို့ဖြစ်ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် (၃)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၂၇)ဦး၊ ရှမ်း ပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး တွင် လူနာ (၁)ဦး၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁)ဦးနှင့် မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီးတွင် လူနာ (၁)ဦး၊ စုစုပေါင်း (၃၄)ဦး တို့ဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေ မှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၁) ဦးအား အထူးကြပ်မတ် ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိပါသည်။

၆။ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရှာဖွေစုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ခြင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထုအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း တိုက်တွန်းအပ်ပါ သည်။

၇။ လတ်တလော ထပ်မံထုတ်ပြန်ရန် ဓာတ်ခွဲအဖြေသတင်းများမရှိတော့ပါ။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်