COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

07/04/2020 10:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၆-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါရှာဖွေ၍ ထိရောက်စွာကုသမှုပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့မှုရှိခဲ့သူများအား ရှာဖွေဖော်ထုတ်၍ အသွားအလာကန့်သတ်ခြင်း၊ လိုအပ်ပါကဆေးရုံတက်ရောက်ကုသမှုခံယူနိုင်စေရေးဆောင်ရွက်ခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့များ၊ အခြားဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍သတင်းရယူခြင်း၊ အသွားအလာ ကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုမှ သတင်းမှန်များရရှိနိုင်ရေး အတွက်နေ့စဉ် သတင်းထုတ်ပြန်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

၂။ (၅-၄-၂၀၂၀)ရက်နေ့၊ ညနေ(၆)နာရီမှ (၆-၄-၂၀၂၀)ရက်နေ့၊ ညနေ(၆)နာရီအထိ စောင့်ကြည့်လူနာအသစ် (၃၁) ဦး ရှိပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၆-၄-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသောသူ (၄၆) ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသောသူ (၁) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုးတွေ့ရှိ (တွေ့ရှိ) ရပြီး ကျန် (၄၅) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးမရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာ (Case-022) သည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် တွင် နေထိုင်သည့် အသက် (၅၁)နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးဖြစ်ပြီး ဓာတ်ခွဲ အတည်ပြုလူနာ (Case-021)နှင့် အတူ (၂၄-၃-၂၀၂၀) ရက်နေ့တွင် အမေရိကန်နိုင်ငံမှ ကိုရီးယားသမ္မတနိုင်ငံသို့ လေကြောင်းလိုင်းဖြင့်ထွက်ခွာခဲ့ကာ ကိုရီးယား သမ္မတနိုင်ငံ မှတစ်ဆင့် ထိုင်းနိုင်ငံသို့ (၂၅-၃-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် ရောက်ရှိခဲ့ပါသည်။ ထိုင်းနိုင်ငံမှ တစ်ဆင့် (၂၆-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပြီး ဗိုလ် တစ်ထောင်မြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် အသွားအလာကန့်သတ်ခြင်း ဆောင်ရွက်ထားရှိစဉ် ဓာတ်ခွဲအတည်ပြုလူနာ (Case-021)နှင့် အတူ တစ်ခန်းထဲတွင် နေထိုင်ခဲ့သူဖြစ်ပါသည်။ အဆိုပါ အမျိုးသမီးအား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်း၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ လူနာ၏ လတ်တလောကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

၅။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၁)ဦးအနက် ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ ဆေးရုံတွင် လူနာ(၁)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ(၁၂)ဦးနှင့် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင်လူနာ(၁)ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင်လူနာ(၁)ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့တွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ (၁)ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့တွင် ပြည်သူ့ဆေးရုံ၊ ပေါက်ခေါင်းမြို့မှ ပြောင်းရွှေ့လူနာ(၃)ဦး၊ စုစုပေါင်း (၁၉)ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါ သည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၁) ဦးနှင့် ပြည်မြို့ပြည်သူ့ဆေးရုံကြီးမှ လူနာ(၁)ဦးတို့ အား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ဆေးကုသမှု ပေးလျက်ရှိပါသည်။

၆။ ယခုအခါ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၆-၄-၂၀၂၀)ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၂)ဦး တွေ့ရှိလာရပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး ပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိမိသာမက မိမိ၏ မိသားစုနှင့်ပတ်ဝန်းကျင်မှ လူများအတွက်ပါ ရောဂါကူးစက်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက် ပေးနိုင်ကြပါရန် နှိုးဆော်အပ်ပါသည်။

အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန

 

 (ယခုသတင်းက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်