ဝက်ငယ်တွေသားခွဲဖို့သိထားသင့်တဲ့ အချက်များ

28/02/2022 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဝက်ငယ်တွေရဲ့ အဟာရလိုအပ်ချက်က နို့ပေါ်မှာ မီခိုမနေတဲ့အတွက် အစာလုံလုံရရှိပါက သားခွဲပေးနိုင်ပါတယ်။ ဒါပေမဲ့ မိခင်နဲ့ သားသမီးရဲ့ သံယောဇဥ်ကြောင့် စိတ်ဖိစီးမှုတွေကြုံရနိုင်ပါတယ်။ စောစောသားခွဲလေ ဝက်ငယ်လေးတွေ ပိုခံစားရလေဘဲဖြစ်ပါတယ်။ အာဟာရဖိစီးမှုက ရုတ်တရက် နို့ဖြတ်ခြင်းနဲ့ ဆက်စပ်မှုရှိနေပါတယ်။ ဝက်ငယ်အသက်ငယ်လေ နို့မှရတဲ့ အာဟာရက အရေးကြီးလေပါ။ ဒါဆို ဝက်ငယ်တွေသားခွဲစဥ် စိတ်ဖိစီးမှု နည်းစေရန် အောက်ပါအချက်တွေကို လုပ်ဆောင်သင့်ပါတယ်။

(၁) ရာသီဥတုပူတဲ့ ပတ်ဝန်းကျင်မှာ (၇)ပတ်သား ရောက်မှ သားခွဲသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဝက်ခြံမှာ နည်းပညာမပြည့်စုံခြင်း၊ နို့မှုန့်ဈေးကြီးတဲ့ အတွက် ဝက်ငယ်စာထောက်ပံ့ဖို့ခဲယဥ်းခြင်းနဲ့ အစာတောင့် ပြုလုပ်ရန် မဖြစ်နိုင်အတွက်ကြောင့်ပါ။ ဒီပြဿနာတွေမရှိဘူးဆိုရင်တော့ ၅ပတ်သားအရွယ်ထဲကစပြီး ဂရုတစိုက်နဲ့ သားခွဲပေးနိုင်ပါတယ်။

(၂) သားခွဲရာမှာ ဝက်မကြီးကို လှောင်အိမ်ထဲကနေဖယ်ပေးလိုက်ခြင်းဖြင့် သားခွဲနိုင်ပါတယ်။ ဝက်ငယ်တွေကို ခြံထဲမှာ ၁ပတ်လောက်ထားပေးရမယ်။ ပထမဆုံး ၂ရက်ကတော့ အစာစားနှုန်း အတူတူဘဲဖြစ်တဲ့အတွက် ၃ရက်မြောက်နေ့မှာ ဝက်ငယ်စာနဲ့ ဝက်လတ်စာ ကိုရောကျွေးရပါမယ်။ နေ့စဥ် ဝက်လတ်စာကို တိုးကျွေးနေပြီးတော့ တစ်ပတ်အကြာမှာ ဝက်ငယ်တွေကို ဝက်လတ်ခြံထဲကို ပြောင်းထည့်ပေးရပါမယ်။

(၃) ဝက်လှောင်အိမ်ကို ဝက်ငယ်တွေမထည့်ခင် ၁၅ရက်ခန့်ဘားမှမထည့်ဘဲ သန့်ရှင်းရေးပြုလုပ် ထားရ  

ပါမယ်။

သမပိုင်းဒေသတွေမှာ တစ်ခါတစ်ရံ အသက်(၃)ပတ်မှာ သားခွဲပေမယ့် အပူပိုင်းဒေသထဲမှာတော့ ထည့်သွင်းစဥ်းစားခြင်းမရှိပါ။ ၃ပတ်မှာ သားခွဲမယ်ဆိုရင် အမြင့်ဆုံးအရည်အသွေးရှိတဲ့ နို့အစားထိုးပစ္စည်းတွေလိုအပ်ပါတယ်။

နို့ပေးကာလကြာရှည်ခြင်းက နှစ်စဥ်ဝက်ငယ်သားခွဲ ကောင်ရေကို နည်းစေပါတယ်။ ဒီလိုဖြစ်ရခြင်းက နည်းပညာအသစ်များကို အသုံးချမှုနည်းခြင်းနဲ့လည်းဆက်စပ်မှု ရှိပါတယ်။

အပူပိုင်းဒေသမှာ အသက်ငယ်ငယ်နဲ့ သားခွဲပေးခြင်းက ကြီးထွားမှုကို နှေးစေပြီးသေနှုန်းနဲ့ ရောဂါကူးစက်မှုနှုန်းတို့ကိုပါ မြင့်မားစေပါတယ်။

Ref; စိုက်ပျိုးပညာပေးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းမှထုတ်ဝေတဲ့ ခေတ်မီ မွေးမြူရေး နည်းပညာများ စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်