ရာသီစာဟင်းတစ်ခွက် မျှစ်ချက်
ခုလိုရာသီမှာဆိုရင်တော့ မျှစ်က ဒေသတိုင်းလိုလိုမှာ ပေါပေါများများရနေပီဖြစ်တဲ့ ရာသီစာပါ။ စာရေးသူတို့ဘက်မှာတော့ လတ်လတ်ဆတ်ဆတ်ရတဲ့မျှစ်ကို ပုံစံမျိုးစုံလုပ်စားဖြစ်ကြပါတယ်။ မျှစ်ဖျားပြုတ်တို့စရာ၊ မျှစ်စိမ်းရခိုင်ချက်၊ မျှစ်ကြော်၊ မျှစ်သုတ် စုံလို့ပါပဲ။ မိုးအေးအေးမှာ မျှစ်ရခိုင်ချက်စပ်စပ်လေးနဲ့ စားလိုက်ရရင်ကို မြိန်လို့ပါ။ အဲ့တော့ မျိုးစုံလုပ်စားလို့ရတဲ့အထဲမှ ဒေသချက်မျှစ်ရခိုင်ချက်နည်းလေးကို ပြောပြပေးပါ့မယ်။
လိုအပ်တာတွေကတော့
မျှစ်
မျှင်ငါးပိ
ပုစွန်
ဟင်းခတ်မှုန့် (မစားတဲ့သူကတော့ မထည့်ပါနဲ့)
ဆား
ကြက်သွန်နီ
ငရုတ်သီးခွဲခြမ်း
ငရုတ်သီးစိမ်းနဲ့လည်းချက်လို့ရပါတယ်။
- ကိုယ်ချက်မယ့်မျှစ်ပေါ်မူတည်ပြီး မျှစ်တုံးကို စိတ်ကြိုက် လိုသလို အတုံးအကြီးအသေးစိပ်ပါ။
- ကြက်သွန်နီထောင်းပါ။
- ပုစွန်ထည့်မယ်ဆို အမြီးဖြတ် ခေါင်းဖြတ်ထားပါ။
- ပြီးရင်တော့ ချက်မယ့်အိုးထဲကို မျှစ်၊ ပုစွန်၊ ကြက်သွန်နီထောင်းပီးသား၊ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးခွဲခြမ်း၊ ငါးပိအနည်းငယ်ထည့်ပြီး ရောနယ်ပြီး ချက်လို့ရပါပီ။
- ဒီမှာသတိထားရမှာက မျှစ်စိမ်းကိုချက်မယ်ဆိုရင် ရေများများထည့်ပီး အကြာကြီးချက်ရပါမယ်။
- ပြုတ်ပီးသားမျှစ်ကိုချက်မယ်ဆိုရင်တော့ အချိန်ခဏလေးနဲ့တင် အရသာရှိတဲ့ မျှစ်ရခိုင်ချက်ကို စားသုံးလို့ရပါပီ။


ကုန်ကျစရိတ်သက်သာပြီး အိမ်ကမီးဖိုချောင်မှာရှိတာလေးနဲ့ အလွယ်တကူချက်ပြုတ်စားသောက်လို့ရနိုင်မယ့် ဟင်းကောင်းတစ်ခွက်ဖြစ်မှာပါ။
ဆက်စပ်မေးခွန်းများ
ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
ကျတော့်ကွမ်းယခုလက်ရှိအရွက်ဖျားမာလှိမ့်နေပါတယ်ပိုးမွားလဲမတွေ့ဘူးအရွက်ကြားမာမရှိဘူးဘာကြောင့်လဲသိရင်မျဝေပေးကြပါမိတ်ဆွေတို့ခဗျ ဘာကြောင်းကြောင့်လဲမြေဆီလွာကြောင့်လားအဟာရကြောင့်လားခဗျကူညီပေးပါခဗျ
ko ko chit • ဖြေကြားချက် 2 ခု
မန်ကိုဇက်နဲ့ရနိုင်လားဆရာ လက်ထဲ မန်ကိုဇက်ပဲရှိလို့ပါဆရာ အခြားဆေးဆိုလဲ ရှာပါမယ်ဆရာ အခုက မိုးကရွာ ရေက အခြားထွက်မှာစိုးလို့ကို ဘောင်တင်ပီးပိတ်ထားမိတာပါဆရာ အောက်လက်တွေကတော့ အတော်လေးရှင်းပေးထားတယ်ဆရာ မတလဇီး မန်ကိုဇက် ဂရမ်း အဲ့မှိုဆေး သုံးမျိုးရှိပါတယ်ဆရာ
U Yan • ဖြေကြားချက် 1 ခု
ဆလားဗီးယားငါးမွေးထားတာ1နှစ်ကြာပြီ ကန်က4ပေ8ပေအနက်5ပေကန်ကျင်းနေလို့လားလုံးဝမျိုးမပွားပါဘူးပြေားပြပေးပါဗျ
U Mar Taing • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
More from မေဇင်ထွန်း
အားလုံး