နွားကလေးကို ကြိုးနဲ့ချည်ထားခြင်းထက် နွားငယ်ခြံထဲမှာထားခြင်းက ပိုကောင်းပါသည်။ ဒါမှသာ နွားကလေးများ ပိုပြီးလွတ်လပ်ပျော်ရွှင်စွာ သွားလာနိုင်၊ အစာနှင့်ရေကို လွတ်လပ်စွာ စားနိုင်မည်ဖြစ်သည်။ တစ်ကောင်ချင်းစီ ကျွေးစရာမလိုတော့ဘဲ စီမံရတာလည်း ပိုလွယ်ကူမည်။
နွားကလေးကို မွေးပြီးပထမအပတ်အတွင်း မိခင်နွားမကြီးနှင့်ခွဲပြီး သန့်ရှင်းသည့် နွားကလေးခြံတွင် ထားရမည်။ ထိုခြံသည် သန့်ရှင်းပြီး သက်သောင့်သက်သာဖြစ်စေမည့် အပူချိန်ရှိရမည်။ အစာနှင့်ရေ လွတ်လပ်စွာ စားနိုင်စေရမည်။ အကြီးအငယ်ကွာခြားမှုမရှိစေရန် တစ်ခြံထဲတွင် အရွယ်တူများသာထားရမည်။
အချို့ခြံများတွင် နွားကလေးတစ်ကောင်ချင်းစီထည့်သည့် နွားငယ်လှောင်အိမ်များရှိကြသည်။ ထိုကဲ့သို့ တစ်ကောင်ချင်းစီ ခွဲထားခြင်းသည် နွားငယ်များကြား ရောဂါကူးစက်နိုင်သည့် အခွင့်အရေးကို လျှော့ချနိုင်သည်။ တစ်ကောင်ချင်းစီ ခွဲထားခြင်းမျိုး မဟုတ်ဘဲ နွားကလေးများကို အရွယ်တူအုပ်စုလိုက် အကန့်ခွဲထားနိုင်လျှင်လည်း ကောင်းပါသည်။
သန့်ရှင်းသောနွားငယ်ခြံရှိခြင်းနှင့် နေမကောင်းဖြစ်သောနွားငယ်ကို အုပ်စုမှ မြန်မြန် သီးသန့်ခွဲထားနိုင်ခြင်းသည် ရောဂါကူးစက်မှုကို လျှော့ချရာတွင် ထိရောက်မှုရှိသည်။ နွားငယ်ခြံတစ်ခြံထဲတွင် ကောင်ရေအနည်းငယ်သာရှိလျှင် ပြဿနာမရှိပါ။ အကယ်၍ ခြံရှိနွားကလေးများ နေမကောင်း/ရောဂါဖြစ်၍ သေနှုန်းသည် ၅ ရာခိုင်နှုန်းထက်များနေပါက တစ်ကောင်ချင်း လှောင်အိမ်ဖြင့် ထားသင့်သည်။
နွားငယ်ခြံကို သန့်ရှင်းရလွယ်ကူပြီး သက်သောင့်သက်သာဖြစ်စေမည့် ပစ္စည်းများဖြင့် ဆောက်သင့်သည်။ ကွန်ကရစ်ကြမ်းပြင်သည် အဆင်ပြေသည်။ သို့သော် နွားငယ်ကလေးများအတွက် အိပ်ရတာ သက်သောင့်သက်သာရှိစေဖို့ စပါးခွံ သို့မဟုတ် ကောက်ရိုးခင်းပေးပြီး ပုံမှန်လဲပေးဖို့လိုအပ်သည်။ နွားငယ်ခြံကို သစ်သားပြားအခင်းဖြင့် အမြင့်တွင်ဆောက်လျှင် အညစ်အကြေးနှင့် ဆီးများ အောက်သို့ကျသွားသည့်အတွက် အခင်းသည် ခြောက်ပြီးသန့်ရှင်းနေမည်ဖြစ်သည်။
နွားကလေးများအတွက် သက်သောင့်သက်သာဖြစ်သော အပူချိန်သည် လူများထက် ပိုလျော့နည်းသည်။ လူတွေအတွက် ပူအိုက်သည်ဟု အနည်းငယ်ခံစားရချိန်တွင် နွားကလေးများအတွက်မူ လူတွေထက် ပိုပူသည့် (heat stress) အခြေအနေဖြစ်သည်။ အေးသည့်အချိန်တွင်လည်း လူတွေအေးသည်ဟု ခံစားမိချိန်သည် နွားများအတွက် သက်သောင့်သက်သာအခြေအနေဖြစ်သည်။ ရှမ်းပြည်နယ်လို အအေးများတဲ့နေရာတွင် ဆောင်းရာသီမှာတော့ နွားကလေးများနွေးစေဖို့ ကောက်ရိုးခင်းပေးတာက ၎င်းတို့အတွက်အဆင်ပြေစေမည်။ ပူသည့် အခြားသောဒေသများအဖို့ လေဝင်လေထွက်ကောင်း၊ အရိပ်ရပြီး အေးသည့်နေရာတွင် နွားကလေးခြံ ဆောက်သင့်သည်။
ခြံထဲတွင် ရေနှင့် အစာခွက်ထားပေးရမည်။ သန့်ရှင်းရလွယ်ပြီး အစာနှင့် ရေ ထည့်ရလွယ်ကူရမည်။ အလိုအလျောက်အဖွင့်အပိတ်လုပ်နိုင်သည့် ရေခွက်မျိုး ထားပေးခြင်းဖြင့် နွားကလေးများ ၂၄ နာရီ ရေရနေစေဖို့ လွယ်ကူစေမည်။ ခြံအပေါက်ဝသည် နွားကလေးကြီးလာပြီး နို့ဖြတ်ဖို့ အပြင်ထုတ်ချိန်တွင် အဆင်ပြေစေရန် လုံလောက်သည့် အကျယ်ရှိရမည်။ နို့ဖြတ်ပြီးနောက် နွားကလေးများကိုလည်း အရွယ်တူအုပ်စုလိုက် အကန့်ခွဲထားပြီး ကျွေးမွေးစီမံနိုင်လျှင် ပိုကောင်းပါသည်။
ဝါးနှင့် သက်ကယ်ကိုအသုံးပြုပြီး အရိုးရှင်းဆုံးနှင့် စျေးသက်သာသော နွားငယ်ခြံလည်းပြုလုပ်နိုင်ပါသည်။ နွားကလေးများကို သန့်ရှင်း၊ အေးမြစွာထားနိုင်ဖို့၊ အစာနှင့်ရေ လွတ်လပ်စွာစားစေနိုင်ဖို့သည်သာ ပို၍အဓိကကျသည်။
MDEP
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more
MDEP