မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် အချိန်အခါမဟုတ်မိုးရွာနိုင်

25/02/2019 12:05 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၂၅-၂-၂၀၁၉ နံနက်(၁၀:၅၅)နာရီ

အနောက်ဖက်မှ ရွေ့လျားလာနေသော လေဖိအားနည်းချိုင့်ဝှမ်းတစ်ခုကြောင့် (၂၅-၂-၂၀၁၉)ရက်နံနက်(၀၉:၃၀)နာရီ မှ နောက် (၂၄)နာရီအတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ မကွေးတိုင်းမြောက်ပိုင်းတို့တွင် နေရာကွက် ကျားမှ ကျဲကျဲ မိုးထစ်ချုန်းရွာသွန်းနိုင်ပါတယ်။

မိုးတိမ်တောင်များကြောင့် မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်း တို့ဖြစ်ပေါ်နိုင်ပါတယ်။  

ဒေါက်တာ ထွန်းလွင်