တိရစ္ဆာန်မွေးမြူခြင်း နှင့် မြေဆီလွှာအတွင်းကာဗွန်စုဆောင်းခြင်း ဆက်စပ်ပုံ

06/06/2024 14:09 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

တိစ္ဆာန်မွေးမြူခြင်း နှင့် မြေဆီလွှာအတွင်းကာဘွန်စုဆောင်းခြင်း ဆက်စပ်ပုံ

ကျွန်တော်ဟာ အစိမ်းရောင်လမ်းရဲ့ အမေးအဖြေကဏ္ဍမှာ စိုက်မွေးဝါသနာရှင်များ သိလိုရာ မေးခွန်းများကို အချိန်နဲ့တပြေးညီ အတတ်နိုင်ဆုံး အမှန်ဆုံးနဲ့ အမြန်ဆုံး ဖြေပေးလျက်ရှိပါတယ်။

တဖြည်းဖြည်းနဲ့ မေးသူ၊ ဖြေသူအရေအတွက်များများလာသလို မေးတဲ့မေးခွန်းတွေလည်း လက်တွေ့ဆန်ပြီး အဆင့်မြင့်လာတယ်လို့ ယူဆမိပါတယ်။

အချို့မေးခွန်းများကို အနီးစပ်ဆုံး မှန်ကန်တိကျစွာဖြေနိုင်ဖို့ မေးခွန်းမဖြေခင် အခြားဘာသာရပ်ဆိုင်ရာစာအုပ်တွေ၊ အင်တာနက်ဝက်ဘ်ဆိုဒ်တွေကို လေ့လာပြီး သေချာမှ ဖြေပေးရတာတွေ ရှိလာပါတယ်။

အချို့ အချို့သော မိတ်ဆွေများကျတော့ အများနှင့်ဆိုင်သော အမေးဖြေကဏ္ဍမှာ မမေးဘဲ စာရေးသူထံ တိုက်ရိုက်လာမေးတာတွေလည်း ရှိကြပါတယ်။

အဲဒီအထဲက ထူးထူးခြားခြား မေးခွန်းမေးလာသူ kaythitunရဲ့ မေးခွန်းကို တင်ပြချင်ပါတယ်။

"ဆရာ ဒို့ဦးလေးရှင့်..

Livestock နဲ့ soil organic  carbon sequestration ဆက်စပ်ပုံအကြောင်း သိချင်ပါတယ်။

အချိန်ရတဲ့အခါ.ဖြေကြားပေးပါရှင့်" လို့ By nameနဲ့မေးထားတော့ အဖြေတခုခု ပေးကိုပေးရတော့မှာလို့ယူဆတဲ့အတွက် ဒီစာစုကို လေ့လာပြီးရေးသားဖြေကြားပေးရခြင်းဖြစ်ပါတယ်။

မေးခွန်းရှင်နဲ့တကွ အစိမ်းရောင်လမ်းပရိတ်သတ်များ  စာဖတ်ရတာ ပိုမိုပေါ်လွင်စေဖို့  Carbon ကာဗွန်အကြောင်းအရင်ပြောပြပါရစေ။

ကမ္ဘာကြီးပူနွေးလာမှုနှင့် ကာဗွန်ဆက်စပ်မှု

ကမ္ဘာ့လေထုထဲမှာ ကာဗွန်ပါဝင်မှုရာခိုင်နှုန်းများလာလေ Green House gas(GHG)ဓာတ်ငွေ့များလေ ကမ္ဘာ့အပူချိန်မြင့်တက်လာလေ ဖြစ်ပါတယ်။

GHG ဓာတ်ငွေ့မှာ(ကာဘွန်ဒိုင်အောက်ဆိုဒ် ၆၀%၊ မီသိန်း ၁၅%၊ နိုက်ထရပ်အောက်ဆိုဒ် ၅%၊ အိုဇုန်း ၈%၊ ကလိုရိုဖလူရိုကာဗွန်၁၂%)ပါဝင်ပါတယ်။

လေထုအတွင်း CO2 ကာဗွန်ဒိုင်အောက်ဆိုဒ် မြင့်တက်မှုမှာ လွန်ခဲ့သည့်နှစ် တစ်သောင်း (၁၈ရာစု) စက်မှုတော်လှန်ရေးခေတ်က ၂၈၀ ppm ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်မေလ တိုင်းတာချက်အရ ၄၂၁ ppm အထိ ၅၀% ပိုတိုးလာတယ်လို့ ပညာရှင်တွေ ဖော်ပြထားတာတွေ့ရပါတယ်။

ကာဗွန်တွေ ဘယ်မှာရှိသလဲ?

ကာဗွ​န်ကို လေထု၊ ရေထု၊ ပင်လယ်၊ သမုဒ္ဒရာကြမ်းပြင်သာမက သက်ရှိသတ္တဝါများ၊ သစ်ပင်များ၊ မြေအောက်ရေနှင့် ရေနံဓာတုပစ္စည်းများ၊ကျောက်မီးသွေး၊ သတ္ထုသယံဇာ ပစ္စည်းများတွင်ပါဝင်ပါတယ်။

ကာဗွန်သံသရာလည်ခြင်း

မြေအောက်ရေများမှ လေထုအတွင်းကာဗွန်ထုတ်လွှတ်ခြင်း၊ စက်ရုံ၊ မီးခိုး၊ ကားများမှ မီးခိုးထုတ်လွှတ်ခြင်း၊ လူ၊ တိရစ္ဆာန်များမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်ခြင်းစသည်တို့မှတဆင့် ကာဗွန်များ လေထုအတွင်းရောက်ရှိစေပါတယ်။

လေထုအတွင်းက ကာဗွန်တွေကို သစ်ပင်၊ သစ်တောများမှ  ရေ၊ နေရောင်ခြည်နှင့်ပေါင်းစပ်ကာ Phtosynthesis နည်းဖြင့်ကာဗိုဟိုက်ဒြိတ်ချက်လုပ်ပါတယ်။

ကမ္ဘာပေါ်ရှိ ကာဗွန်ပမာဏ၏ ၉၀% ကို သစ်တောသစ်ပင်တွေက ထိန်းထားပေးတယ်လို့ဆိုပါတယ်။

ရေ+ ကာဘွန်ဒိုင်အောက်ဆိုဒ်+ နေရောင်ခြည်=ကာဗိုဟိုက်ဒြိတ်

ဒါကြောင့် သစ်တော/သစ်ပင်တွေကို Carbon sinks(ကာဗွန်စုပ်ကိရိယာများ)လို့ တင်စားကြတာပါ။

သစ်ပင်/သစ်ရွက်များ၊ သီးနှံရိုးပြတ်များ၊ တိရစ္ဆာန် အညစ်အကြေးများ၊ ခန္ဓာကိုယ်များ သေကြေပျက်စီးပြီး မြေဆီလွှာအတွင်း Organic metter ကာဗွန်များ အဖြစ်စုဝေးရောက်ရှိစေပါတယ်။

ဒီလောက်ဆိုရင် ရေ၊ လေ၊ မြေကြီးတို့ရဲ့ သက်ရှိ/သက်မဲ့ အထက်အောက်အပြန်အလှန် သံသရာလည်ပုံကို သဘောပေါက်မယ်ထင်ပါတယ်။

တိရစ္ဆာန်မွေးမြူရေးခြင်းနှင့် မြေဆီလွှာ သြဂဲနစ်ကာဗွန်စုပုံခြင်း ဘယ်လိုဆက်စပ်သလဲဆိုရင် ကျွဲနွားစားကျက်များဖြင့် မွေးမြူခြင်းသည် မြေဆီလွှာအတွင်း ကာဗွန်စုပုံခြင်းကို ဖြစ်စေပါတယ်။

ကာဗွန်ပါသော မြက်၊ သစ်ရွက်များကို စားပြီး ကာဗွန်ပါသော အညစ်အကြေးများ မြေပေါ်စွန့်မယ်။ စွန့်ပစ်အညစ်အကြေးများမှ မီသိန်း(CH4)ကာဗွန်များ မြေဆီလွှာအတွင်းရောက်ရှိပြီး Organic carbon /organic metterတိုးစေပါတယ်။

သဘာဝသြဂဲနစ် ကာဗွန်များကို အပင်ရဲ့အမြစ်မှတဆင့် စုပ်ယူပြီးသကာလ ပင်စည်၊ အရွက်မှတဆင့် ကာဗွန်တွေရွေ့လျားမယ်။

အရွက်မှတဆင့် ရေ၊ နေရောင်ခြည်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ပေါင်းစပ်ကာ အလင်းမှီအစာချက်မယ်။ ယင်းကာဗိုဟိုက်ဒြိတ် အရွက်တွေကို၊ကျွဲ၊ နွား အစာကျွေးမယ်။ တိရစ္ဆာန်အညစ်အကြေးများမှ တဆင့် ကာဗွန်တွေ မြေကြီးအတွင်းစုပုံလာစေပါတယ်။

ကဲ..ဒီလောက်ဆိုရင်..မေးခွန်းရှင် kaythitun ကျေနပ်နိုင်လိမ့်မယ်လို့ယူဆပါတယ်။

Ref>>Dr naing naing aye

စေတနာများစွာဖြင့်

ဒို့ဦးလေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်