ကတ်ထူကုတင်အကြောင်း လေ့လာကြမယ်
Covid 19 အတွက် ထိုင်းနဲ့ အိန္ဒိယက Quarantine Centers တွေမှာ အမြန်ဆုံးတပ်ဆင်ရလွယ်ကူတဲ့ ကတ်ထူကုတင်တွေကို အသုံးပြုကြတာတွေ့ရပါတယ်။ ကတ်ထူကုတင်တွေက တပ်ဆင်ရတာ မြန်ဆန်ပြီး ကုန်ကျစားရိတ်လည်း နည်းပါးတာကြောင့် မိမိတို့အိမ်မှာဖြစ်စေ ခရီးသွားတဲ့အခါမှာဖြစ်စေ လိုသလိုအသုံးပြုနိုင်ရန် ပြုလုပ်နည်းနဲ့ အသုံးဝင်ပုံကိုဖော်ပြပေးလိုက်ရပါတယ်။ ကတ်ထူချပ်တွေကို ကုတင်အပြင် ဗီရို၊ မှန်တင်ခုံ၊ စားပွဲ၊ ထိုင်ခုံနဲ့ တခြားအသုံးအဆောင်တွေပါပြုလုပ်လို့ရပါတယ်။ ကတ်ထူကုတင်ဟုကြားလိုက်ပါက ခိုင်ခံ့နိုင်ပါ့မလားဟု ထင်ကောင်းထင်မည်မှာမလွဲဖြစ်ပါသည်။
ကတ်ထူကုတင်ပြုလုပ်နည်းတွေထဲမှာ တချို့က ကတ်ထူပုံးတွေကို ပုံးလိုက်ကော်ကပ်ပြီးအောက်ခြေကုတင်တိုင်အဖြစ်လုပ်ကာ အပေါ်မှ ကတ်ထူပြားပြန်ဖုံး၍ သုံးကြသကဲ့သို့ တချို့က အရွက်လိုက်ဖြတ်ပြီး လိုသလိုခေါက်ကာ ကုတင်ပြုလုပ်ကြပါတယ်။ ခေါက်ပြီးအသုံးပြုမည်ဆိုပါက ကော်မလိုပါ။
ကတ်ထူကုတင်သည် ပေါ့ပါးခြင်း၊ ကုန်ကျစားရိတ်သက်သာခြင်း၊ ပတ်ဝန်းကျင်ကို ညစ်ညမ်းမှုမရှိစေခြင်းကြောင့် Environmentally safe ဖြစ်ခြင်း၊ ပိုလျံနေသောကတ်ထူပုံးများ ကတ်ထူချပ်များအား ပြန်လည်သုံးနိုင်ခြင်း၊ သယ်ယူရွေ့ပြောင်းလိုသောအခါ ဖြုတ်၍သယ်နိုင်ခြင်း၊ ကတ်ထူချပ်များ၏ တာရှည်ခံမှုရှိခြင်းတို့ကြောင့် ငွေကြေးသက်သာစေသည့်အပြင် ခရီးသွားသည့်အခါများတွင်လည်း ကတ်ထူများသယ်သွားကာ လိုသောနေရာရောက် မှ တပ်ဆင်ခြင်းကိုလုပ်နိုင်ပါသည်။ သို့ရာတွင် ခိုင်ခံ့သော ကတ်ထူပြားများဖြစ်သည့် ကွန်ပျူတာပုံး၊ လေအေးပေးစက်ပုံးကဲ့သို့သော ကတ်ထူသားများကိုလည်းကောင်း၊ အလယ်တွင် တွန့်ခေါက်ထားသည့်(လှိုင်းတွန့်ပုံပါသည့်ကတ်ထူ) များကိုသာ သုံးလျှင်ပိုမိုတာရှည်ခံပါသည်။
ကောင်းမွန်သော ကတ်ထူသားဖြင့်လုပ်ထားသော ကတ်ထူကုတင်တစ်လုံးသည် အလေးချိန် 220 kg (440lb) ကို တင်ဆောင်နိုင်ပါသည်။ ထို့ကြောင့်လွယ်ကူမြန်ဆန်ပြီး ကုန်ကျစားရိတ်နည်းကာ လူတိုင်းပြုလုပ်နိုင်သော ကတ်ထူကုတင်လုပ်နည်း video ကို ဖော်ပြပေးလိုက်ပါတော့သည်။
သိမ့်ဇာ
လွန်ခဲ့သော ၅ နှစ် ကဟိုလို ဂျပ်ဖာပုံး တွေကတော့ တစ်ပိသာမှ 400ဝယ်ရတယ်
kogyi
လွန်ခဲ့သော ၅ နှစ် ကကုန်ကျစရ်တ်မသေးလောက်ဘူးနော်
ဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ
U Yan • ဖြေကြားချက် 0 ခု
မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်
wai wai oo • ဖြေကြားချက် 2 ခု
မြေပဲအပင်လေတွေမှာ အလိုတွေတွေနေရလို ဘာရောဂါဖြစ်တာလည်ခင်များပြောပြပေပါအုံခင်များ
မင်းမင်း • ဖြေကြားချက် 2 ခု
နွား၀အောင် ဘယ်လို ကျွေးမွေးရပါသလည်းခင်ဗျ
နံပတ်2 • ဖြေကြားချက် 1 ခု
ငရုတ်ပင်မှာ ခါးရိတဲ့ရောဂါအတွက် ဘာဆေးဖျန်းရမလဲ နှင့် ငရုတ်ပင် အမြစ်တွေ ခြောက်ပြီး သေတဲ့ ရောဂါအတွက် ဘာဆေးဖျန်းရမလဲ ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
More from စုမြတ်မြတ်မိုး
အားလုံး
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)
05/05/2023
မျောက်ငိုသီးဆားရေစိမ်
26/01/2023
ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
19/01/2023
ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
16/09/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....