မီသိန်းဓာတ်ငွေ့လျှော့လွှတ်နိုင်မည့် နွားကလေးများရဲ့ အလားအလာ..
ဒီလိုနွားကလေးတွေရနိုင်မယ့်ဗီဇထည့်သွင်းထားတဲ့ နွားသိုးရဲ့သုက်ရည်နဲ့ ကနေဒါနိုင်ငံက နို့စားနွား မွေးမြူရေးခြံတစ်ခြံရှိ နွားမတွေမှာ မေထုန်မဲ့နည်းနဲ့ သားတင်ထားဖြစ်ပြီး လာမယ့်နွေဦးရာသီ (မတ်လမှ မေလကြား) မှာ နွားကလေးတွေ ကျလာတော့မှာဖြစ်တယ်လို့ Reuters သတင်းတစ်ပုဒ်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

ဒီနွားကလေးတွေဟာ မီသိန်းဓာတ်ငွေ့လျှော့လွှတ်နိုင်မယ့် နွားမျိုးလေးတွေဖြစ်လာမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချနိုင်ဖို့ ရည်ရွယ်မျိုးစပ်ထုတ်လုပ်တာဟာ ဒါဟာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။
ဘန်လိုးဝစ်လို့ခေါ်တဲ့ နို့စားနွားခြံပိုင်ရှင်တစ်ဦးဟာ မီသိန်းဓာတ်လျော့မျိုးဗီဇပါအောင် ဖန်တီးထုတ်လုပ် ထားတဲ့ နွားသိုးသုက်ရည်တွေနဲ့ သူ့ခြံက နွားမ ၁၀၇ ကောင်နဲ့ နွားမတမ်းမတွေကို မေထုန်မဲ့ သားတင်ခဲ့တာဖြစ်ပါတယ်။
“ တခြားမျိုးဗီဇတွေကို မထိခိုက်ဘဲ ဓာတ်ငွေ့ထုတ်လွှတ်မှုလျော့စေတဲ့ဗီဇကို လွယ်လွယ်ပေါင်းထည့် နိုင်ခဲ့တယ်” လို့ ဘန်လိုးဝစ်က ဆိုပါတယ်။
ပုံမှန်အားဖြင့် နွားမတစ်ကောင်ဟာ လေတက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့ မီသိန်းဓာတ်ငွေ့ကို တစ်နှစ်လျှင် ၁၅၄ ပေါင်ကနေ ၂၆၄ ပေါင်ထိ ထုတ်လွှတ်နိုင်တယ်လို့ ဆိုပါတယ်။
အခုလို မီသိန်းဓာတ်ငွေ့လျှော့လွှတ်နိုင်တဲ့ မျိုးဗီဇတွေ နို့စားနွားခြံတွေဆီ ပေါပေါများများ ရောက်သွားရင် ပြင်းထန်တဲ့ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်နေမှု လျော့ကျသွားစေလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေနဲ့ ကျွဲနွားပညာရှင်တွေက သုံးသပ်ပါတယ်။
ဒီမျိုးဗီဇကို ထုတ်လုပ်ဖန်တီးရာမှာပါဝင်တဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ Semex ကတော့ အခု မီသိန်းဓာတ်ငွေ့လျှော့လွှတ်နိုင်တဲ့ မျိုးဗီဇသာ ရှိသွားရင် ကနေဒါ နို့စားနွားမွေးမြူရေးခြံကနေ ထုတ်လွှတ်နေတဲ့ မီသိန်းဓာတ်ငွေ့တွေကို နှစ်စဉ် ၁.၅ ရာခိုင်နှုန်းလျှော့ချသွားနိုင်မှာဖြစ်ပြီး ၂၀၅၀ ခုနှစ်ကျရင်တော့ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းထိ ကျသွားလိမ့်မယ်လို့ ပြောပါတယ်။
ကုမ္ပဏီအနေနဲ့ ဒီမျိုးဗီဇအတွက် နိုင်ငံ ၈၀ မှာ မာကက်တင်းဆင်းထားပြီး အစောပိုင်းရောင်းချထားတာ ကတော့ ဗြိတိန်နိုင်ငံက ခြံတစ်ခြံ၊ အမေရိကန်နဲ့ ဆလိုဗက်ကီးယားရှိ နို့စားနွားခြံတွေဖြစ်တယ်လို့ ကုမ္ပဏီဒုဥက္ကဌ ဒရူးဆလိုအန်က ပြောပါတယ်။
ဒီမျိုးဗီဇသာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သွားရင် ကမ္ဘာလုံးဆိုင်ရာဓာတ်ငွေ့ထုတ်လွှတ်မှုအပေါ် အကြီး အကျယ်သက်ရောက်မှုရှိလိမ့်မယ်လို့ ကယ်လီဖိုးနီးယားဒေးဗစ်တက္ကသိုလ်ရဲ့ တိရစ္ဆာန်သိပ္ပံဌာနပါမောက္ခ ဖရန့်မစ်လိုနာက မှတ်ချက်ပြုပါတယ်။ ဒီမျိုးဗီဇကို စမ်းသပ်ထုတ်လုပ်ခဲ့ တဲ့ထဲမှာတော့ သူမပါခဲ့ပါဘူး။
ကနေဒါစိုက်ပျိုးမွေးမြူရေးဌာနကတော့ ဒီထုတ်ကုန်ရဲ့ မီသိန်းဓာတ်ငွေ့တွက်ချက်တဲ့စနစ်ကို အကဲဖြတ်မှု မလုပ်ရသေးပေမဲ့ မွေးမြူရေးကနေထုတ်နေတဲ့ဓာတ်ငွေ့တွေကို လျှော့ချနိုင်ခြင်းဆိုတာကတော့ အလွန့်အလွန်အရေးပါမှု ဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။
မွေးမြူရေးလုပ်ငန်းကနေ ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုစုစုပေါင်းရဲ့ ၁၄.၅ ရာခိုင်နှုန်းထိ ထုတ်လွှတ်နေတာပါ။ မီသိန်းဓာတ်ငွေ့ဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ပြီးရင် ဒုတိယအများဆုံး ထုတ်လွှတ်နေတဲ့ဓာတ်ငွေ့လည်းဖြစ်ပါတယ်။
မီသိန်းဓာတ်ငွေ့လျှော့လွှတ်နိုင်ဖို့ ကျွဲနွားတွေကို ဖြည့်စွက်စာထုတ်လုပ်ကျွေးဖူးပေမဲ့ တစ်ကြိမ်မှာ နွားတွေက အဲ့ဒါကို မစားတော့လို့ အမေရိကန်မှာ အဲ့ဒါကိုသုံးဖို့ ခွင့်မပြုခဲ့ဘူးလို့ ကယ်လီဖိုးနီးယားဒေးဗစ်တက္ကသိုလ်ရဲ့ တိရစ္ဆာန်သိပ္ပံဌာနပါမောက္ခ ဖရန့်မစ်လိုနာက ဆိုပါတယ်။
အခု မီသိန်းဓာတ်ငွေ့လျှော့လွှတ်နိုင်တဲ့ မျိုးဗီဇကိုတော့ Semex ကုမ္ပဏီနဲ့ ကနေဒါနို့ထွက်ပစ္စည်း ဖွံ့ဖြိုးရေးဆိုင်ရာအေဂျင်စီတစ်ခုဖြစ်တဲ့ Lactanet တို့ ပူးပေါင်းပြီး ကနေဒါသိပ္ပံပညာရှင်တွေရဲ့ သုတေသနတွေ့ရှိချက်တွေနဲ့ တီထွင်ဖန်တီးထားတာဖြစ်တယ်လို့ သိရပါတယ်။
Ref: https://www.reuters.com/business/environment/climate-friendly-cows-bred-belch-less-methane-2023-08-08/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နိုင်ငံတကာသတင်း
မင်းမျိုးကိုကိုထွဋ်
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါ
ဆက်စပ်ဆောင်းပါးများ
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
ဆက်စပ်မေးခွန်းများ
မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ
phyo lay • ဖြေကြားချက် 1 ခု
ဆရာဒို့ဦးလေး ပြောပြတဲ့အတိုင်း ချဉ်ပေါင်ပင်လေးတွေကို ပြာထည့်ပေး၊ မြေဆွေးထည့်ပေးလိုက်တာ အသစ်ထွက်လာတဲ့အရွက်တွေ ပြန်စိမ်းလာပြီး ။ ရောဂါကျတာမဟုတ်ဘဲ အဟာရချို့တဲ့တာတဲ့။ စိုက်တဲ့သူတွေကတော့ ပုံမှန်မဟုတ်တော့ရင် ရောဂါလို့ယဆလိုက်တော့တာပဲ ဆရာရေ။
Nova Nova • ဖြေကြားချက် 1 ခု
ဘာရောပါလဲဗျ။ ကိုင်လိူက်တာနဲ့ အညာကကြွေပါတယ်
Nan Lin Soe • ဖြေကြားချက် 2 ခု
ဆရာတို့ရေ စပါးယူဖရာ ဖစ်နေလို့ ကျန်ခဲ့တဲ့၁၅ရက်က ကာဘိုဆာဖန် 3gပတ် ထားတာလည်း မတန့်လို့ ဘာဆေးသုံးရမလည်း အကြံပေးပါအုံး
ko zaw • ဖြေကြားချက် 5 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026