မိုးတွင်းဘက် ကျောက်ဖရုံသီး အသီးတင်နိုင်လားနှင့် တစ်ပတ်အတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ

29/07/2023 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမယ့် စနေနေ့ကို ပြန်လည်လို့ရောက်ရှိလာခဲ့ပါပြီ။

ဒီတစ်ပတ်မှာလည်း ဦးကြီးတို့အတွက် လေ့လာမှတ်သားစရာကောင်းတဲ့ အမေးအဖြေလေးတွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မေး (Bo Bo) -  မိုးတွင်းဘက် ကျောက်ဖရုံသီး အသီးတင်ပါသလား။

ဖြေ (ဒို့ဦးလေး) - ၃၀% လောက်ဘဲ အသီးတင်နိုင်ပါမယ်။ ဆောင်းပိုင်းပွင့်တဲ့အပွင့်တွေက မိုးလွတ်လေလွတ်ဆိုတော့ အသီးပိုတင်တာတွေ့ရပါတယ်ကွယ်။

(ဦးမောင်မောင်ထွေး) - ကျောက်ဖရုံမိုးတွင်မှာအသီးတင်ပါတယ်။ စင်နဲ့စိုက်တာပဲ အဖိုပွင့်ကိုယူပြီးဝတ်မှုံနံနက်ပိုင်းမှာကူးပေးရင် ပိုအသီးတင်မယ်။

၂။ မေး (Ko Min Soe Kyaw)-  တီစူပါကို စပါးရက် 40 သားတွင်းကျွေးထားပါက ရက် 60 စပါးစတင်ဖုံးချိန်တွင် အကျိုးရှိနိုင်သလား ကြဲပက်ပေးပါက ဘယ်နှစ်ရက်တွင်ပျော်ဝင်အကျိုးရှိပါသလဲ။

ဖြေ (ဒို့ဦးလေး) - တီစူပါက ဓာတ်ပြုနှေးလို့ ၂၀-၃၀ရက်ကြိုကျွေးတာသဘာဝကျပါတယ်။ ပျော်ဝင်မှုက ရေ/အစိုဓါတ်အပေါ်/မြေအမျိုးအစားပေါ်မူတည်ပြီးကြာနိုင်ပါတယ်။

၃။ မေး (ရဲထက် ကရင်) - စပါးရွက်ဖုံးပုပ်ရောဂါဖြစ်ရင် လယ်ထဲရေရှိတာနဲ့မရှိတာ ဘယ်ဟာ ပိုကောင်းလဲ။

(ဖုန်းမဏ်တိုး) - မှိုရောဂါ ရှိနေမှု နဲ့ စပါးမျိုးအပေါ်မှာပဲ မူတည်ပါမယ်။ ရေမရှိတဲ့ အနေအထား ဖန်တီးယူဖို့ကို အားမပေးပါဖူးခင်ဗျ။ ဆိုးဝါးတဲ့ရောဂါမဟုတ်တဲ့အတွက် မှိုရောဂါကိုကြောက်ရဖို့ထက် အပင်ကျန်းမာရေးကောင်း အထွက်ရဖို့ကို ပိုအာရုံစိုက်သင့်ပါတယ် သုံးလိုပါက မှိုသတ်ဆေးအနေဖြင့် - hexaconazole အေအိုင်ကို ဆိုင်မှာ မေး၍ ဖျန်းနိုင်ပါတယ်။

၄။ မေး (ဖိုးလပြည့်) - ပုံပါ ပိုးအမျိုးအစားက အဝါရောင်ဆစ်ပိုးလောက်ကောင် ဟုတ်/မဟုတ်သိပါရ‌စေခင်ဗျာ။ နောက်ဆုံးပုံပါ ကိုက်ဖြတ် ဖျက်ဆီးခံထားရတာက ကြွက်ဖလောင်းကိုက်တာလား၊ ဆစ်ပိုးပဲ၀င်တာလားဆိုတာပါ ရှင်းပြပြောပြပေးပါဦးခင်ဗျ။

(ဖုန်းမဏ်တိုး) - ပိုးပုံအရတော့ ဆစ်ပိုးမဟုတ်ပါ၊ သို့ပေမယ် စပါးအမြစ် နဲ့ ပင်ခြေကို ကိုက်ဖျက်တတ်တဲ့ ပိုးတစ်မျိုးပါ wire worm ပါ သူ့အတွက် သုံးသင့်တဲ့ ဆေးတွေက cartap hydrochloride ကာတက်အမှုန့်ကို ပက်ပေးနိုင်ပါတယ်။ ဖျန်းဆေးအနေနဲ့ ကတော့ profennophos ပရိုဖန်နိုဖော့ပါတာကို ပင်ခြေကို အဓိကထားဖျန်းပေးပါ။ စပါးရေအနက် ၆ လက်မကျော်နေရင်တော့ ဖျန်းတာက ပိုအဆင်ပြေပါမယ်ခင်ဗျ။

၅။ မေး (သက်ဇင်ဦး) - အမြစ်ပုပ်နေတာပါဗျ ဘယ်လိုဖြေရှင်းလို့ရမလဲခင်ဗျ။

(ဒို့ဦးလေး) - အမြစ်ပုပ်တာက ရေလှောင်ကြာလို့ဖြစ်တတ်သလို တမန်းစိမ်း(တမန်းမပုပ်ဘဲ စိုက်တာကြောင့်လည်းဖြစ်တတ်ပါတယ်) အဓိကအချက်ကတော့..အမြစ်တွေ လေမရှူနိုင်လို့ပါ။ ရေထုတ်ပြီး ပိုတက်၊ဂျစ်ဆန်ပက်ပါ။ ရေထုတ်လို့မရရင် တမန်ူနိုးပြီး ပိုတက်ကျွေးပါ။ ပိုတက်ချ်တဧက ကိုအိတ်ဝက်နုန်းနဲ့ ဂျစ်ဆန် ၁အိတ်နှုန်း အသုံးပြုပါ။

အဖြေတွေအကုန်လုံးကို စိတ်ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။ ဗဟုသုတရဖို့ လေ့လာချင်သူတွေအတွက်လည်း အခုရက်ပိုင်းဖြစ်နေတဲ့ စိုက်ခင်းပြဿနာတွေချည်းပဲမို့ အကျိုးဖြစ်ထွန်းမယ်လို့ ယုံကြည်ပါတယ်ရှင့်။

တခြားမိတ်ဆွေတောင်သူတွေလည်း ဒီလိုမျိုးအကြံဉာဏ်တွေရယူချင်တယ်ဆို အမေးအဖြေကဏ္ဍမှာ ပို့စ်တင်မေးလို့ရနေပါပြီနော်။ ဘယ်လိုတွေမေးရမှန်းမသိရင် ပုံလေးသာတင်ပြီး မေးလိုက်။ ဆရာတို့က သေချာကြည့်ပြီး ဖြေပေးနေပါပြီရှင့်။ အမေးအဖြေကဏ္ဍမှာ အားမနာတမ်း ပို့စ်တင်မေးနိုင်ပါကြောင်း သတင်းကောင်းပေးရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါဦးမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်