အစိုဓာတ်များလို့ အရွက်ဝါတဲ့ပြဿနာနှင့် တစ်ပတ်အတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ

22/07/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမယ့် စနေနေ့ကို ပြန်လည်လို့ရောက်ရှိလာခဲ့ပါပြီ။

ဒီတစ်ပတ်မှာလည်း ဦးကြီးတို့အတွက် လေ့လာမှတ်သားစရာကောင်းတဲ့ အမေးအဖြေလေးတွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မေး (ပြည့်စုံ) - မြေပဲပင် တစ်ပင်တိုင်လေးတွေဖြစ်နေလို့ဘာဆက်လုပ်ရမလဲလမ်းညွှန်ပါအုံး ၂၅ရက်သားရှိပါပြီ ပုလဲဖြူးပေးရင် အဆင်ပြေမလား ၁၅ပတ်လည် ဖြူးပေးရင်အဆင်ပြေမလား။

ဖြေ (ဒို့ဦးလေး) - သဲ ပါဝင်မှုရာနုန်းများတဲ့မြေမို့ပါ။ ၁၅ ပတ်လည်ကို ကျွေးပေးသင့်ပါတယ်။ နောက်ရာသီအတွက် သဘာဝမြေဩဇာများများထည့်ပါ။

၂။ မေး (ခွန်ကျော်ကျော်)-  ကျနော်ဖောက်ထားတဲ့ကြက်ဥဂျူလင်စီက အဝါရောင်ဖြစ်နေတယ်။ ဖျန်းလို့ရပါသလား။

ဖြေ (ဒို့ဦးလေး) - နေရောင်ပြကြည့်ပါဦး။ အရောင်ပြောင်းမှ သုံးပါ။

(Ko Thunt) - အနီရောင်ဖြစ်မှသုံးလို့ရပါတယ် နေဆက်ပြထားပါ၁လလောက်ကြာမှနီတက်ပါတယ်။

၃။ မေး (U Kaung Myat Zaw) - ဖရဲပင်ကို အသီးမဖမ်းခင် ဘယ်အတက်တေဖဲ့ရမလဲ၊ အသီးဖမ်းပြီးရင်လဲ ဘယ်အတက်တေဖဲ့ရမလဲခင်ဗျ။

ဖြေ (ဒို့ဦးလေး) - စိုက်ပင်အရွက် ၃-၄ ရွက်ထွက်ချိန်တွင် ထိပ်ညွန့်ကို ဖြတ်ပေးပါ။ အတက် ၃-၄ ကိုင်း မွေးပါ။ အပင်ခြေမှ ၃ ပေအကွာ အဆစ် ၁၃-၁၄ ဆစ်တွင် အသီးဖမ်းပါ။ ကျန်သော အတက်များကို ဖဲ့ပေးပါ။ အသီးဖမ်းပြီးချိန် အတက်မဖဲ့ရပါ။ အဆစ် ၂၇-၂၈ တွင် ဖရဲညွန့်ကို ဖြတ်ပေးပါ။ နွယ်ကိုင်းများကို တစ်ခုနှင့်တစ်ခု မထပ်အောင် ဖြန့်ချထားပေးပါ။ တစ်ပင်တွင် သီးလုံးတစ်လုံးယူမှသာ အသီးကြီးထွားမည်။

၄။ မေး (ဦးဌေးအောင်) - မီးဖိုချောင် မီးသွေးပြာကို ထောပတ်ပင်ခြေရင်းထည့်ပါက အပင်ထိခိုက်ပါသလား။

(ဦးညီညီ) - မီးသွေအမှုန်က ကာဗွန်ဆိုတော့ကောင်းပါတယ်လို့ ထင်ပါတယ်ဗျ။ 

(ဦးမောင်မောင်ထွေး) - မီးဖိုပြာကို အပင်နှင့်မထိအောင်ခွာပြီး ထည့်ပါ။ အပင်နှင့်ထိလျှင် အခေါက်နာပြီး ရောဂါဝင်နိုင်ပါတယ်။

၅။ မေး (Darli) - ဆူးပုတ်ပင်ငယ် အရွက်တွေဝါနေလို့ ဘာဖြစ်တာလဲရှင့်။ ဘယ်လိုကုသရမလဲရှင့်။

(ဒို့ဦးလေး) - အစိုဓာတ်များလို့ပါ။ အပင်ခြေကို ပြာပုံပေးပါ။

မေးခွန်းတွေအကုန်လုံးကလည်း အခုချိန်တောင်သူတိုင်းကြုံတွေ့နေရတဲ့ ပြဿနာတွေကြီးကို စုစည်းထားတာမို့ ဗဟုသုတရမယ်လို့ မျှော်လင့်ပါတယ်ရှင့်။

တခြားမိတ်ဆွေတောင်သူတွေလည်း ဒီလိုမျိုးအကြံဉာဏ်တွေရယူချင်တယ်ဆို အမေးအဖြေကဏ္ဍမှာ ပို့စ်တင်မေးလို့ရနေပါပြီနော်။ ဘယ်လိုတွေမေးရမှန်းမသိရင် ပုံလေးသာတင်ပြီး မေးလိုက်။ ဆရာတို့က သေချာကြည့်ပြီး ဖြေပေးနေပါပြီရှင့်။ အမေးအဖြေကဏ္ဍမှာ အားမနာတမ်း ပို့စ်တင်မေးနိုင်ပါကြောင်း သတင်းကောင်းပေးရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါဦးမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်