ငါးအမိုင်နိုအက်ဆစ်ကောင်းတစ်ခုရဖို့ သုံးရမယ့် ငါးနဲ့ တစ်ပတ်အတွင်းစိတ်ဝင်စားစရာ အမေးအဖြေများ
စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမယ့် စနေနေ့ကနေ ကြိုဆိုလိုက်ပါတယ်ရှင့်
ဒီတစ်ပတ်မှာလည်း ဦးကြီးတို့အတွက် လေ့လာမှတ်သားစရာကောင်းတဲ့ အမေးအဖြေလေးတွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်နော်။
၁။ မေး (Thu) စပါးခင်းထဲ မှာ နှစ်တိုင်းပေါက်ပါတယ်။ ဒေသအခေါ်တော့ နမ္မတိ လို့ပဲ ပြောကြတယ်။ ဘာပင်အမျိုးစားလဲ၊ စပါးခင်းကိုရော ဒုက္ခပေးတတ်လား သိချင်ပါတယ်ဗျ။

ဖြေ (ဒို့ဦးလေး) - ပကန် လို့ခေါ်ပြီး ရေညှိလိုအပင်တွေ နဲ့တူပါတယ်။ ရေဝပ်ကြာတဲ့လယ်တွေ မြေချဥ်တဲ့လယ်တွေ ဖြစ်တတ်တယ်။ စပါးပင်ခြေရစ်ပြီး စပါးပင် အတက်နှေးပါတယ်။
၂။ မေး (Thiha Kyaw)- ကျွဲချေးဆွေးနဲ့ ဗေဒါဆွေးကိုအပင်ခြေအုံထားပြီး ၄ရက်လောက်ကြာတော့ပုံပါအတိုင်းဖြစ်နေလို့ သေသွားနိုင်လားဗျ။ ဘယ်လိုပြန်လုပ်ပေးရင်အဆင်ပြေနိုင်မလဲ ကျွဲချေးနဲ့ဗေဒါကလဲမိုးရေထဲပုံထားတာ၃လကျော်လောက်ဖြစ်ပြီ မဆွေးသေးလို့များလားဗျာ ကြည့်ပေးပါအုံးခဗျ။
ဖြေ (ဒို့ဦးလေး) - မဆွေးသေးဘဲ အပင်ခြေမအုံရပါဘူး။ ပြန်ဖယ်ထားပါ။ အပင်ခြေနဲ့.၂ ပေခွာပြီး မြေဆွဘောင်တင်ပါ။ ၂ ပေပတ်လည် အကျယ် မြောင်းထဲ မြေဆွေးထည့်ပါ။
၃။ မေး (Ye Htet Kyaw) - ငါးအမိုင်နိုအက်စစ်ကို အခြားသော ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အပင်အားဆေး၊ ဟော်မုန်းဆေး၊ ခရုသတ်ဆေးနဲ့ အသင့်သုံးအီးအမ်တို့ရောစပ်တွဲဖျန်းလို့ရနိုင်မလား။
ဖြေ(ဒို့ဦးလေး) - အကုန်လုံး ရောဖျန်းလို့ မရပါဘူးဗျာ။ ငါးအမိုင်နိုကို အီးအမ်နဲ့ တွဲဖျန်းပါ။ အားဆေး၊ ဟိုမုန်းဆေးနဲ့တွဲပါ။ ပိုးဆေး၊ မှိုဆေး ကို တစ်မျိုးစီ သီးသန့်ဖျန်းသင့်ပါတယ်။
၄။ မေး (Zay Yar Htway ) - ဆရာတို့ခင်မျာ တိုင်ထောင်ပဲမျိုးစေ့ချရာမှာ မပေါက်မှာစိုးပြီး၂ စေ့ချပြီး ပေါက်လာတဲ့အခါ ၂ ပင်ပေါက်လာပါတယ်။၂ ပင်ထားရမှာလား ၁ ပင်ထဲထားရမှာလား ပြောပြပေးပါခင်မျ။
ဖြေ(Thandar Khaing)- အတွေ့အကြုံအရ ၁ ပင်ကအကောင်းဆုံး။ အရွက် ဖြစ်လာပြီဆို မှုန်းလို့ရပါပြီ မသန်တဲ့အပင်ကိုနုတ်ပေါ့ ကိုတွေကတော့ ၁စေ့ပဲပျိုးဖူးတယ် အကုန်ပေါက်တယ် ပေါက်လွယ်တယ်။
(ဦးမောင်မောင်ထွေး)- ကျင်းအကွာအဝေးစိတ်လားကျဲလားထားလို့ရပါတယ်။ အသီးတော့တိုသွားနိုင်တယ်။
၅။ မေး (Ye Htet Kyaw) - ငါးအမိုနိုလုပ်ရာမှာ ဘယ်ငါးအမျိုးအစားက အကောင်းဆုံးလဲဗျ၊ ရေငန်ငါးလား၊ ရေချိုငါးလား၊ အဆီများတဲ့ငါးလား၊ အသားများတဲ့ငါးလားဗျ။
(ဒို့ဦးလေး) - အမိုင်နိုအက်ဆစ်ကိုအဓိက ယူတာမို့ ငါး.တွေမှာ .အတူတူပဲလိူ့ ယူဆပါတယ်။
(ဦးမောင်မောင်ထွေး) - ငါးအမိုင်နိုကရေချိုငါးရဲ့ မသုံးတဲ့အစိတ်အပိုင်းတွေကိုသုံးရင် ကုန်ကျစရိတ်နည်းတယ်။ ပင်လယ်ငါးကိုရေခဲနဲ့လှောင်တဲ့ငါးကိုလဲသုံးလို့ရပါတယ်။ ဆားနဲ့လှောင်တဲ့ ငါးဆိုဆားကြောင့်အပင်လောင်နိုင်တယ်။
(ဦးချစ်ကိုဦး) - အနက်ရောင်ပါတဲ့ငါးကပိုကောင်းပါလိမ့်မယ်။ စာအရဆိုရင်ပြောပါတယ်။
မေးခွန်းတွေအကုန်လုံးကလည်း အခုချိန်တောင်သူတိုင်းကြုံတွေ့နေရတဲ့ ပြဿနာတွေကြီးကို စုစည်းထားတာမို့ ဗဟုသုတရမယ်လို့ မျှော်လင့်ပါတယ်ရှင့်။
အတွေ့အကြုံရှိတဲ့ တောင်သူတွေလည်း ဝင်ဆွေးနွေးနေတာကို မြင်ရတော့ မြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ ကူညီပေးတတ်တဲ့ စိတ်လေးကို ကြည်နူးမိပါတယ်။
တခြားမိတ်ဆွေတောင်သူတွေလည်း ဒီလိုမျိုးအကြံဉာဏ်တွေရယူချင်တယ်ဆို အမေးအဖြေကဏ္ဍမှာ ပို့စ်တင်မေးလို့ရနေပါပြီနော်။ ဘယ်လိုတွေမေးရမှန်းမသိရင် ပုံလေးသာတင်ပြီး မေးလိုက်။ ဆရာတို့က သေချာကြည့်ပြီး ဖြေပေးနေပါပြီရှင့်။ အမေးအဖြေကဏ္ဍမှာ အားမနာတမ်း ပို့စ်တင်မေးနိုင်ပါကြောင်း သတင်းကောင်းပေးရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါဦးမယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
WM Hlaing
လွန်ခဲ့သော ၁ နှစ် ကဆလားဘီးယားငါးနဲ့လုပ်လို့ရလားဗျ ကြက်သွန်ခင်းဘယ်အရွယ်မှာ ဘယ်လောက်စီစီထည့်ဖြန်းသင့်လဲဗျ
ဆုမြတ်နိုး
လွန်ခဲ့သော ၃ နှစ် ကရပါတယ်
Aung Thu
လွန်ခဲ့သော ၃ နှစ် ကငါးအမိုင်နိုကစပါးကိုပက်လိုရလာ
ဆက်စပ်မေးခွန်းများ
ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ
KO Thiha lin • ဖြေကြားချက် 0 ခု
ငရုတ်စုပ်းစားပိုးအမြစ်ပြတ်နိင်ဆေးညွန့်ကြပါအုံး
ကိုဝေယံအောင် • ဖြေကြားချက် 0 ခု
3လက်မရေတွင်းကို3လက်မပိုက်နဲ့ရေသွင်းဖို့ပန့်သုံးတာအဆင်ပြေနိင်မလားဗျအကြုံပြုပေးပါမိတ်ဆွေအပေါင်းတို့
ကိုဝေယံအောင် • ဖြေကြားချက် 0 ခု
ကျောက်ဖရုံဘယ်ဈေးပေါက်လည်းရောင်းစရာရှိလို့ပါ
ပြည့်ဖြိုးအောင် • ဖြေကြားချက် 1 ခု
ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစတော့မယ် ပျိုးပင်တွေ ပျိုးဖို့ 15 ရက်လောက်အလိုမှာ ဒီ Green Way app မှာ ခရမ်ချဥ်နဲ့ပတ်သတ်ပီး ကျွန်တော်တို့ရာသီနှင့် ကိုက်ညီမည့် မည့်သည့်မျိုးစေ့ စိုက်ပျိုးရမလဲ လို့ မေးလိုက်တော့ ဆရာနှစ်ဦးလုံးက 909 ကိုပဲ စိုက်ဖို့အကြံပေးပါတယ် မနှစ်က ပံ 111 စိုက်ခဲ့တာကို အထွက်လဲကောင်းခဲ့ပါတယ် ဒါမဲ့ ဒီမှာမေးလိုက်တော့ 909 ကိုစိုက်ဖို့အြကံပေးပါတယ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်သေးဘူးပေါ့ ပံ 111 ကောင်းရဲ့နဲ့မညွှန်ပဲ ဘာလို့ 909 ကိုညွှန်ရလဲပေါ့ အတာနဲ့ စိတ်ထဲကတိကအောက်ဖြစ်တာနဲ့ ထပ်မေးခဲ့ပါတယ် ဆရာတို့ကလဲ ထပ်ဖြေပါတယ် 909 ပဲစိုက်ဖို့ အကြံပေးပါတယ် ကဲ ထားတော့ပေါ့ မေးပီးမှတော့မထူးတော့ဘူးပေါ့😄 909 ပဲမှာပီးပျိုးလိုက်တယ် အတာနဲ့အိမ် အမေအဒေါ်တွေကိုလဲ ပြောပြလိုက်တာပေါ့ဒီနှစ်မနှစ်ကမျိုးမဟုတ်ဘူး ဒီနှစ်မျိုးပြောင်းထားတယ်လို့ သူတို့ကလဲ ပြောတာပေါ့ " မနှစ်ကမျိုး အလုံးကကြီးသေးအလုံးကလှသေး ရေရှည်လဲအဆွတ်ခံသေး " အတာကိုနင်က ဘာလို မျိုးပြောင်းတာလဲ ဘာညာပြောတာပေါ့ ကျွန်တော်လဲ ဘာမှမပြောပဲ ငြိမ်ခံရတာပေါ့ ဒါမဲ့အခုသိလိုက်ရပါပြီ သီးလိုက်တာကလဲအဆုတ်လိုက် အလုံးကလဲ ကြီးသေးတယ်ဗျာ လှလိုက်တာသီးထားတာ ရောဂါကလဲကင်း ပိုးလဲရှင်းနေရော့ ဒီချိန်မှပဲ အသက်ရှူချောင်တော့တယ်ဆရာတို့ရေ အိမ်ကအေဒါ်တွေအမေကလဲ ဟုတ်သားပဲ လှလိုက်တာ ချောလိုက်တာနဲ့ အသီးကလဲအတော်သီးတယ် ဒါလောက်ပူလိုက် မိုးပြတ်သွားလိုက်ကို. အသီးက ကျမသွားပဲ သီးလိုက်တာဗျာ ပိုး / မှိုမျကအောင်လဲ ဆက်လက် စောင့်ကြည့်နေပါမယ်ခင်ဗျ ဒါကြောင့် ဆရာတို့ကဆရာပါပဲဗျာ ဆရာတို့အပေါ်မှာ သံသယတွေ ထားမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောကြားပါရစေခင်ဗျ..... 909 ခရမ်းချဥ်
U Yan • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....