တစ်ပတ်အတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ

04/02/2023 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စိတ်ဝင်စားစရာ အမေးအဖြေလေးတွေကို စုစည်းပြီးဖော်ပြပေးနေတဲ့ စနေနေ့လေးကနေ ကြိုဆိုလိုက်ပါတယ်ရှင့်။

ဒီတစ်ပတ်မေးခွန်းတွေကလည်း အရင်အခေါက်တွေလိုပဲ စိတ်ဝင်စားစရာတွေ လေ့လာမှတ်သားစရာတွေနဲ့ ပြည့်လို့နေပါတယ်။

အဲ့ထဲက မေးခွန်းတစ်ခုမှာတော့ စိုက်ပျိုးရေးလောကရဲ့ ကျေနပ်စရာကြီးကို တွေ့လိုက်ရတာပါ။ အဲ့တာကတော့ မိချောင်းသွယ်စပါးမျိုးကို ဧရာဝတီတိုင်းက တောင်သူကြီးဦးမန်းမြင့်အောင် ကိုယ်တိုင်မျိုးစပ် ထုတ်လုပ်ထားခြင်းပဲဖြစ်ပါတယ်။ တခြားအိမ်နီးချင်းနိုင်ငံတွေမှာတော့ မျိုးစပ်တာနဲ့ပတ်သက်ပြီး တောင်သူတွေကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်နေကြတာဟာ ကြာပြီဆိုတော့ ဒီကိစ္စဟာ မဆန်းတော့။ ကျွန်မတို့ နိုင်ငံအတွက်ကတော့ ဒါဟာဝမ်းသာစရာတစ်ခုပါ။ "တခြားမျိုးစပ်ထုတ်လုပ်ထားတဲ့ တောင်သူတွေကရော ရှိဦးမည်လား.. ဘယ်သူများပါလိမ့်" လို့ တွေးမိသွားစေတဲ့ အဖြေလေးပါပဲ။

နောက်ထပ်ရွေးချယ်ထားတာတွေကတော့ တောင်သူတွေအတွက် အလွန်အရေးကြီးပြီး သိကိုသိသင့်တဲ့ မေးခွန်းတွေမို့ပါ။ ခုနက ပီတိဖြစ်နေရသလို အခုကတော့ ပျာပျာသလဲ အမြန်ရေးရတဲ့ အဖြေတွေပေါ့။ အဲ့တာတွေကတော့ ပေါင်းသေစေချင်လို့ ပိုးသတ်ဆေး သုံးနေတာမျိုး ။ ကယ်လ်ဆီယမ်လိုအပ်တဲ့ မြေကို ထုံးထည့်တာမျိုး။ ထုံးတောင်မှ ကွမ်းယာထဲ ထည့်စားတဲ့ ထုံး။ အမလေး ... တော်သေးတာပေါ့ ... တို့ဦးကြီးတွေက ပွင့်ပွင့်လင်းလင်းလာမေးလို့ နို့မို့ဆို တလွဲတွေလုပ်မိကုန်ရော့မယ်။ မမေးပဲ လုပ်လိုက်တဲ့ ဦးကြီးတွေဆို အနာနဲ့ဆေးမတည့်တော့ပေကော...

ဒါ့ကြောင့် တခြားဦးကြီးတွေလည်း ဒီလိုမဖြစ်ဖို့အတွက် အစိမ်းရောင်လမ်းဆော့ဝဲရဲ့ အမေးအဖြေကဏ္ဍ ဝင်ရောက်ဆွေးနွေးကြဖို့ ဒီဆောင်းပါးလေးကနေပဲ ဖတ်ခေါ်လိုက်ပါတယ်နော်..

ဆိုတော့ ဒီတစ်ပတ်ရဲ့ စိတ်ဝင်စားစရာ မေးခွန်းနဲ့ အဖြေတွေက....

၁။ မေး (အောင်မြင့်မြတ်) -ကျွန်တော့် ဒေသဝက်မ နို့တစ်လုံးက နို့မလိုင်လို ဖြစ်နေပါတယ်။ ဝက်ကလေးများစို့မိပါက ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်လား ခင်ဗျာ။ ဘယ်လိုကုသရမလဲဆိုတာ ပြောပြပေးလို့ရမလား ဆရာတို့ ။

ဖြေ (နှင်းဖြူဖြူ) – ဝက်မနို့ထွက်ကောင်းရအောင် အစာကောင်းစွာကျွေးပြီး ရေဝလင်စွာတိုက်ပေးပါ။ အခန့်မသင့်ရင် ဝက်ကလေးတွေ ဝမ်းပျက်တတ်ပါတယ်။ နို့မလိုင်လို ဖြစ်နေတဲ့ နို့တစ်လုံးကို ဝက်လေးတွေ မစို့မိအောင် တတ်နိုင်သလောက်ဂရုစိုက်ပေးပါ။

၂။ မေး (ဦးစိန်ယွန်း) - စိုက်ပျိုးရေးဆရာများခင်ဗျာ ပဲ စိုက်ခင်းများမှာ ကယ်လ်ဆီယမ် ထုံးလိုအပ်တယ်လို့ ဆိုနေကြတော့ n,p,k, သပ်သပ်ပါဝင်တဲ့ ရွက်ဖျန်းဆေးတွေမှာ ကွမ်းယာဆိုင်က ဖောက်ထားပီးသားထုံးနဲ့ ၄ ဂါလံဝင်ပုံးမှာ တစ်ဇွန်းနှုန်း ရောထည့်ပီးတော့ ဖျန်းပေးချင်တယ် လုပ်သင့်လား။ မလုပ်သင့်လား လမ်းညွှန်ပေးပါ ဆရာတို့ခင်ဗျာ။

ဖြေ (ဦးခင်မောင်လတ်) - မရပါဘူး။ ကယ်လ်ဆီယံလိုအပ်ရင် ဂျစ်ဆန်ပက်လို့ရပါတယ် ကွမ်းယာဆိုင်တွေမှာသုံးတာက ဖောက်ထုံး ကယ်လ်ဆီယံ ဟိုက်ဒြောဆိုဒ်ပါ မြေချဥ်တာကိုပြုပြင်တာက မဖောက်ထုံး ကယ်လ်ဆီယံအောက်ဆိုဒ်မို့ အသုံးမပြုသင့်ပါဘူး။

(ဦးသက်လွင်) - မလုပ်သင့်ပါ။

၃။ မေး (စိုးမင်းအောင်) - မိချောင်းသွယ်ဆိုတဲ့စပါး စိုက်ပျိုးရေးဌာနတွေက ထုတ်ပါသလား၊ မျိုးသန့်ဘယ်မှာဝယ်လို့ရနှိုင်ပါသလဲသိချင်ပါတယ်။

ဖြေ (ဦးသက်လွင်) - ထိုအမည်နှင့်မထုတ်ပါဘူး ဌာနက ထုတ်ထားတဲ့မျိုးကို ဒေသအမည် ပေးထားလျှင်တော့ အခြားအမည်နဲ့ရှိနေနိုင်ပါတယ်။

(ဦးခင်မောင်လတ်) - မိချောင်းသွယ်ဆိုတဲ့ စပါးက စိုက်ပျိုးရေးဌာနကထုတ်ထားတာမဟုတ်ဘူး။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်- ငပုတောသွားတဲ့ ကားလမ်းက မိချောင်းသိုက်ရွာက တောင်သူကြီး ဦးမန်းမြင့်အောင်က မျိုးစပ်ထုတ်လုပ်ထားတဲ့ စပ်မျိုးပါ။ ဘယ်လောက်လိုချင်ပါသလဲ။ ရနိုင်မရနိုင် ချိတ်ပေးပါ့မယ်။

(Sithu Kyaw) - ထန်းဇင်လှ/ဆပ်သွားဘက်မှာရနိုင်ပါတယ်။

၄။ မေး (Ko Chit Myat Maung) - ပဲတီစိမ်းမြစ်ပုနဲ့ မြစ်ခြောက်ဖြစ်တဲ့ မြေကို ပဲတီစိးအနီစိုက်ချင်လို့ ရနိုင်လားဗျ။

ဖြေ (ဦးသက်လွင်) - နှံစားသီးနှံစိုက်မှသာ အဆင်ပြေပါလိမ့်မည်။ ပဲမျိုးစုံစိုက်နေပါက ပိုဆိုးလာဖို့သာ ရှိမည်ဖြစ်၍ မျိုးစေ့လူးနယ်ဆေး၊ မှိုဆေး၊ ထရိုင်ကိုဒါးမား တို့အား အပတ်စဉ်ပက်ဖြန်းပေးနေမှသာ အဆင်ပြေပါလိမ့်မည်။

(ဒို့ဦးလေး) - မျိုးတူသီးနှံမို့.မထူးလောက်ပါဘူးဗျ။

၅။ မေး (နေထက်) - ပေါင်းသတ်ဆေးမသုံးချင်လို့ ပိုးသတ်ဆေးဖြန်းနေတာအဆင်ပြေရဲ့လားဆရာတို့။

ဖြေ (ဒို့ဦးလေ) - ကန်သင်းပေါင်းမနိုင်ရင်၊ မြက်ဖြတ်စက်သုံးပါ။

(ဆုမြတ်နိုး) - ပေါင်းသတ်ဆေးဆိုတာက ကိုယ့်စိုက်ခင်းထဲက မလိုချင်တာတွေကို သတ်ပေးတဲ့ ဓာတုဆေးပါ ပိုးသတ်ဆေးဆိုတာက အပင်တွေမှာ ကျရောက်လာတဲ့ပိုးကောင်တွေကို ဖျန်းပေးရတဲ့ဆေးပါ အမျိုးအစားမတူလို့ သုံးလို့မရပါ။ ပိုးဆိုလည်း အကောင်မြင်တိုင်း သီးနှံတွေကို ဖျက်စီးပစ်မယ်လို့သတ်မှတ်လို့မရပါဘူး မိတ်ဆွေပိုးနဲ့ ဖျက်ပိုးဆိုပြီး ၂ မျိုးရှိပါတယ်။ စိုက်ပျိုးရေးရာ ဗဟုသုတတွေကို အစိမ်းရောင်လမ်းဆော့ဝဲက ဆောင်းပါးကဏ္ဍတွေမှာ ဝင်ရောက် လေ့လာကြည့်ပါနော်။

(Nilar) - ပိုးသတ်ဆေးဖြန်းလျှင် နှာခေါင်းစီးမက်စ် ခြေအိတ် လက်အိတ် စသည်တို့နှင့် အရေပြားမထိအောင် လုံခြုံစွာဝတ်ပြီးမှ ဖျန်းသင့်ပါသည်။ ကျန်းမာရေးအတွက် အန္တရာယ်များသောကြောင့် အကြံပြုပါသည်။

နောက်တစ်ပတ်တွေမှာလည်း စိတ်ဝင်စားစရာ အမေးအဖြေတွေနဲ့အတူပြန်လာခဲ့ပါ့မယ်ရှင့်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်