ကောက်နေတဲ့ ရုံးပတီသီးအကြောင်းနဲ့ တစ်ပတ်အတွင်းစိတ်ဝင်စားစရာ အမေးအဖြေများ

29/04/2023 16:13 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မင်္ဂလာပါရှင့်

စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမဲ့ စနေနေ့လေး ပြန်လည် ရောက်ရှိလို့လာပါပြီ။

ဒီတစ်ပတ်အတွင်းမှာ တောင်သူတွေရဲ့ စိုက်ခင်းမှာ ဘာပြဿနာတွေကြုံတွေ့နေရလဲဆိုတော့

၁။ မေး (Kyaw San Lin) - ရုံးပတီသီးအသီးကောက်နေလို့ဗျ အသီးကောက်တော့ကုန်သည်မယူဘူး။ ဘာဆေးလေးများပတ်ဖျန်းရင်ကောင်းမလဲ အကြံပြုကူညီကျပါဦးဗျ။

ဖြေ (  ဒို့ဦးလေး) - ရေနဲ့ အာဟာရ မလုံလောက်ရင် အဖျားကောက်တတ်ပါတယ်။ နောက်ပြီး စုပ်စားပိုး ၊ သီးထိုးပိုးကျရင်လည်း ကောက်တတ်ပါတယ်။ အဆီတာမီပရစ်အုပ်စု ဖျန်းပေးပါ။ ဆေးရွက်ကြီး၊ တမာ၊ ဆပ်ပြာ ပိုးသတ်ဆေးကျိုပြီး တစ်လှည့်ဖျန်းပေးပါ။ အီးအမ်နဲ့ ငါးအမိုင်နိုကိုလည်း အားဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ နှုန်းထားနည်းနည်းဖြင့် အကြိမ်ရေများများဖျန်းပါ။

ဒုတိယမေးခွန်းကတော့ စပါးပင်မှာ ရေနည်းနည်းနဲ့ များများထားတာက ဘယ်ဟာက ပိုကောင်းလဲဆိုတာပါ။ တခြားတောင်သူတွေပါ သိသွားဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

၂။ မေး (အာကာစိုး) - ရေစပ်စပ်နဲ့ ရေများများထည့်ထားတာက ဘယ်ဟာကအပင်ကိုပိုပွားစေလဲ။

ဖြေ (Ko Aung Moe San) - ရေစပ်စပ်။

(ဦးသက်လွင်) - ပင်ပွားလိုအပ်ချိန် ရေစပ်စပ်ထားရန် လိုအပ်ပြီး မလိုအပ်ချိန်တွင် ရေများများထားပြီး ပင်ပွားမထွက်နိုင်အောင် ရေမြုပ်သတ်ရပါတယ်။

နောက်မေးခွန်းလေးကတော့ ပူနေတဲ့ အပူချိန်ကြောင့် ငရုတ်ပျိုးပင်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲလေးတစ်ခုမို့ ဖော်ပြပေးလိုက်ပါတယ်နော်။

၃။ မေး (Myint Khaing) - ငရုတ်ပျိုးပင်အရပ် ၈ လက်မလောက်ရှည်ပြီး နေ့ဘက်နွမ်းနေတယ် ခုချိန်ချစိုက်လို့အဆင်ပြေမလား ဘယ်လိုပြင်ဆင်ရင်အဆင်ပြေမလဲဆရာ။

ဖြေ (ဒို့ဦးလေး) - နေပူချိန်ပြင်းထန်လို့ပါ။ အပူချိန်မြင့်ရင် ယာယီအရိပ်မိုးလေးလုပ်ပေးသင့်ပါတယ်။ မိုးလေးတစ်မိုးရွာပြီးမှ ချစိုက်ရင်ကောင်းမယ်။

(ဦးသက်လွင်) - ပျိုးပင်အား ရေဝအောင်ပေးပါ အပင်နိမ့်သော ပျိုးပင်ပုများကို အဓိက ရွေးချယ်စိုက်ပျိုးပါ။

ဒီမေးခွန်းလေးကတော့ ကျွန်မအားလုံးမျှော်နေတဲ့ မိုး....။ ရွာလာရင် စိုက်ဖို့ ဘာတွေပြင်ဆင်ရမလဲသိချင်သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်ရှင့်။ 

၄။ မေး (U Lay Doi) - မိုးကာလမှာနံနံပင်စိုက်ချင်တယ်။ ဘာတွေပြင်ဆင်ထားရမလဲ ဆရာ

ဖြေ (ဒို့ဦးလေး) - ပြင်ဆင်ရမှာကတော့.. ပေါင်းမျိုးစေ့များ မပေါက်နိုင်အောင် ပေါင်းအုပ်ဆေးသုံးပါ။ သို့မဟုတ် ပေါင်းတွေပေါက်ခိုင်းပြီး ထယ်ထိုးထွန်မွှေပါ။ ထယ်ရေးညက်ပြီး ရေမဝပ်အောင် ဘောင်ယောင်တင်ပေးပါ။ နံနံစေ့အနည်းငယ်ကို အဝတ်စဖြင့်ထုတ်ပြီး အပင်ပေါက်စမ်းသပ်ထားပါ။

ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်ပါဦးမယ်။

အခက်အခဲတွေအကြံဉာဏ်တွေလိုအပ်လာပြီဆိုရင် အစိမ်းရောင်လမ်းရဲ့ အမေးအဖြေကဏ္ဍမှာ အကူအညီပေးမဲ့ ဆရာတွေမျှော်နေကြောင်းကိုလည်း သတင်းကောင်းပေးပါရစေ။

အပူချိန်တွေမြင့်မားနေတဲ့ ကာလမို့ ဦးကြီးတို့အားလုံးကျန်းမာရေးကို ဂရုစိုက်ကြပါနော်။

ပြင်းထန်သည့်အပူဒဏ်အန္တရာယ်ကို ကာကွယ်ရန်အတွက် - 

  • ၁။ ရေများများသောက်ပါ။ ဆိုဒါ/သကြားပါသောအချိုရည်များကို မသောက်ပါနှင့်။ ၎င်းတို့သည် မိမိတို့ခန္ဓာကိုယ်တွင်ရှိသောရေဓာတ်ကို ပိုမိုဆုံးရှုံးစေပါသည်။ 
  • ၂။ ပြင်းထန်သောနေရောင်ခြည်နှင့် နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုကို ရှောင်ရှားရန်အတွက် အလုပ်အချိန်ဇယားစီစဥ်ပါ။ အပူရှိန်ပြင်းသည့် နံနက် (၁၁း၀၀) နာရီ မှ မွန်းလွဲ (၃း၀၀)နာရီအချိန်တွင် ခန္ဓာကိုယ်နှင့်အားစိုက်ပြီးလုပ်ရသည့်အလုပ်များ၊ ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ရှားရန်လိုအပ်ပါသည်။ 
  • အကယ်၍ ၎င်းအချိန်တွင် လယ်၊ ခြံယာထဲ၌ အလုပ်လုပ်ရန်လိုအပ်ပါက အေးမြသည့်အရိပ်အောက်တွင် မကြာခဏအနားယူပါ။ အေးမြသည့်အချိန် နံနက်စောစော၊ ညနေခင်းအချိန်တို့တွင် အလုပ်လုပ်ပါ။
  •  ၃။ အရေပြားကို ဖုံးလွှမ်းနိုင်သောအရောင်ဖျော့ဖျော့အဝတ်အစားများကို ဝတ်ပါ။ ဦးရေပြား၊ နားရွက်၊ လည်ပင်းတို့ကို ကာကွယ်ရန်အနည်းဆုံး(၃)လက်မအစွန်းရှိသော ဦးထုပ်ကို ဝတ်ဆင်ပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်