တစ်ပတ်အတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ

11/02/2023 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စိတ်ဝင်စားစရာ အမေးအဖြေလေးတွေကို စုစည်းပြီးဖော်ပြပေးနေတဲ့ စနေနေ့လေးပါရှင့်။

ဒီတစ်ပတ်မေးခွန်းတွေကလည်း စိုက်ပျိုးရေးကိုလုပ်ကိုင်နေတဲ့ တောင်သူဦးကြီးတိုင်း သိသင့်တဲ့ အကြောင်းအရာလေးတွေကချည်းပါပဲနော်။

ပထမဦးဆုံးပြင်ဆင်ထားတဲ့ မေးခွန်းလေးက နွေရာသီမှာ ပဲယင်းနီစိုက်လို့ရလားတဲ့။ ဒါလေးက မေးခွန်းကောင်းလေးတစ်ခုပါ။ ဘာလို့လဲဆိုတော့ ကျွန်မတို့က သီးနှံတစ်ခုကို စိုက်ပျိုးတော့မယ်ဆို အဲ့သီးနှံက ရေ၊ မြေ၊ ရာသီဥတုနဲ့ ကိုက်ညီဖို့ အလွန်ရေးကြီးပါတယ်။ လူတွေလိုပေါ့။ လူတွေကလည်း ကိုယ်ဝါသနာပါပြီး စိတ်အားထက်သန်တဲ့ အလုပ်ကိုလုပ်နေရမှ အောင်မြင်နိုင်သလို သီးနှံတွေဆိုတာ လည်း သူတို့နှစ်သက်တဲ့ နေရာလေးကိုရမှ အထွက်နှုန်းတွေကောင်းနိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့တတွေက သူတို့လေးတွေ ဘာလေးကိုနှစ်သက်မယ် ကြိုက်မယ်ဆိုတာ စဉ်းစားဖို့လိုသလို သူတို့လေးတွေနှစ်သက်မဲ့ ပတ်ဝန်းကျင်ကို ဖန်တီးလို့ရရင် ဖန်တီးပေးထားရမှာပါပဲ ဖြစ်ပါတယ်။ ဒါကြောင့်ဦးကြီးတို့က သီးနှံလေးတွေစိုက်တော့မယ်ဆို ရာသီဥတုနဲ့ ကိုက်မကိုက်ကို တစ်ချက် ထည့်သွင်းစဉ်းစားကြပါဦးနော်။

၁။ မေး ( U Kyaw Thein Soe) - နွေရာသီမှာ ပဲယင်းနီကိုစိုက်လို့ အဆင်ပြေလောက်လား ခင်ဗျ။

ဖြေ (  ဒို့ဦးလေး) – မိုးနှောင်းစိုက်တာ ပိုအဆင်ပြေမယ်။ နွေရာသီ အဆင်မပြေလောက်ပါဘူး၊ စမ်းသပ်ရုံသာ စိုက်စေချင်ပါတယ်။

(ဦးသက်လွင်) - ပဲယင်းနီသည် ရာသီလိုက်သော သီးနှံဖြစ်၍ဆောင်းသီးနှံအတွက်ပင်လျှင် အောက်တိုဘာလ နောက်ပိုင်းစိုက်၍ မသင့်ပါ။ နွေရာသီတွင် လုံးဝ(လုံးဝ) စိုက်၍မရပါ။

နံပါတ် (၂) မေးခွန်းကလည်း နံပါတ် (၁) နဲ့ဆက်စပ်နေတဲ့မေးခွန်းလေးပဲဖြစ်ပါတယ်။ ခရမ်းချဉ်ကို ဘယ်အချိန်စိုက်မလဲပေါ့။ ကျွန်မကတောာ့ လွယ်လွယ်ပဲ မှတ်ထားလိုက်တယ်။ အပင်လေးတွေစိုက်မယ်ဆို နေအေးတဲ့အချိန် (နေအပူချိန်မရှိတဲ့အချိန်) ဆိုပြီး။ လူတွေနဲ့ပဲ ဥပမာပေးရမှာပဲ ...ကျွန်မတို့တောင် နေပူရင်အလုပ်မလုပ်ချင်ဘူးလေ။ သူတို့လည်း ဒီလိုပဲ။ ရွှေ့ပြောင်းစိုက်မှာဆို ပိုဆိုးတာပေါ့။ Shock ရသွားနိုင်တဲ့အကြောင်းအရာတွေက အများကြီးရှိရကြားထဲ နေအပူချိန်နဲ့ဆို ဘယ်ခံနိုင်ပါလိမ့်။ 

၂။ မေး (အောင်မျိုး) - ခရမ်းချဉ်ကိုမနက်စိုက်တာနဲ့ ညနေစိုက်တာဘယ်ဟာက ပိုကောင်းလဲဗျအခုစိုက်မလို့ပါ။

ဖြေ (ဒို့ဦးလေး) - ပျိုးထုပ်စိုက်ရင် မနက်ရော ညနေရော စိုက်လို့ရပါတယ်။ ပျိုးပင်စိုက်ရင်တော့...ညနေ နေညိုချိန် စိုက်တာကောင်းပါတယ်။ 

(ဦးကိုမင်း) - ပျိုးထုပ်စိုက်ရင် ဒို့ဦးလေး ပြောသလို စိုက်ပါ မစိုက်ခင် ပျိုးအိတ်ကို ရေနူးအိ နေအောင်လောင်းပါ စိုက်ရေဝေးသည့် ဒဏ်ခံနိုင်ပါသည်။ စိုက်ခင်းမကျယ်ရင် ညနေစိုက်တာ နေပူဒဏ်မမိခြင်းကြောင့် အပင်ဆုံးရှုံးမှုနည်းပါသည်။

နောက်ဆုံး မေးခွန်းလေးက အခုရာသီချိန်နဲ့ ကိုက်လို့ ရွေးချယ်ထားဖြစ်တာလေးပါ။ မကြာခင် ပဲတွေရိတ်သိမ်းကြတော့မယ်။ မျိုးယူမဲ့ သူတွေလည်း ယူကြမှာဆိုတော့ အစိုဓာတ်ကို ဘယ်လောက်ရာခိုင်နှုန်းအထိ ထားသင့်လဲဆိုတာ သိရှိစေဖို့အတွက်ရွေးပေးလိုက်ရှင့်။

၃။ မေး (Kyaw Kyaw Oo) - ပဲမျိုးစုံ မျိုးယူရာတွင် အစိုဓာတ်% ရာခိုင်နှုန်း ဘယ်လောက်ထိ ခြောက်အောင် နေလှမ်း ရလဲဗျ..တောင်သူအများစု ဘယ်လိုမျိုးယူကြလဲဗျ..ကျေးဇူးပါ။

ဖြေ (ဦးသက်လွင်) - ပဲမျိုးအတွက် အစိုဓာတ် ရာခိုင်နှုန်း 10 အောက် အခြောက်လှမ်းပြီး အိတ်၊ ပေပါ၊ ပုတ် တို့အား လေလုံအောင် ပိတ်၍ မျိုးအဖြစ် ထားကြပါတယ်။

အခုလိုမျိုး မေးခွန်းလေးတွေမေးချင်တယ်၊ ဆရာတွေတိုင်ပင်ဆွေးနွေးချင်တယ်ဆို အစိမ်းရောင်လမ်းရဲ့ အမေးအဖြေကဏ္ဍမှာ အားမနာစတမ်း ပို့စ်တင်မေးနိုင်ပါတယ်ရှင့်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်