ကကတစ်ငါး စီးပွားဖြစ် မွေးမြူနည်းများ အပိုင်း-၃

07/10/2022 15:15 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

(၂) ကကတစ်ငါးအား ကန်ဖြင့်မွေးမြူခြင်း

ကကတစ်ငါးအား ကန်ဖြင့်မွေးမြူရာတွင် နည်းစနစ်(၂) မျိုးဖြင့်မွေးမြူနိုင်ပါသည်။

(က) ကကတစ်ငါးတစ်မျိုးတည်းသာ မွေးမြူခြင်းနည်းစနစ် (Monoculture) နှင့်

(ခ) ကကတစ်ငါးအား အခြားငါးအမျိုးအစားများဖြင့်ရောနှောမွေးမြူခြင်း နည်းစနစ် (Polyculture)တို့ ဖြစ်ကြပါသည်။ 

ရောနှောမွေးမြူခြင်းနည်းစနစ်၏ ဥပမာတစ်ခုမှာ ကကတစ်ငါးအား အစားခံငါးဖြစ်သည့် တီလားပီးယား ငါးနှင့် ရောနှောမွေးမြူခြင်း ဖြစ်ပါသည်။ 

မွေးမြူရေးကန်အတွက် ရေ၏အရည်အသွေး

ကကတစ်ငါးတစ်မျိုးတည်း မွေးမြူသည့်နည်းစနစ်ဖြင့်သော်လည်းကောင်း၊ အခြားငါးများနှင့် ရောနှောမွေးမြူသည့် နည်းစနစ်ဖြင့်သော်လည်းကောင်း၊ ကကတစ်ငါးအား မွေးမြူရာတွင် ရှိသင့်သော ရေအရင်းအမြစ်၏ အရည်အသွေးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။        အမျိုးအမည်            ပမာဏ

    ချဥ်ငန်နှုန်း pH           7.5 to 8.5

   ပျော်ဝင်အောက်ဆီဂျင်   4 to 9 ppm

   အငန်နှုန်း                      10 to 30 ppt

   အပူချိန်                          26 to 32°C

   အမိုးနီးယား                    < 1 ppm

   Hydrogen sulphide       < 1 ppm

   ရေ၏နောက်ကျိနှုန်း       < 10 ppm တို့လိုအပ်ပါသည်။

ငါးကန်တည်ဆောက်ပုံ

  • ကကတစ်ငါးကန်အား တည်ဆောက်ရာတွင် ဒီရေအတက်အကျနှင့် ချိန်ဆပြီး ရေသေပတ်ရေကျချိန်တွင် ကန်မှရေများအား အကုန်အစင်ဖောက်ထုတ်နိုင်ပြီး ရေထပတ်ရေထချိန်တွင် စက်အားမသုံးဘဲ ဒီရေအားဖြင့်ကန်အား ရေပြန်လည်ဖြည့်တင်းပေးနိုင်ရန်အတွက် ချိန်ဆတည်ဆောက်လေ့ရှိပါသည်။
  • ကန်တည်ဆောက်မည့်မြေသားသည် ရေအားထိန်းသိမ်းထားနိုင်ရန်အတွက် လုံလောက်သော ရွံ့စေး ပမာဏပါဝင်ရန် လိုအပ်ပါသည်။
  • ကန်၏မြေသားသည် မြေချဥ်(acid sulphate soil) မဖြစ်စေရန်ရှောင်ရှား၍ တည်ဆောက်ရမည်ဖြစ် ပါသည်။
  • ငါးကန်အကျယ်အဝန်း
  • ကကတစ်မွေးမြူသောကန်များသည် အများအားဖြင့် ဧကဝက်ခန့်မှ စတင်ကာ ၅ဧကအထိ အကျယ်အဝန်းရှိသော ကန်များဖြစ်ကြပါသည်။
  • ရေအနက်အနေဖြင့် ၄ပေ မှ ၅ပေခန့် ရှိကြပါသည်။
  • ကန်အောက်ခြေအား ရေထုတ်ပေါက်ဘက်သို့ ဆင်ခြေလျှောတည်ဆောက်ထားကြလေ့ရှိပါသည်။

ကန်ပြင်ဆင်မှု

  • ကန်ပြင်ဆင်မှုမှာ သာမန်ငါးတစ်မျိုးတည်းသာ မွေးမြူသည့်ကန်များအတိုင်း ပြင်ဆင်နိုင်သော်လည်း အခြားငါးများနှင့် တွဲဖက်၍ရောနှောမွေးမြူနည်းဖြင့် မွေးမြူမည်ဆိုပါက သဘာဝအစာပေါက်ဖွားရန် အတွက် ကြက်ချေးအား ၂ ဧကခွဲ ကန်တွင် ပိဿာ ၆၀၀ ခန့်အား ထည့်သွင်းပေးရပါမည်။
  • ထိုသို့ကြက်ချေးထည့်သွင်းခြင်းအား မဆောင်ရွက်မီ ပင်လယ်ကမ်းစပ်မြေသားများတွင် တွေ့ရလေ့ရှိသော မြေသား၏ အချဥ်ဓာတ်အား ထုံးဖြင့်မျှခြေသို့ရောက်ရှိအောင် ဖြေလျှော့ပေးရန်လိုအပ်ပြီး ရေအားလည်း သဘာဝအစာပေါက်ဖွားမှု အပေါ်အခြေခံ၍ တဖြည်းဖြည်းထည့်သွင်းပေးရန် လိုအပ်မည်ဖြစ်ပါသည်။

သားပေါက်ထည့်သွင်းနှုန်း

ကကတစ်တစ်မျိုးတည်းသာ မွေးမြူသောနည်းစနစ်တွင် ကကတစ်သားပေါက်ထည့်သွင်းနှုန်းသည် ၁ဧက လျှင် ၃ လက်မ မှ ၄ လက်မအရွယ်ရှိ ကကတစ်သားပေါက်ကောင်ရေ ၄၀၀၀ မှ ၈၀၀၀ အထိ ထည့်သွင်း မွေးမြူလေ့ရှိကြပါသည်။

ကကတစ်နှင့် အခြားငါးများအား ရောနှောမွေးမြူသောနည်းစနစ်တွင်မူ ကကတစ်သားပေါက် ထည့်သွင်း နှုန်းသည် ၁ ဧက လျှင် ၃ လက်မ မှ ၄ လက်မအရွယ်ရှိ ကကတစ်သားပေါက် ကောင်ရေ ၁၂၀၀ မှ ၂၀၀၀ အထိ ထည့်သွင်းမွေးမြူလေ့ရှိကြ ပါသည်။

ကကတစ်ငါးတစ်မျိုးတည်းသာ မွေးမြူသောနည်းစနစ်

ကကတစ်ငါးတစ်မျိုးတည်းသာ မွေးမြူသောနည်းစနစ်တွင် အစာအဖြစ် ငါးနုတ်၊ ငါးဖွဲများအား နေ့စဥ် ကျွေးမွေးရသည့်အတွက် ပိုလျှံသောအစာများကြောင့် ရေထုညစ်ညမ်းမှု ဖြစ်လာနိုင်သည့်အတွက် မွေးမြူ ရေးကန်ရေအား နေ့စဥ်ပုံမှန်လဲလှယ်ပေးရန်လိုအပ်ပါသည်။

အခြားငါးများနှင့် ရောနှောမွေးမြူသည့် နည်းစနစ်တွင်မူ ကန်ရေ၏ ၅၀ ရာခိုင်နှုန်းအား ၃ ရက်လျှင် ၁ ကြိမ် လဲလှယ်ပေးရမည်ဖြစ်ပါသည်။

ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် သဘာဝအစာထုတ်လုပ်မှုအား အကောင်းဆုံးအနေအထားတွင် ထိန်းသိမ်း ထားနိုင်မည်ဖြစ်ပါသည်။

ကကတစ်တစ်မျိုးတည်း မွေးမြူသောနည်းစနစ်တွင် အစာကျွေးမွေးမှုအား လှောင်အိမ်ဖြင့်မွေးမြူသည့် နည်းစနစ်အတိုင်း ကျွေးမွေးရမည်ဖြစ်ပါသည်။

အခြားငါးဖြင့် ရောနှောမွေးမြူသည့်နည်းစနစ်တွင်မူ ကကတစ်ငါးများအား သီးသန့်အစာကျွေးမွေးပေးရန် မလိုအပ်ဘဲ ကကတစ်အစာအတွက်ထည့်သွင်းမွေးမြူထားသောငါးများ(တီလားပီးယားငါး)ကိုသာ ဖမ်းယူ စားသုံးကြမည်ဖြစ်ပါသည်။

အများစုအသုံးပြုသော ရောနှောမွေးမြူနည်းစနစ်မှာ

ကကတစ်နှင့် တီလားပီးယားငါး ရောနှောမွေးမြူခြင်း

ကကတစ်ငါးနှင့်တီလားပီးယားငါးအား ရောနှောမွေးမြူရာတွင် တီလားပီးယားငါးအငယ်များသည် ကကတစ်ငါးများအတွက် အစာဖြစ်ပါသည်။

သို့ဖြစ်ရာ တီလားပီးယားငါးများသည် ကကတစ်ငါးများအတွက် အစားအဖြစ်ထောက်ပံ့မှုအား မွေးမြူရေး ကာလတစ်လျှောက်လုံးတွင် စဥ်ဆက်မပြတ် လုံလောက်စွာထောက်ပံ့ပေးနေရန်လိုအပ်ပါသည်။

၄င်းအနေအထားအား ရရှိရန်အတွက် အသုံးများသော ကကတစ်နှင့်တီလားပီးယားငါးအချိုးမှာ ကကတစ် ၁ ကောင် လျှင် တီလားပီးယားငါး ၅ ကောင်နှုန်းဖြစ်ပြီး ကကတစ်ငါးအား မထည့်သွင်းမီ တီလားပီးယား ငါးများအား ကြိုတင်မွေးမြူထားရန်လိုအပ်ပါသည်။

  • ကကတစ်၊ငါးတိန်း နှင့် တီလားပီးယားငါး ရောနှောမွေးမြူခြင်း 
  • ကကတစ်နှင့် ကျောက်ငါးရောနှောမွေးမြူခြင်း
  • ကကတစ်နှင့် ရေမှော် ရောနှောမွေးမြူခြင်း
  • ကကတစ်၊ ကျောက်ငါးနှင့် ရေငန်ပုစွန်ရောနှောမွေးမြူခြင်းစသော နည်းစနစ်များဖြစ်ပါသည်။

အပိုင်း (၁) နဲ့ (၂) ကို အောက်ပါလင့်ခ်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်

https://greenwaymyanmar.com/posts/Seabass_Commercial_Farming
https://greenwaymyanmar.com/posts/Commercial_farming_seabass

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်