အောက်တိုဘာလအတွင်း တောင်တရုတ်ပင်လယ်ပြင်တွင် မုန်တိုင်း ၄ လုံးဖြစ်ပေါ်နိုင်

27/09/2021 09:35 AM တွင် SU SU SAN (မိုးလေဝသပညာရှင်) SU SU SAN (မိုးလေဝသပညာရှင်) မှ ရေးသား

    တောင်တရုတ်ပင်လယ်ပြင်တွင် မုန်တိုင်း ၄ လုံးဖြစ်ပေါ်နိုင်ပြီး တစ်လုံးသည် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းကို ခြိမ်းခြောက်နိုင်ပါတယ်။ ၎င်းရဲ့လေထုလေစီးဆွဲယူအားက မြန်မာနိုင်ငံ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ထိုင်းနိုင်ငံတို့ကို andaman sea အတွင်းမှ ရေငွေ့ပါတဲ့မိုးတိမ်များ သယ်ဆောင်ဖြန့်ချီမှာဖြစ်သဖြင့် မိုးများစွာရွာသွန်းနိုင်ပါတယ်။

    အထူးသတိထားဖို့ပြောလိုတာက တနင်္သာရီတိုင်း ကြီးသည် မုန်တိုင်း တုံကင်ပင်လယ်ကွေ့ဝင်ရောက်ချိန် လေစီးတည့်တည့်ကျရောက်ဖို့ အလားအလာအများဆုံး တွက်ချက်ရယူထားပါသဖြင့် တနင်္သာရီတောင်တန်းကြီးပေါ် တောင်တက်မိုးက အလွန်ဆိုးရွားပြင်းထန်တဲ့မိုးတွေ ရွာနိုင်သဖြင့် အချိန်ပြည့်စောင့်ကြည့်ရမယ့် လတစ်လဖြစ်လာဦးမှာပါပဲ။ ၎င်းမုန်တိုင်းတွေရဲ့ 𝑼𝒑𝒑𝒆𝒓 𝒂𝒊𝒓 𝒄𝒊𝒓𝒄𝒖𝒍𝒂𝒕𝒊𝒐𝒏 (𝑼𝑨𝑪) အထက်လေဝဲစနစ်တွေကလည်း ကရင်ပြည်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တွေကိုဖြတ်ကျော်ကာ ဘင်္ဂလားပင်လယ်အော်အတွင်း သွားရောက်ကြမှာဖြစ်လို့  ရိတ်သိမ်းကြမည့်သူများအတွက် ဖျက်မိုးအန္တရာယ်ရှိနေပါကြောင်း ချစ်တဲ့မြန်မာပြည်ကြီးအတွက် ခန့်မှန်းပေးလိုက်ပါတယ်ရှင့်။ 

𝙎𝙐 𝙎𝙐 𝙎𝘼𝙉

   𝙎𝙀𝙉𝙄𝙊𝙍  𝙈𝙀𝙏𝙀𝙊𝙍𝙊𝙇𝙊𝙂𝙄𝙎𝙏

  𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧 &

    𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝙄𝙣𝙩𝙚𝙡𝙡𝙞𝙜𝙚𝙣𝙘𝙚 𝙊𝙛𝙛𝙞𝙘𝙚𝙧


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်