အောက်တိုဘာ (၉) ရက်နေ့အတွက် စုစုစံရဲ့ မိုးလေဝသခန့်မှန်းချက်စုစည်းမှု

09/10/2021 09:38 AM တွင် SU SU SAN (မိုးလေဝသပညာရှင်) SU SU SAN (မိုးလေဝသပညာရှင်) မှ ရေးသား

🕔 မွန်းလွဲ ၁း၀၀ အချိန် ခန့်မှန်းချက်

🌧🌧🌧 ရခိုင်ရိုးမအရှေ့သတိ🌧🌧🌧🌧

တောင်တရုတ်ပင်လယ်ပြင်မှမုန်တိုင်းတွေရဲ့အထက်လေစီး UAC upper air circulation conditions များသည် မြန်မာနိုင်ငံကို အရှေ့မှအေနောက်သို့ လာရောက်မှာဖြစ်ပါတယ် ကမ္ဘာအမြင့်ပေ ၁၅၀၀၀၀မှ ၁၈၀၀၀၀ အမြင့်လေဝဲလည်လာမယ့်လေထုသည် မြန်မာနိုင်ငံ ပဲခူးရိုးမပေါ်ရောက်ရှိလာတဲ့အခါပေ၅၀၀၀အထိ စိုက်ဆင်းလာမှာဖြစ်ပြီးရခိုင်ရိုးမနှင့်ထိတွေ့ကာ အောက်တိုဘာလ ၁၂ရက် ၁၃ရက်တွေမှာ ရခိုင်ရိုးမအရှေ့ဖက် တောင်တန်းတွေပေါ်မှာ မိုးများစွာရွာသွန်းနိုင်သဖြင့် ဧရာဝတီတိုင်းအနောက်ပိုင်း ပဲခူးတိုင်းအနောက်ပိုင်း  ပြည်ခရိုင် မကွေးတိုင်းအနောက်ပိုင်း သရက်ခရိုင် မင်းတုန်း မကွေးခရိုင် မင်းဘူးခရိုင် စကု ပွင့်ဖြူ ရွှေစက်တော်လပဒါန်း မံဇလီ ကံပြား ကန်ဇွန်းမ လောင်းရှည် စေတုတ္တရာ မုန်းဆည် မန်းဆည် ပြီးအုံပြီးဝဆည် ရင်းရှည်တမံ စလင်းတမံ လင်းဇင်းဆည် အိုက်းမဆည် စလင်း ရှောက်တော ဆင်ဖြူကျွန်း ဆိပ်ဖြူ ဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်ပါတယ် ဧရာဝတီဖြစ်အနောက်ဖက်ပိုင်း ရခိုင်ရိုးမကို မြစ်ဖျား ချောင်းဖျားခံတဲ့ မြစ်ချောက်းအနီးနေထိုင်ကြသူတွေအထူးသတိထားရမှာဖြစ်သလို ရေထိမခံနိုင်တဲ့လုပ်ငန်းလုပ်ဆောင်နေသူများ ရိတ်သိမ်းနေ​ကြတဲ့တောင်သူလယ်သမားများ ဆည် တမံ တာဝန်ခံ Engineers များ  ပျက်စီးမှု မရှိစေရန်ကြိုတင်သိရှိပြင်ဆင်နိုင်ရန် ရက်ကြိုတင်ပြီးခန့်မှန်းပေးလိုက်ရတာဖြစ်ပါတယ်ရှင့်

စာကိုသေချာစွာဖတ်ပါ ရက်စွဲကိုသေချာစွာဖတ်ပါ ဒေသတွေကို သေချာကျက်မှတ်ပါ ကိုယ့်ဒေသပါရင် ကြိုတင်ပြင်ဆင်ပါ

 

​ကြိုတက်သိရှိပြင်ဆင်ခြင်းဖြင့် ပျက်စီးမှုကင်းဝေးရမည်

 

🕔 နံနက် ၉း၁၇ အချိန် ခန့်မှန်းချက်

    ဆိုက်ဘေးဒီးယားတွင်high pressure လေဖိအားမြင့်များ ဝင်ရောက်လာနေပြီး တိဘက်ကုန်းမြင့်လေးစီးများ ကချင်ပြည်နယ်အထက်ပိုင်းကို စတင်သက်ရောက်လာနေကာ ကချင်ပြည်နယ်အထက်ပိုင်းတွင် Northeast monsoon စတင်ဝင်ရောက်လာနေပြီး နောက် ၄၈ နာရီမှ၇၂ နာရီအတွင်း ကချင်ပြည်နယ်မှ အနောက်တောင် မုတ်သုန်လေဆုတ်ခွာလာနိုင်ပါတယ်။ တစ်ပတ်အတွင်း တောင်တရုတ်မုန်တိုင်းလေစီးများနှင့် အနောက်ဖက်မှ ဟိမဝန္တာလေစီးများကနေ ကချင်ပြည်နယ်မှာ မုတ်သုန်လေဆုတ်ခွာသော်လည်းပဲ မိုးအနည်းငယ်ရွာသွန်းနိုင်ပါသေးတယ်။ မုတ်သုန်လေ ဆင့်ကဲဆုတ်ခွာမှုအခြေအနေများကို အချိန်အလိုက်တွက်၍တင်ပေးသွားမှာပါ။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများနှင့် ဘင်္ဂလားပင်လယ်အော်တို့မှ အနောက်တောင်မုတ်သုန်လေသည် အောက်တိုဘာလ ၁၅ ရက်နေ့မှ စတင်ကာ တဖြေးဖြေးဆုတ်ခွာသွားနိုင်ပါတယ်။

🕔 နံနက် ၅း၀၀ အချိန် ခန့်မှန်းချက်

    ၂၀၂၁ အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မုတ္တမပင်လယ်ကွေ့ဒေသများနှင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတွေမှာ တောင်တရုတ်ပင်လယ်မှ မုန်တိုင်းတွေရဲ့ UAC upper air circulation အထက်လေဝဲစနစ်တွေရောက်ရှိလာပြီး မိုးတွေရွာပါဦးမယ်။ မုတ်သုန်လေလည်း မဆုတ်ခွာသေးပါဘူး။ စိုက်ပျိုးရေးသမားများနှင့် တောင်သူလယ်သမားများ၊ ရေထိမခံနိုင်သောလုပ်ငန်းလုပ်ဆောင်နေသူများအတွက် ပျက်စီးဆုံးရှုံးမှုမရှိစေရန် စီမံဆောင်ရွက် ကြိုတင်သိရှိလုပ်ဆောင်နိုင်ရန် ၂၄ နာရီလုံး မိုးလေဝသဂြိုလ်တုများကနေ လေစီးမိုးတိမ်များကိုအခြေခံပြီး ရက်ဝေးရက်နီး စနစ်တကျ ခန့်မှန်းပေးနေပါတယ်။ အားလုံးအဆင်ပြေကြပါစေ။

𝙎𝙐 𝙎𝙐 𝙎𝘼𝙉
𝙎𝙀𝙉𝙄𝙊𝙍
𝙈𝙀𝙏𝙀𝙊𝙍𝙊𝙇𝙊𝙂𝙄𝙎𝙏
𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧 &
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝙄𝙣𝙩𝙚𝙡𝙡𝙞𝙜𝙚𝙣𝙘𝙚 𝙊𝙛𝙛𝙞𝙘𝙚𝙧

မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်