ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆည်ကိုးခု ရေလျှံကျနိုင်၍ ဆည်အောက်ကျေးရွာနေပြည်သူများအား သတိပေးချက်များထုတ်ပြန်
ပဲခူးတိုင်းအတွင်းရှိ ဆည်ကိုးခုတွင် ရေလျှံမှုများဖြစ်ပေါ်နိုင်သောကြောင့် ဆည်အောက်ရောက်ရှိနေသည့် ကျေးရွာနေပြည်သူများအား သတိပေးချက်များ ထုတ်ပြန်ပေးနေကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူက ဇူလိုင် ၂၆ ရက်တွင် ပြောသည်။
ယခုရက်ပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး၌ မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ဆည်ကိုးခုသည် သတ်မှတ်ရေပမာဏထက်ကျော်လွန်လာပြီး ရေပိုလွဲများမှ ဆည်ရေလျှံကျမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
"ဆည်ကိုးခုရှိမှာ ရေလျှံနေတဲ့အတွက် သတိပေးမှုတွေ ပြုလုပ်ထားပါတယ်။သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတစ်ဆင့် ဆည်အောက်ကျေးရွာတွေကို သတိပေးထားတာပါ။သတ်မှတ်နှုန်းထားထက် ရေပိုလျှံမှုတွေ ဖြစ်ပေါ်လာရင် ရေလျှော့ချရမယ့် အခြေအနေတွေကိုပါ သတိပေးထားပါတယ်။ဆည်တွေရဲ့ ကြံ့ခိုင်မှုကို ထိခိုက်မှု မရှိအောင်လည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်"ဟု အဆိုပါဝန်ကြီးဌာနမှ သက်ဆိုင်ရာပုဂ္ဂိုလ်က ရှင်းပြသည်။
ဆည်ရေလျှံနေမှုများမှာ ပဲခူးတိုင်းအနောက်ခြမ်းတွင်ခုနှစ်ခုအရှေ့ခြမ်းတွင်နှစ်ခုရှိကြောင်း ဆည်မြောင်းပညာရပ်အရ ရေပိုလွှဲကနေ ရေကျော်တယ်ဆိုတာက ကန်ရဲ့ သိုလှောင်နိုင်မှုပမာဏထက် များလာခြင်းဖြစ်ကြောင်း စိုးရိမ်စရာ အခြေအနေများ ဖြစ်ပေါ်လာပါကအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတ်မှတ်ရေပမာဏထက်ကျော်လွန်ပြီးရေပိုလွှဲများမှ ရေလျှံကျလာသော ဆည်များမှာ ပဲခူးတိုင်းအရှေ့ တောင်ငူခရိုင်မှ မင်းရဲရေလှောင်တမံ ၊ ငမြေရေလှောင်တမံ တို့ဖြစ်ပြီး။ ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်မှ တောင်နဝင်းရေလှောင်တမံ ၊ ဝဲကြီးရေလှောင် တမံ ၊ သာယာဝတီခရိုင်မှ ညောင်ကိုင်းရေလှောင်တမံ ၊ ဝေါရေလှောင်တမံ၊ တောင်ညိုရေလှောင်တမံ ၊ သဲကောရေလှောင်တမံ ၊ မုက္ခာရေလှောင် တမံတို့ ဖြစ်ကြောင်း သိရသည်။
မြန်မာတိုင်းမ်
မူရင်းလင့် - https://myanmar.mmtimes.com/news/113348.html
ဆက်စပ်ဆောင်းပါးများ
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
ဆက်စပ်မေးခွန်းများ
ပိုးလားမှိုလားခင်ဗျ ပိုးဆေးကအာဘာမက်တင် ပရိုဖီနိုဖော့ဖြန်းထားပါတယ်ခင်ဗျမှိုဆေးကတော့ကော့ပါး +ကာဇူကာမိုင်ဇင်သုံးထားပါတယ် အမိုင်နိုပါတဲ့အားဆေးကိုပိုးဆေးးနဲ့တွဲပြီးဖြန်းထားပါတယ်ခင်ဗျ အဆင်ပြေမဲ့ဆေးနဲ့လိုအပ်ချက်တွေညွန်းပေးပါအုံးခင်ဗျ
ခင်ဇော်ဝင်း • ဖြေကြားချက် 0 ခု
မြေပဲခင်း ရက်40သားရပီ ဘာဆေးဖြန်းပေးရမလည်းဆရာတို့
Win Min • ဖြေကြားချက် 0 ခု
trichoderma အသုံးပြုနည်း သိပါရစေဆရာတို့ လူးနယ်ဆေး မြေခံထည့် ရွတ်ဖြန်း တို့ပြုလုပ်ရာမှာ သုံးရမယ့် ထရိုင်ကိုဒါးမားအမှုန့် ပမာဏကို တိတိကျကျ မသိဘူး ဖြစ်နေလို့ပါ
Khing Hein • ဖြေကြားချက် 0 ခု
ဧရာပဒေသာ၆၃ရက်သားအပေါ်အရွက်၃ရွက်အောက်ကအရွက်ရင့်တွေပုံပါအတိုင်းဖြစ်နေလို့ရောဂါလားအဟာရတောင်းတာလားခဗျပိုးတော့ရှင်းပါတယ်ခဗျာ
kyaw zin • ဖြေကြားချက် 2 ခု
ကလောက်ဒီ sulfur 80% ဆေးထုပ်မှာ ခရမ်းချဉ်ကို ဆေးတပုံး 200gလို့ညွှန်းထားဝာာ အဲတာဖြန်းလို့ရလားဗျ
Htet Lin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
More from Thein Soe Min
အားလုံး
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
20/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026