၁။ ဆိတ်ကလေးမွေးဖွားပြီးပြီးချင်း ဦးခေါင်းကို သုတ်ပေးပါ။ လွတ်လပ်စွာ အသက်ရှူနိုင်ရန်ဖြစ်သည်။
၂။ ချက်ကြိုး၏အဖျားပိုင်းကို (၁၀ ရာခိုင်နှုန်း) အိုင်အိုဒင်းရည်ထဲသို့ နှစ်ထားခြင်းဖြင့် ကူးစက်တတ်သောရောဂါများမှ ကာကွယ်နိုင်မည်ဖြစ်သည်။
၃။ အကယ်၍ ချက်ကြိုးမှ သွေးယိုစီးနေပါက အဖျားတစ်ဖက်တွင် သွေးရပ်သွားအောင် လိမ်ထားခြင်း (သို့မဟုတ်) ကြိုးဖြင့်ချည်ထားခြင်းပြုလုပ်ပါ။
နို့ဦးရည်ခေါ် (Colostrum) သည် ကလေးမွေးဖွားပြီး ပထမရက်မှ ခုနှစ်ရက်အထိ မိခင်ဆိတ်မမှ ထုတ်ပေးသော ထူပျစ်၍ အဝါရောင်ရှိသော နို့ရည်ဖြစ်သည်။
၎င်းနို့ရည်၏ အသုံးဝင်ပုံနှင့် အရေးကြီးအချက်(၃)ခုတို့မှာ-
(၁) ၄င်းနို့ရည်တွင် ကူးစက်တတ်သောရောဂါကို ခုခံနိုင်စွမ်းရှိသော ပဋိဇီဝဓာတ်ပါရှိသောကြောင့် အထူးသဖြင့် အစာလမ်းကြောင်းတစ်လျှောက်တွင်ဖြစ်တတ်သော ရောဂါများမှ ယာယီအားဖြင့် ကာကွယ်ပေးသည်။
(၂) သန္ဓေသားနှင့်စပ်ဆိုင်သောအရာများ အစာလမ်းကြောင်း၌စုမိ၍ မလိုလားအပ်သည်များ ဖြစ်ပေါ်လာခြင်းကို ရှင်းလင်းပေးသည့် သဘာဝဓာတ်မျိုးအဖြစ် တာဝန်ထမ်းဆောင်ပေးသည်။
(၃) နို့ဦးရည်မှ ဗီတာမင်အေ ကြွယ်ဝစွာရရှိပါသည်။ ဆိတ်ကလေးငယ်သည် ပထမရက်နှင့် နောက်ပိုင်းရက်များတွင် နို့ဦးရည်စို့ရန် မအောင်မြင်ခြင်း၊ အဆင်မပြေခြင်းမျိုးဖြစ်ပါက အဆင်ပြေအောင် ဆိတ်ကလေးငယ်အား ကူညီပေးရပါမည်။ ဆိတ်ကလေးငယ်၏ပါးစပ်ကို မဖြစ်မနေဟစေပြီး မိခင်၏နို့သီးကိုထည့်ပေး၍ နို့ဦးရည်ကို ညှစ်ပေးရပါမည်။
Ref: ဆိတ်မွေးမြူရေးစာမျက်နှာ။
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more