မွေးမြူရေးတိရစ္ဆာန်များ အပူဒဏ်ခံရမှုကို ဘယ်လိုကာကွယ်ကြမလဲ ?
မြန်မာနိုင်ငံဒေသအချို့တွင် အပူချိန်များ မြင့်တက်လျက်ရှိနေရာ အပူဒဏ် (Heat Stress) ကြောင့် မွေးမြူရေးတိရစ္ဆာန်များ ရောဂါကျရောက်ခြင်း၊ ဆုံးရှုံးခြင်းများ မဖြစ်ပေါ်စေရေးအတွက် အပူဒဏ်လျှော့ချရေးကို အလေးပေးဆောင်ရွက်သင့်ပါသည်။
အပူဒဏ်ခံရသည့် တိရစ္ဆာန်များတွင် တွေ့ရနိုင်သည့်လက္ခဏာများမှာ-
- ပါးစပ်ဟ၍ အသက်ရှူခြင်း
- ရေသောက်နှုန်းမြင့်မားခြင်း
- အစာစားနှုန်းကျဆင်းခြင်း
- အင်အားချိနဲ့ခြင်းနှင့် လေးလံထိုင်းမှိုင်းခြင်း
- ဦးနှောက်သွေးကြောပျက်၍သေခြင်းတို့ ဖြစ်ပွားနိုင်ပါသည်။
အပူဒဏ်ကာကွယ်ခြင်း
ကြက်၊ ဝက်၊ နွားမွေးမြူရေးခြံထဲသို့လာသော အပူသည် အဓိက ခြံအမိုးမှ ဖြစ်ပြီး အဆောက်အဦ၏ ဒီဇိုင်း လေ၀င်လေထွက်ကောင်းမွန်မှု၊ တည်နေရာ၊ အသုံးပြုထားသောပစ္စည်းတို့ပေါ်တွင် အပူချိန်ရောက်ရှိမှု ပြောင်းလဲနိုင်သည်။
၁။ ပန်ကာလေအားဖြင့် မှုတ်ထုတ်ပြီး လေ၀င်လေထွက်ကောင်းမွန်အောင် ပြုလုပ်ခြင်းသည် ကြက်များ၏ အပူဒဏ်ခံစားရမှုကို လျှော့ချပေးပါသည်။ သို့သော် အဆိုပါလေကို ကြက်ခြံအပြင်ဘက်ရှိ အပူချိန်၊ စိုထိုင်းဆတို့နှင့် နီးစပ်စွာတူညီအောင် ပြုလုပ်ထားဖို့ အရေးကြီးပါသည်။ အပူချိန် ၃၂ ဒီဂရီ စင်တီဂရိတ် အထက်ရောက်လာလျှင် ရေမှုံရေမွှားဖြန်း၍ အပူလျှော့ချခြင်းကို စတင်ပြုလုပ်သင့်ပါသည်။
၂။ တိရစ္ဆာန်များအား သန့်ရှင်းကြည်လင်ပြီး အေးမြသောသောက်ရေကို လုံလောက်စွာ တိုက်ကျွေးပေးပါ။ ရေကို ၂၅ • C ရောက်အောင် ရေခဲအသုံးပြုခြင်း၊ ပိုက်လိုင်းအတွင်းမှ ရေကို မကြာခဏဖောက်ချပေးခြင်းတို့ပြုလုပ်နိုင်သည်။
ခြံဖြန်းမည့်ရေကို ကလိုရင်းထည့်သွင်းအသုံးပြုခြင်းအစား ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် အသုံးပြုခြင်းတိုကို ပြုလုပ်သင့်ပါသည်။

၃။ ခင်းထားသော ဖွဲခင်းကို ခပ်ပါးပါးသာ ခင်းပေးပါ။
၄။ မလိုအပ်ဘဲ အပူဒဏ်ပြင်းချိန်တွင် ကြက်၊ ဝက်၊ နွားများကို ရွှေ့ပြောင်းခြင်း၊ သယ်ဆောင်ခြင်း မပြုလုပ်ပါနှင့်။
၅။ ခြံထဲတွင် တိရစ္ဆာန်များအား ချောင်ချောင်ချိချိ ထားရှိပေးပါ။ အကယ်၍ အကောင်ရေများပြားနေပါက လျှော့ချပေးရပါမည်။
၆။ ကြက်စာများတွင် ဗီတာမင် C , E တို့ကို ဖြည့်စွက်ကျွေးပါ။
၇။ တိရစ္ဆာန်များ အပူဒဏ်ခံရသည့် လက္ခဏာများ ရှိမရှိ ပုံမှန်စစ်ဆေးပေးပါ။
၈။ အပူဒဏ်ခံရသည့်လက္ခဏာများ တွေ့ရှိပါက အထက်ပါနည်းလမ်းများအတိုင်း ပြုစုစောင့်ရှောက်ပေးပါ။ လိုအပ်ပါက နီးစပ်ရာ တိရစ္ဆာန်ဆေးကုဆရာ၀န်နှင့် ပြသပေးပါ။
မှီငြမ်း-မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်စာစဉ်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
မောင်ကျော်ဘိုဘိုထွန်း
လွန်ခဲ့သော ၃ နှစ် ကမြင်မွေးမြူနည်းလေးထည့်တင်ပေးပါလားဗျာ...လေ့လာခြင်လို့ပါ
thein htun kain
လွန်ခဲ့သော ၃ နှစ် ကဗိုက်ဖေါင်းပြီးသေဒါဘါရေါဂါလဲနွါး
thein htun kain
လွန်ခဲ့သော ၃ နှစ် က12345678
thein htun kain
လွန်ခဲ့သော ၃ နှစ် က12345678
thein htun kain
လွန်ခဲ့သော ၃ နှစ် ကနွါးဗိုက်ဖေါင်းပြီးသေဒါဘါရေါဂါလဲ
ဆက်စပ်ဆောင်းပါးများ
မွေးဝက်ငယ်လေးများကို ပြုစုစောင့်ရှောက်နည်း
မွေးစနှင့် မိခင်မဲ့ဆိတ်ငယ်ကလေးများအား ပြုစုစောင့်ရှောက်နည်း
နွားငယ်လေးတစ်သက်တာ အရေးပါတဲ့ နို့ဦးရည် စနစ်တကျ တိုက်ကျွေးနည်း (၁,၂,၃ နိယာမ)
ဆက်စပ်မေးခွန်းများ
ဝက်မကကြီးတွေအဖြစ်များနေတယ်အစာမစားဘူးဘာရောဂါလဲးဘယ်လိုကာကွယ်ရမလဲး
ကိုနိုင်လင်း • ဖြေကြားချက် 0 ခု
ကြက်ချေးစိမ်းပါပြီးသေလို့..ဘာဆေးတိုက်ရမလဲခင်ဗျ...ဘယ်လိုကုသရမလဲခင်ဗျ..ဆေးရှိလား...ညွန်ကြားပေးပါ
ဦးကျော်ခိုင် • ဖြေကြားချက် 0 ခု
ကြက်ကို အဟာရာရှိအောင် ကြီးအောင် ဘယ်လိုမွေးရမှလဲ ရောဂါကင်းအောင်
Zin Min Wai • ဖြေကြားချက် 1 ခု
ကျနော် နွားလေး မြွေကိုက် ခံရလို့ ဘယ်လိုလုပ်ရမလဲ ခဗျာ့ အကြံပေးပါဦး။ အဆင်ပြေရင် ဖုန်းဆက်ပြောပေးပါလာ။ ၀၉၆၉၁၀၇၃၅၂၂
စောထီးကော်မူး • ဖြေကြားချက် 4 ခု
ကြက်မှာ သွေးစုတ်တဲ့သန်း တွေ့ လို့ပါ ခေါင်းမှာအများဆုံးတွေ့တယ် ဘယ်လိုကုသရမလဲ
michael • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဦးဇော်(dof)
အားလုံး