မွေးမြူရေးတိရစ္ဆာန်များ အပူဒဏ်ခံရမှုကို ဘယ်လိုကာကွယ်ကြမလဲ ?

25/04/2022 15:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

မြန်မာနိုင်ငံဒေသအချို့တွင် အပူချိန်များ မြင့်တက်လျက်ရှိနေရာ အပူဒဏ် (Heat Stress) ကြောင့် မွေးမြူရေးတိရစ္ဆာန်များ ရောဂါကျရောက်ခြင်း၊ ဆုံးရှုံးခြင်းများ မဖြစ်ပေါ်စေရေးအတွက် အပူဒဏ်လျှော့ချရေးကို အလေးပေးဆောင်ရွက်သင့်ပါသည်။

 

အပူဒဏ်ခံရသည့် တိရစ္ဆာန်များတွင် တွေ့ရနိုင်သည့်လက္ခဏာများမှာ-

- ပါးစပ်ဟ၍ အသက်ရှူခြင်း

- ရေသောက်နှုန်းမြင့်မားခြင်း

- အစာစားနှုန်းကျဆင်းခြင်း

- အင်အားချိနဲ့ခြင်းနှင့် လေးလံထိုင်းမှိုင်းခြင်း

- ဦးနှောက်သွေးကြောပျက်၍သေခြင်းတို့ ဖြစ်ပွားနိုင်ပါသည်။

 

အပူဒဏ်ကာကွယ်ခြင်း

ကြက်၊ ဝက်၊ နွားမွေးမြူရေးခြံထဲသို့လာသော အပူသည် အဓိက ခြံအမိုးမှ ဖြစ်ပြီး အဆောက်အဦ၏ ဒီဇိုင်း လေ၀င်လေထွက်ကောင်းမွန်မှု၊ တည်နေရာ၊ အသုံးပြုထားသောပစ္စည်းတို့ပေါ်တွင် အပူချိန်ရောက်ရှိမှု ပြောင်းလဲနိုင်သည်။

 

၁။ ပန်ကာလေအားဖြင့် မှုတ်ထုတ်ပြီး လေ၀င်လေထွက်ကောင်းမွန်အောင် ပြုလုပ်ခြင်းသည် ကြက်များ၏ အပူဒဏ်ခံစားရမှုကို လျှော့ချပေးပါသည်။ သို့သော် အဆိုပါလေကို ကြက်ခြံအပြင်ဘက်ရှိ အပူချိန်၊ စိုထိုင်းဆတို့နှင့် နီးစပ်စွာတူညီအောင် ပြုလုပ်ထားဖို့ အရေးကြီးပါသည်။ အပူချိန် ၃၂ ဒီဂရီ စင်တီဂရိတ် အထက်ရောက်လာလျှင် ရေမှုံရေမွှားဖြန်း၍ အပူလျှော့ချခြင်းကို စတင်ပြုလုပ်သင့်ပါသည်။

 

၂။ တိရစ္ဆာန်များအား သန့်ရှင်းကြည်လင်ပြီး အေးမြသောသောက်ရေကို လုံလောက်စွာ တိုက်ကျွေးပေးပါ။ ရေကို ၂၅ • C ရောက်အောင် ရေခဲအသုံးပြုခြင်း၊ ပိုက်လိုင်းအတွင်းမှ ရေကို မကြာခဏဖောက်ချပေးခြင်းတို့ပြုလုပ်နိုင်သည်။

ခြံဖြန်းမည့်ရေကို ကလိုရင်းထည့်သွင်းအသုံးပြုခြင်းအစား ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် အသုံးပြုခြင်းတိုကို ပြုလုပ်သင့်ပါသည်။

၃။ ခင်းထားသော ဖွဲခင်းကို ခပ်ပါးပါးသာ ခင်းပေးပါ။

၄။ မလိုအပ်ဘဲ အပူဒဏ်ပြင်းချိန်တွင် ကြက်၊ ဝက်၊ နွားများကို ရွှေ့ပြောင်းခြင်း၊ သယ်ဆောင်ခြင်း မပြုလုပ်ပါနှင့်။

၅။ ခြံထဲတွင် တိရစ္ဆာန်များအား ချောင်ချောင်ချိချိ ထားရှိပေးပါ။ အကယ်၍ အကောင်ရေများပြားနေပါက လျှော့ချပေးရပါမည်။

၆။ ကြက်စာများတွင် ဗီတာမင် C , E တို့ကို ဖြည့်စွက်ကျွေးပါ။

၇။ တိရစ္ဆာန်များ အပူဒဏ်ခံရသည့် လက္ခဏာများ ရှိမရှိ ပုံမှန်စစ်ဆေးပေးပါ။

၈။ အပူဒဏ်ခံရသည့်လက္ခဏာများ တွေ့ရှိပါက အထက်ပါနည်းလမ်းများအတိုင်း ပြုစုစောင့်ရှောက်ပေးပါ။ လိုအပ်ပါက နီးစပ်ရာ တိရစ္ဆာန်ဆေးကုဆရာ၀န်နှင့် ပြသပေးပါ။

မှီငြမ်း-မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်စာစဉ်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်