Facebook မှာ ကိုယ်ပိုင်အချက်အလက်တွေကို ဘယ်လိုကာကွယ်ထားမလဲ?

22/11/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ပြန်လည်ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။

ယခုတစ်ပတ်မှာတော့ Facebook (ဖေ့ဘုတ်) မှာ ကိုယ်ပိုင်အချက်အလက်တွေကို ဘယ်လို ကာကွယ်ထားမလဲဆိုတာ တောင်သူ ဦးလေး ဒေါ်လေးတို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။

Facebook ဟာဆိုရင် သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို နေ့စဥ်နဲ့ အမျှရယူနေပါတယ်။ တစ်ကိုယ်ရေလုံခြုံရေးအတွက် Facebook မှာ မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေကိုကာကွယ်ဖို့ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

၁။ Face Recognition နည်းပညာ

ဒီနည်းပညာကတော့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေက လူတွေရဲ့မျက်နှာပုံစံတွေကို ခွဲခြားသိနိုင်တာဖြစ်ပါတယ်။ Facebook မှာဆိုရင် ဓာတ်ပုံ ဒါမှမဟုတ် ဗီဒိယိုမှာ မိမိ tag ခံရတဲ့အကြောင်း သတိပေးဖို့ အသုံးပြုပါတယ်။ ဒီနည်းပညာနဲ့ ပတ်သက်လို့ သက်သောင့်သက်သာ မဖြစ်ဘူးဆိုရင်တော့ Setting & Privacy ထဲဝင်ပြီး Face Recognition ခလုတ်ကို ပိတ်နိုင်ပါတယ်။

၂။ ကိုယ်တိုင်မသိဘဲ Follow လုပ်ထားခြင်း

Facebook ဟာ သူငယ်ချင်းမဖြစ်သူတွေနဲ့ ဆက်သွယ်နိုင်မယ့် နည်းလမ်းတွေကို ဖန်တီးပေးထားပါတယ်။ တကယ်လို့ သင့်ပရိုဖိုင်ကို public လုပ်ထားရင်း follow လုပ်ထားသူတွေရှိပါမယ်။ ကိုယ်မသိတဲ့ သူစိမ်းတွေလည်း ပါနေနိုင်တာမို့ friend (သူငယ်ချင်း) ဖြစ်ထားသူတွေပဲ follow လုပ်ခွင့်ပြုမယ် ဆိုရင်တော့ Settings &privacy ကိုရွေးချယ်ပါ။ ပြီးရင်တော့ ဘေးဘက်က Public Posts ကိုနှိပ်ပါ။ Who Can Follow Me အောက်က Friends ကိုရွေးချယ်လိုက်ရုံပါပဲ။

၃။ Friend Request ရှိတဲ့အခါ မိမိ ပို့စ်တွေကို ဝင်ကြည့်နိုင်

မိမိရဲ့ Facebook မှာတက်လာတဲ့ friend request တွေကို လက်ခံ၊ ပယ်ဖျက်တာ မလုပ်ဘဲ ထားတတ်ကြပါတယ်။ တော်တော်များများ မသိတာက friend request ပို့သူကမိမိရဲ့ post တွေကို ဝင်ကြည့်နိုင်ပါတယ်။ ဒါကြောင့် Confirm (သို့မဟုတ်) Deleteနှိပ်ပြီး friend request တစ်ခုချင်းစီကို ရှင်းပစ်လို့ရပါတယ်။

၄။ ကွယ်လွန်ပြီးသူရဲ့ Profile ကို ထိန်းချုပ်နိုင်

Facebook ဟာ ကွယ်လွန်ပြီးသူရဲ့ Profile ကိုထိန်းချုပ်နိုင်ပါတယ်။ တကယ်လို့ သင်ကွယ်လွန်တဲ့အခါမှာ အခြားသူတစ်ဦးဦးကို Profile ထိန်းချုပ်ဖို့လည်း သတ်မှတ်ထားခဲ့လို့ရပါတယ်။ Settings & privacy ကိုရွေးချယ်ပြီး General ကိုရွေးချယ်ပါ။ အဲဒီအောက်က Memorialization Settings မှာ ယုံကြည်ရသူအမည်ကို ထည့်သွင်းပေးရပါမယ်။

https://internetjournal.media/qr-code မှကိုးကားဖော်ပြပါသည်။

ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါး ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်ခင်ဗျ။

ဖုန်းထဲမှာမထားသင့်တဲ့ ဆော့ဝဲလ်များ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်