တောင်သူများနှင့် ဒစ်ဂျစ်တယ် နည်းပညာ
“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ပြန်လည် ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။ ယခုတစ်ပတ်မှာတော့ တောင်သူများနှင့် ဒစ်ဂျစ်တယ် နည်းပညာ ဆိုတဲ့အကြောင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ယနေ့ခေတ်ဟာ နည်းပညာခေတ်ဖြစ်ပါတယ်။ မြို့ရွာ ကျေးလက်ဒေသ မကျန် ဖုန်းတွေ၊ အင်တာနက်တွေ သုံးစွဲလာကြပြီး သတင်းအချက်အလက်တွေရရှိလာကြပါတယ်။ ထို့အတူ စိုက်ပျိုးရေး လုပ်ကိုင်ကြတဲ့ တောင်သူတွေအတွက်လည်း ဒစ်ဂျစ်တယ်နည်းပညာကို အခြေခံပြီး ဖန်တီးထားတဲ့ စိုက်ပျိုးရေးဆိုင်ရာ ဖုန်းဆော့ဝဲလ်တွေ၊ နည်းပညာတွေ ရှိနေပြီဖြစ်ပါတယ်။
တောင်သူတွေဟာ ဖုန်းဆော့ဝဲလ်တွေကနေတစ်ဆင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ မိုးလေဝသ၊ သီးနှံဈေးကွက် စသည်ဖြင့် မိမိတို့လိုအပ်တဲ့ နည်းပညာတွေကို အလွယ်တကူ လေ့လာနိုင်ကြပြီ ဖြစ်ပါတယ်။ ထို့အပြင် တောင်သူများ အနေနဲ့ သီးနှံစိုက်ပျိုးရာမှာ လုပ်ဆောင်ခဲ့တာတွေကို မှတ်သားနိုင်တဲ့ နည်းပညာတွေ၊ ဖုန်းဆော့ဝဲလ်ကနေ စိုက်ခင်းအတွက်လိုအပ်တဲ့ သွင်းအားစုတွေဝယ်ယူနိုင်တာတွေ၊ စိုက်ခင်းမှ ထွက်ရှိတဲ့ သီးနှံတွေကို ဆော့ဝဲမှတစ်ဆင့် ရောင်းချနိုင်တာတွေအထိ ရှိလာပြီဖြစ်ပါတယ်။
ဥပမာ - အစိမ်းရောင်လမ်း စိုက်ပျိုး/မွေးမြုရေး ဖုန်းဆော့ဝဲလ် စိုက်ပျိုးရေးဆိုင်ရာ သင်တန်းတွေနဲ့ ဆွေးနွေးပွဲတွေဆိုရင်လည်း Zoom/ Google Meet/ Messenger Room စတဲ့ ဆော့ဝဲလ်တွေအသုံးပြုပြီး အွန်လိုင်းကနေ တက်ရောက်လာနိုင်ကြပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူသိများတဲ့ Facebook (ဖေ့စ်ဘုတ်)တို့ Youtube (ယူကျူ့) တို့လို လူမှုကွန်ယက်မီဒီယာတွေမှာဆိုရင်လည်း စိုက်ပျိုးရေးနည်းပညာလေ့လာနိုင်တဲ့ Group (အဖွဲ့/အုပ်စု) တွေ၊ ဗီဒီယိုတွေရှိနေတာကြောင့် အလွယ်တကူရှာဖွေ လေ့လာနိုင်ပြီဖြစ်ပါတယ်။
တောင်သူတွေအတွက် လိုအပ်နေတဲ့ နည်းပညာတွေနဲ့ သတင်းအချက်အလက်တွေ မြန်မြန်ဆန်ဆန် ရရှိနိုင်ဖို့အတွက် ဒစ်ဂျစ်တယ်နည်းပညာတွေဟာ အဓိကကျလာပါတယ်။ ဒါကြောင့် တောင်သူဦးလေး ဒေါ်လေးတို့အနေနဲ့လည်း အင်တာနက်နဲ့ ဖုန်းတွေကို ကောင်းစွာနားလည် တတ်ကျွမ်းထားဖို့ လိုအပ်လာပါတယ်။ ဒါမှသာ မိမိသိချင်တဲ့ နည်းပညာတွေ၊ သတင်းအချက်အလက်တွေ၊ အချိတ်အဆက်တွေ၊ ဈေးကွက်ဆိုင်ရာ အခွင့်အလမ်းတွေ ပိုမိုရရှိလာနိုင်မှာ ဖြစ်ပါတယ် ခင်ဗျ။ ခေတ်မှီတဲ့ တောင်သူတွေဖြစ်လာကြမယ်လို့ ယုံကြည်ရင်း…
ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါးလေးကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
ကျတော့်ကွမ်းယခုလက်ရှိအရွက်ဖျားမာလှိမ့်နေပါတယ်ပိုးမွားလဲမတွေ့ဘူးအရွက်ကြားမာမရှိဘူးဘာကြောင့်လဲသိရင်မျဝေပေးကြပါမိတ်ဆွေတို့ခဗျ ဘာကြောင်းကြောင့်လဲမြေဆီလွာကြောင့်လားအဟာရကြောင့်လားခဗျကူညီပေးပါခဗျ
ko ko chit • ဖြေကြားချက် 2 ခု
မန်ကိုဇက်နဲ့ရနိုင်လားဆရာ လက်ထဲ မန်ကိုဇက်ပဲရှိလို့ပါဆရာ အခြားဆေးဆိုလဲ ရှာပါမယ်ဆရာ အခုက မိုးကရွာ ရေက အခြားထွက်မှာစိုးလို့ကို ဘောင်တင်ပီးပိတ်ထားမိတာပါဆရာ အောက်လက်တွေကတော့ အတော်လေးရှင်းပေးထားတယ်ဆရာ မတလဇီး မန်ကိုဇက် ဂရမ်း အဲ့မှိုဆေး သုံးမျိုးရှိပါတယ်ဆရာ
U Yan • ဖြေကြားချက် 1 ခု
ဆလားဗီးယားငါးမွေးထားတာ1နှစ်ကြာပြီ ကန်က4ပေ8ပေအနက်5ပေကန်ကျင်းနေလို့လားလုံးဝမျိုးမပွားပါဘူးပြေားပြပေးပါဗျ
U Mar Taing • ဖြေကြားချက် 1 ခု
ဆရာ ဒါမျိုးလေးတွေပါဆရာ
U Yan • ဖြေကြားချက် 6 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....