မလွှပွင့်​ခြောက်နှင့် မရမ်းသီးကင်းသုပ်

03/02/2021 14:30 PM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား

    မလွှပင်သည် မြန်မာပြည်ရှိ ဒေသတော်တော်များများတွင် ပေါက်ရောက်သော နှစ်ရှည်ခံအပင်ကြီးဖြစ်ပါသည်။ မလွှပင်မှအပွင့်သည် အဝါနုရောင်ရှိကာ မြန်မာလူမျိုးတို့သည် မလွှပွင့်ကို ကြော်စားခြင်း၊ ချက်စားခြင်း၊ သုပ်စားခြင်းအမျိုးမျိုးလုပ်ကြပါသည်။ ဆောင်းရာသီတစ်ခုလုံးမလွှပွင့်များကို ကောက်၍ အစိမ်းအတိုင်းချက်ပြုတ်ခြင်း၊ နေလှန်း၍သိမ်းထားခြင်းများပါ ပြုကြပါသည်။ ယခုအခါ ပုံမှန်သုပ်စားနေကြ မလွှပွင့်သုပ်နည်းများနှင့်မတူသော နည်းတစ်ခုကိုတင်ပြပါမည်။

လိုအပ်သော ပစ္စည်းများ

မလွှပွင့်ခြောက်အနည်းငယ်(လက်တစ်ဆုပ်)

မရမ်းသီးစိမ်း ၁၀ လုံး

ကြက်သွန်နီဥကြီး ၁ လုံး

ကြက်သွန်ဖြူဆီချက် အနည်းငယ်

မြေပဲဆံအမှုန့် အနည်းငယ်

ပုစွန်​ခြောက်အနည်းငယ်

ငံပြာရည်

ငရုတ်သီးစိမ်းအနည်းငယ်

အချိုမှုန့်အနည်းငယ်တို့ဖြစ်ပါသည်။

    ဦးစွာ မလွှပွင့်အစိမ်းများကို ကောက်ယူပီး ဝတ်ဆံဖယ်ကာ နေလှန်းပါ။ ခြောက်သွေ့သွားသောမလွှပွင့်ခြောက်များကို ရေနွေးပူပူတွင် (၁၅) မိနစ်ခန့်စိမ်ပါ။ ထို့နောက် ရေနွေးနှင့်ပင် နှစ်ကြိမ်ခန့်ထပ်ဆေးပါ။ ထိုသို့လုပ်ခြင်းသည်မလွှပွင့်၏ အခါးဓာတ်များလျော့ပါးစေရန်ဖြစ်ပါသည်။ ထို့နောက် ရေညှစ်ကာ ပါးပါးလှီးထားပါ။ မရမ်းသီးကင်းများကို ထက်ခြမ်းခွဲကာ အစေ့ဖယ်ပါ။ ပါးပါးလေးများလှီးကာ ရေဆေးပြီးစစ်ထားပါ။ ကြက်သွန်နီကိုပါးပါးလှီးထားပါ။ ထို့နောက် မြေပဲကိုထောင်းပါ။ အဆင်သင့်ဖြစ်ပါက မလွှပွင့်ခြောက်၊ မရမ်းသီး၊ ကြက်သွန်နီ၊ ဆီချက်၊ ပုစွန်ခြောက်၊ မြေပဲဆံ၊ ငံပြာရည်၊ အချိုမှုန့်၊ ငရုတ်သီးစိမ်းတို့ထည့်ကာ ရောနယ်လျှင် အရသာရှိကာ ထမင်းမြိန်စေသော မလွှပွင့်ခြောက် မရမ်းသီးသုပ်ကို ရမည်ဖြစ်ပါသည်။ မရမ်းသီးများ လှိုင်လှိုင်ပေါချိန်တွင် စုဆောင်းထားသော မလွှပွင့်ခြောက်နှင့်ရောကာ သုပ်စားနိုင်ပြီး သာမန်ရိုးကျမလွှပွင့်သုပ်နှင့်မတူဘဲ အရသာအသစ်ကို ရေနွေးကြမ်းပူပူနှင့်တွဲဖက်ကာ စားသုံးနိုင်မည်ဖြစ်ပါသည်။

    မလွှပွင့်၏ ခါးသက်သောအရသာကို မရမ်းသီးကထိန်းပေးသကဲ့သို့ မရမ်းသီး၏ အချဥ်ကိုလည်း ပုစွန်ခြောက်နှင့် မြေပဲဆံကထိန်းသဖြင့် လူကြီးလူငယ်မရွေးစားနိုင်ပြီး ကုန်ကျစရိတ်သက်သာသော ရာသီစာတစ်ခုကို ဆန်းသစ်တီထွင်ပြီး ငွေကိုခြွေတာနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်