🌅 အာဖရိကနိုင်ငံတွေကိုသာ ကျွန်မတို့က အပူဆုံးနိုင်ငံဆိုပြီး စိတ်ထဲက ထင်နေတာ
ဒီနှစ်ကမ္ဘာလုံးဆိုင်ရာ Weather Chat တွေထဲက အပူဆုံး ၁၅ မြို့နယ်စာရင်းထဲမှာ ချောက်မြို့၊ မကွေးမြို့နဲ့ ညောင်ဦးမြို့က သူဗိုလ်ဆွဲလိုက်၊ ကိုယ်ဗိုလ်ဆွဲလိုက်ပါပဲ.. 🌞
ချောက်မြို့ဆို အဆင့် (၁) နဲ့ (၂) ကို ဆင်းလိုက်တက်လိုက်နဲ့ပေါ့ 🥵
လူတိုင်းရဲ့ ပါးစပ်ဖျားထဲမှာလည်း ပူတယ်နော်ဆိုပြီး စကားချီနေကြတော့ နှုတ်ဆက်စကားလို့တောင်ဖြစ်နေကြပြီ.. 😅
👉 ဆိုတော့ နောင်နှစ်တွေ ဒီလိုအပူဆုံးဒဏ်ကနေ လျှော့ချဖို့..
နောင်လာနောင်သားတွေ အခုလိုအပူဒဏ်မခံရဖို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သင့်နေပြီပေါ့နော် 😔
🛑 တစ်ပိုင်အား.. နိုင်သလောက်အားနဲ့ ဘာတွေလုပ်ဖို့ စီစဉ်ထားလဲဆိုတာ အစိမ်းရောင်လမ်းရဲ့ မိတ်ဆွေတွေရဲ့ အမြင်တွေနဲ့ အစီအစဉ်တွေကို ဝင်ဆွေးနွေးပေးကြပါဦးရှင့်....
🌿 သစ်ပင်တွေ စိုက်မယ်လို့ ဆုံးဖြတ်လိုက်ရင်တော့ အစိမ်းရောင်လမ်းက နည်းပညာတွေ ဖြန့်ဝေပေးဖို့ အဆင်သင့်ပါပဲနော်

မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်