ချက်ရောင်ခြင်း

20/10/2020 12:45 PM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

    ချက်ကြိုးသည် ကိုယ်၀န်ဆောင်ကာလအတွင်း သန္ဓေသား အသက်ရှင်ကြီးထွားရန် လိုအပ်သည့် အောက်ဆီဂျင်နဲ့ အာဟာရများကို မိခင်နွားမကြီးထံမှ သန္ဓေသားထံသို့ သယ်ပေးခြင်း၊ သန္ဓေသားထံမှ စွန့်ထုတ်ပစ္စည်းများကို ပြန်လည်သယ်ဆောင်ပေးခြင်းစသည့် လုပ်ငန်းများကိုလုပ်ဆောင်ပေးသည်။ 

    နွားကလေးချက်ကြိုးဖြတ်ပြီးနောက် ကျန်ရှိသည့်အပိုင်းသည် သဘာ၀အရ ပိတ်သွား၊  ခြောက်သွားပြီး ကြွေကျသွားသည်။ သို့သော် ထိုချက်ကြိုးမခြောက်ခင် သန့်ရှင်းမှုအားနည်း‌ခြင်းကြောင့် ပတ်၀န်းကျင်ရှိ ဘက်တီးရီးယားပိုးမွှားများ ၀င်ရောက်လာပြီး ချက်ရောင်ခြင်း၊ ပြည်တည်ခြင်းများဖြစ်နိုင်သည်။ ‌ယင်ကောင်နားပြီး လောက်ကျသည်အထိဖြစ်တတ်ပါသည်။ 

    တစ်ခါတရံ မွေးဖွားရခက်ခြင်းကြောင့်  မွေးသည့်အချိန်တွင် ချက်ကြိုးဆုတ်ပြဲသွားခြင်း၊ ချက်ကြိုးပြတ်တာ အလွန်တိုသွားခြင်း စသည်တို့ကြောင့်လည်း ချက်ရောင်ခြင်းဖြစ်တတ်ပါသည်။ တချို့နွားငယ်လေးများတွင် သန့်ရှင်းမှုအားနည်းခြင်းကြောင့် တစ်ကောင်နဲ့တစ်ကောင် ချက်ကို လျှာဖြင့်လျှက်ခြင်းမှလည်း ဖြစ်တတ်ပါသည်။

    နွားငယ်လေးများ ချက်ရောင်ခြင်းဖြစ်လာလျှင် အဖျားရှိပြီး မှိုင်လာမည်။ အစားပျက်လာမည်။ ‌ချက်ရောင်နေသည့် နွားငယ်လေးကို သန့်ရှင်းသောနေရာတွင် သီးသန့်ခွဲထားရမည်။ နားလည်တတ်ကျွမ်းသူနဲ့ စနစ်တကျ ဆေးကုသသင့်သည်။ ပြည်တည်နာဖြစ်‌နေလျှင် ပြည်ဖောက်ထုတ်ရမည်။ 

    နောက်ဆက်တွဲအနေဖြင့် ချက်တိုင်မှတဆင့် ခန္ဓာကိုယ်အတွင်း၀င်သွားသော ဘက်တီးရီးယားပိုးအများစုသည် အရိုးအဆစ်များတွင်နေပြီး အဆစ်ရောင်ပြည်တည်ခြင်းလည်း ဖြစ်နိုင်ပါသည်။ 

    ငယ်ရွယ်စဉ်တွင် ချက်ရောင်ခြင်းပြဿနာရှိခဲ့သော နို့စားနွားမများသည် ၎င်းတို့ အမှန်တကယ်ပေးနိုင်သော အမြင့်ဆုံးထုတ်လုပ်မှုကို မပေးနိုင်တော့ပေ။

    ချက်ရောင်ခြင်းသည် နွားငယ်များတွင် စတုတ္ထဖြစ်ပွားမှုအများဆုံးရောဂါဖြစ်သည်။ ထို့ကြောင့် နွားငယ်များ ချက်ရောင်ခြင်းမဖြစ်စေရန် စနစ်တကျ ကြိုတင်ကာကွယ်သင့်သည်။

နွားငယ်များချက်ရောင်ခြင်း မဖြစ်စေရန်

  • နွားမကြီး သားမွေးသည့်နေရာသည် သန့်ရှင်းနေရမည်။
  • နွားကလေးကို ချက်ကြိုးဖြတ်ပြီးပြီးချင်း ချက်ကို တင်ချာအိုင်အိုဒင်း (၇%) ဖြင့် တစ်နေ့ (၂) ကြိမ် ပိုးသတ်ပေးရမည်။ 
  • နွားကလေးခြံသည် သန့်ရှင်းခြောက်သွေ့နေရမည်။ 
  • မွေးပြီး အမြန်ဆုံး နို့ဦးရည် အလုံအလောက်တိုက်ရန် အရေးကြီးသည်။
  • နွားထီးလေးများ၏ချက်သည် ခြောက်ရန် အချိန်ပိုကြာသည့်အတွက် ပို၍ဂရုစိုက်ပေးရန် လိုအပ်ပါသည်။

MDEP

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်