စပျစ်ခြံထဲက ဖျက်ပိုးနှိမ်နင်းရေး ဘဲတပ်သားများ

31/01/2023 11:00 AM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

အဖြူ၊ အမည်းနဲ့ အညိုရောင်ဘဲတွေ ရောထွေးပါဝင်တဲ့ ဘဲအုပ်ကြီးတစ်စုဟာ တောင်အာဖရိကရဲ့ ဝိုင်မြို့တော် Stellenbosch ရှိ စပျစ်ခြံကြီးတစ်ခြံထဲကို လှည့်ကင်းပတ်ရင်း ပင်ကြိုပင်ကြားက ခရုနဲ့ ဖျက်ပိုးတွေကို ဖမ်းယူစားသောက်လျက်ရှိပါတယ်။ သူတို့ဟာ စပျစ်ခြံပိုင်ရှင်တွေ ဓာတုပိုးသတ် ဆေးနဲ့ ဓာတ်မြေဩဇာ သုံးရလွတ်အောင် တစ်ဖက်တစ်လမ်းကနေ ကူညီပံ့ပိုးနေကြတာပါ။

Vergenoegd Löw အမည်ရ စပျစ်ဝိုင်ခြံထဲမှာ လွှတ်ထားတဲ့ အိန္ဒိယဘဲမျိုး ကောင်ရေ ၅၀၀ ဝန်းကျင်လောက်ဟာ ဖျက်ပိုးနှိမ်နင်းရေးလုပ်သားတွေလည်း ဖြစ်ကြသလို ဝိုင်လာရောက်သောက်သုံးတဲ့ ခရီးသွားတွေကိုလည်း အသုံးတော်ခံပေးကြပါတယ်။

"ကျွန်တော်ကတော့ သူတို့ကို စပျစ်ခြံစောင့်တပ်သားတွေလို့ ခေါ်တယ်" လို့ စပျစ်ခြံမန်‌နေဂျာ Corius Visser က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဝိုင်လုပ်ငန်းက ပြန်လည်ဖော်ထုတ်အသုံးချနေတဲ့ ဒီစိုက်ပျိုးရေးနည်းလမ်းမှာ ဘဲအုပ်တွေက အခရာကျလှပါတယ်။ ခြေတံရှည်ရှည်၊ လည်တံရှည်ရှည် အိန္ဒိယဘဲမျိုး ဖြစ်နေတာကြောင့် သူတို့ဟာ စပျစ်ရွက်တွေကြားက ခရုတွေကို အလွယ်တကူ လှမ်းမီနိုင်ကြပါတယ်။

ဘဲနဲ့ အခြားအိမ်မွေးတိရစ္ဆာန်တွေ စွန့်ထုတ်လိုက်တဲ့ မစင်တွေထဲမှာ မြေအာဟာရတွေ ပြည့်ဝပါဝင်နေတော့ ဒါကလည်း စပျစ်ခြံ သဘာဝနည်းအတိုင်း ရေရှည်တည်တံ့စွာ ကြီးထွားဖြစ်ထွန်းအောင် အထောက်အကူပြုနေပါတယ်။

ခေါင်းဆောင်နောက်ကနေ အခြားဘဲတွေ တစ်စီတစ်တန်း ချီတက်လိုက်ပါနေပုံက စပျစ်ပင်တွေကြားက တပ်စုကြီးသဖွယ်ပါပဲ။

"သူတို့ လှုပ်ရှားသွားလာကြပုံက အံ့ဩစရာကောင်းပါတယ်။ အတန်းလိုက် လမ်းလျှောက်ချီတက်နေတာဆိုရင် စစ်တပ်တစ်တပ်နဲ့တောင် တူနေပါတယ်" လို့ စပျစ်ခြံကို လာလည်သူ Merle Holdsworth က ပြောပါတယ်။

ဘဲတွေရဲ့ တစ်နေ့တာလုပ်ငန်းစဉ်ကတော့ မနက်ပိုင်းမှာ စပျင်ပင်တွေဆီသွားပြီး သီးနှံကာကွယ် ရေး လုပ်၊ ညနေပိုင်းကျ ဘဲခြံဆီ ပြန်လာပြီး ဘဲစာလုံးတွေ လာစားကြတာ ဖြစ်ပါတယ်။

ခြံလုပ်သား Yodell Scholtz ဟာ ခြံထဲက ဘဲတွေကို စောင့်ရှောက်မွေးမြူလာတာ နှစ်နှစ်ရှိပါပြီ။

"ဘဲတွေ မွေးရတာက မိမိကလေးကို စောင့်ရှောက်မွေးမြူရသလိုပါပဲ။ ဒါကြောင့် အလုပ်လုပ်ရတာ ပျော်စရာကောင်းတယ်" လို့ Scholtz က ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Army of pest-munching ducks keep South African vineyard blooming - Reuters

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်