လာမဲ့နှစ် ဖိလစ်ပိုင်ဆန်တင်သွင်းမှု တန်ချိန် သုံးသန်းထက်မနည်း ရှိနိုင်

19/12/2022 15:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ဖိလစ်ပိုင်ထံ ဆန်အများဆုံး တင်ပို့နေတာက ဗီယက်နမ်ဖြစ်ပြီး သူ့နောက်မှာ မြန်မာနဲ့ ထိုင်းတို့ အစဉ်လိုက် ရပ်တည်နေကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ဆန်စပါးထုတ်လုပ်မှုကျဆင်းပြီး စားသုံးအား မြင့်တက်ကာ ဆန်ပြတ်လပ်လာနိုင်တာကြောင့် လာမဲ့နှစ်အတွင်း ဆန် တန်ချိန် သုံးသန်းထက်မနည်း တင်သွင်းဖို့ လိုအပ်နိုင်ကြောင်း လွတ်လပ်သောတောင်သူလယ်သမားများအဖွဲ့ (FFF) က ခန့်မှန်းလိုက်ပါတယ်။

FFF အဖွဲ့ခန့်မှန်းချက်အရ လာမဲ့နှစ် တတိယသုံးလပတ်လောက်မှာ ဖိလစ်ပိုင် ဆန်လက်ကျန်စာရင်းဟာ တန်ချိန် ၄၂၇၀၀ လောက် အနုတ်ပြနိုင်တယ်လို့ သိရပါတယ်။

ဆန်လက်ကျန်စာရင်းဟာ နှစ်ကုန်ရောက်ရင် တန်ချိန် ၃၂၁၀၀၀ လောက် အပေါင်းပြလာနိုင်ပေမဲ့ ဒီမဆိုစ‌လောက် ပမာဏဟာနိုင်ငံအတွက် ကိုးရက်စာမျှသာ လုံလောက်တယ်လို့ အဖွဲ့က ထုတ်ပြန်ပါတယ်။

"၂၀၂၃ ဇူလိုင်လလောက်ဆိုရင်တောင် ဈေးနှုန်းအပေါ် ဖိအားသက်ရောက်မှု တိုးလာပါလိမ့်မယ်။ ပထမနှစ်ဝက်ရဲ့ ဆန်လက်ကျန်ဟာ တစ်လစာလောက်သာ လောက်ငတဲ့ပမာဏ ဖြစ်နေမှာကြောင့်ပါ" လို FFF အဖွဲ့ဥက္ကဋ္ဌ Leonardo Montemayor က ပြောပါတယ်။

ဆန်လက်ကျန်ကျဆင်းလာရတာဟာ ၂၀၂၂ အတွင်းတစ်နှစ်တာဆန်ထုတ်လုပ်မှု နိမ့်ကျခဲ့ခြင်းနဲ့ လာမဲ့နှစ် ပထမနှစ်ဝက်မှာလည်း အလားတူအထွက်နှုန်းသာ ရှိနိုင်ခြင်းတို့ကြောင့် ဖြစ်တယ်လို့ တောင်သူလယ်သမားအဖွဲ့က ထုတ်ပြန်ပါတယ်။

နိုင်ငံရဲ့ လူဦးရေ ၁ ဒသမ ၃ ရာခိုင်နှုန်း တိုးပွားလာတာနဲ့အညီ လာမဲ့နှစ် ဆန်စာသုံးမှုဟာ ၁ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာမယ်လို့ အဖွဲ့က ခန့်မှန်းပါတယ်။

"ကျွန်တော်တို့ နောက်နှစ်ထဲမှာ ဆန်တန်ချိန် သုံးသန်းကနေ ၃ ဒသမ ၄ သန်းကြား တင်သွင်းဖို့ လိုပါမယ်။ ဒါမှသာ နောက်နှစ်ကုန်မှာ နိုင်ငံအတွက် ရက် ၉၀ စာ ဖူလုံတဲ့ ဆန်လက်ကျန် ဖြည့်တင်းနိုင်မှာပါ" လို့ Montemayor က ပြောပါတယ်။

အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန USDA က ဓာတ်မြေဩဇာစရိတ်စက ကြီးမြင့်မှုအပြင် စက်တင်ဘာလကုန်ပိုင်းက လူဇွန်ပြည်နယ်မှာ တိုက်ခတ်သွားတဲ့ နိုရူတိုင်ဖွန်းမုန်တိုင်းတို့ကြောင့် ဖိလစ်ပိုင်ဆန်ထုတ်လုပ်မှု နိမ့်ကျနိုင်ပြီး ၂၀၂၃ နှစ်လယ်အထိ ဆန်ပိုမိုတင်သွင်းသွားရမယ်လို့ ထုတ်ပြန်ထားပါတယ်။

USDA က ဖိလစ်ပိုင်အနေနဲ့ ၂၀၂၃ အတွင်း ဆန်တန်ချိန် ၃ ဒသမ ၄ သန်း တင်သွင်းရမယ်လို့ အသစ်ထုတ်ပြန်လိုက်တာကြောင့် ယခင်ခန့်မှန်းချက် တန်ချိန် ၃ ဒသမ ၃ သန်းထက်တောင် ပိုများတာ တွေ့ရပါတယ်။

နိုရူမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံထဲကို ဝင်ရောက်လာကာ နိုင်ငံဆန်အိုးကြီးဒေသလို့ ဆိုကြတဲ့ လူဇွန်ပြည်နယ် အလယ်ပိုင်းက ရိတ်သိမ်းခါနီး စပါးများစွာကို ဖျက်စီးပစ်ခဲ့ပါတယ်။

တစ်ဖက်မှာတော့ ကြီးမြင့်လှတဲ့ မြေဩဇာဈေးကြောင့် တောင်သူတွေ မြေဆီ မဖြစ်မနေ လျှော့ချသုံးစွဲလာရပြီး စပါးအထွက်နှုန်ကလည်း သုံးရာခိုင်နှုန်းလောက် လိုက်ပါကျဆင်းခဲ့ပါတယ်။

ဒါကြောင့် USDA က ၂၀၂၂ ဇူလိုင်ကနေ ၂၀၂၃ ဇွန်လအတွင်း ဖိလစ်ပိုင်ရဲ့ ဆန်ထုတ်လုပ်မှု တန်ချိန် ၁၂ ဒသမ ၄၁၁ သန်း ရှိမယ်လို့ ခန့်မှန်းခဲ့ရာကနေ တန်ချိန် ၁၁ ဒသမ ၉၇၅ သန်းသာ ထွက်ရှိတော့မယ်လို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

ဖိလစ်ပိုင်ဟာ ယခုနှစ် ဒီဇင်ဘာ ၈ ရက်အထိ ဆန်တန်ချိန် ၃ ဒသမ ၅၄ သန်း တင်သွင်းထားတာကြောင့် မနှစ်က တစ်နှစ်လုံး တင်သွင်းမှု တန်ချိန် ၂ ဒသမ ၇၇ သန်းထက် ၂၇ ဒသမ ၇၉ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖိလစ်ပိုင်သီးနှံစိုက်ပျိုးရေးလုပ်ငန်းဌာန (BPI) က ထုတ်ပြန်ပါတယ်။

ဖိလစ်ပိုင် ဆန်မှာယူတင်သွင်းတဲ့ နိုင်ငံတွေထဲမှာ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ မြန်မာ၊ ပါကစ္စတန်၊ စင်္ကာပူ၊ စပိန်၊ ထိုင်းနဲ့ ဗီယက်နမ်တို့ ပါဝင်ကြောင်း BPI ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒီနှစ်ထဲမှာ ဗီယက်နမ်က ဖိလစ်ပိုင်ထံ ဆန်ရောင်းချမှုအများဆုံးအဖြစ် တန်ချိန် ၂ ဒသမ ၉၆ သန်း တင်ပို့ထားပါတယ်။ ဗီယက်နမ်နောက်မှာတော့ မြန်မာနိုင်ငံက ဖိလစ်ပိုင်ထံ တင်ပို့မှု ၂၃၁၇၃၈ တန်၊ ထိုင်းက ၁၇၂၂၄၅ တန်တို့နဲ့ အသီးသီး ရပ်တည်နေကြပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Philippines may import 3 million MT rice next year – FFF - PhilStar

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်