အယ်လ်နီညိုအကြိုကာလအတွင်း တောင်သူများ ကြိုတင်ပြင်ဆင်ထားရမည့်အရာများနှင့် ဖြစ်နိုင်ချေများ

21/09/2023 11:00 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

အယ်လ်နီညိုက ဖြစ်ပြီ/ဖြစ်နေပြီလို့ ဩစတေးလျ မိုးလေဝသဗျူရိုက ကြေညာထားပြီဖြစ်ကြောင်းကို စာရေးသူ ဆရာဦးဝင်းနိုင်ရဲ့ ဖေ့ဘုတ်စ်စာမျက်နှာမှာ  post တင်ပေးထားပြီးပါပြီ။

https://www.facebook.com/uwinnaing/posts/pfbid02JxeeCnFQKzPDRHFZTCTNLFGVUcx2NGiKQQ7MipXUyG7udDbi32um9Mr9naMSzXVcl

အခု  ဆောင်းပါးမှာတော့ စက်တင်ဘာလ လကုန်ပိုင်းမှာသိသာထင်ရှားလာနိုင်မဲ့ နောက်ဆက်တွဲဖြစ်ရပ်တစ်ခုကိုရှင်းပြပေးချင်ပါတယ်။ အရင်ဆုံး အယ်လ်နီညိုဖြစ်ပြီဆိုရင် ပုံမှန်အားဖြင့် အရှေ့အရပ်မှ အနောက်အရပ်ကို တိုက်ခတ်နေတဲ့ အပူပိုင်းဇုံအတွင်း(TROPICAL ZONE)ထဲက ကုန်သည်လေစီးကြောင်းကြီး အားနည်းသွားပါတယ်။ အဲ့ဒီလိုဖြစ်ရတာကလဲ  အယ်လ်နီညို ကြောင့် ပိုမိုပူနွေးလာတဲ့ ပင်လယ်ပြင်ကပျံ့လွင့်တက်လာတဲ့ ရေခိုးရေငွေ့တွေကြောင့် ကုန်သည်လေစီးကြောင်းကြီးပုံမှန်စီးဆင်းနေတာကို အနှောင့်အယှက်ဖြစ်စေတဲ့ အထက်ပင့်လေစီးကြောင်းတွေ(UPDRAFTS and CONVECTIOS)ဖြစ်လာတာကြောင့်ပါပဲ။

အဲ့ဒီတော့ အယ်လ်နီညိုဖြစ်လာရင် -

ပူပြင်းပြီးခြောက်သွေ့တဲ့လေထုအခြေအနေတွေ ဖြစ်လာတာကြောင့် အစွန်းရောက်ရာသီဥတုဖြစ်စဉ်များဖြစ်ပေါ်တတ်ပါတယ်။

မိုးခေါင်ခြင်းကြောင့် စိုက်ပျိုးမြေများတွင်လိုအပ်သည့် စိုထိုင်းဆကျဆင်းပြီး သီးနှံဖြစ်ထွန်းအောင်မြင်နိုင်ခြေနည်းပါးလာခြင်းပါ ဖြစ်လာနိုင်တယ်။

ပူပြင်းပြီးမြေပြင်ခြောက်သွေ့မှုလွန်ကဲတာကြောင့် တောမီးလောင်ခြင်းတွေလည်း များလာနိုင်တယ်။ ဒီလိုအခြေအနေတွေက အခုလာမယ့် ဆောင်းရာသီက စ ပြီးဖြစ်လာနိုင်ကြောင်း NOAA က ခန့်မှန်းထားတယ်။

ကျန်းမာရေးရှုထောင့်ကကြည့်ရင်တော့ အဓိကအချက်ကြီး ၃ ခုအပေါ်မှာ သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်။ 

အဲ့ဒါတွေက -

  • (၁)ရောဂါများပြန့်ပွားကူးစက်မှု ပြင်းထန်တတ်ခြင်း၊
  • (၂)အစာရေစာငတ်မွတ်ခေါင်းပါးခြင်းနဲ့
  • (၃)အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများပိုမိုများပြားလာခြင်းတွေ ဖြစ်နိုင်ကြောင်း .. စသည်ဖြင့် ဖြစ်နိုင်တာတွေကိုလေ့လာတင်ပြပေးခဲ့ပါတယ်။

🔸 တစ်ခုသိထားရမှာက ဒီအခြေအနေတွေဟာ ၂၀၂၃ ဒီဇင်ဘာလမှာ အယ်နီညိုအားအပြင်းဆုံးဖြစ်လာနိုင်ပြီး အယ်နီညိုနှစ်လို့ပြောတဲ့ ၂၀၂၄ ခုနှစ်ထဲမှာ ဖြစ်လာနိုင်မယ့် ဖြစ်ရပ်တွေဖြစ်ပါတယ်။

အခုလက်ရှိအချိန် - ၂၀၂၃ စက်တင်ဘာလတွင်း (အယ်လ်နီညိုအကြိုကာလ) ထဲမှာတော့ မိုးလွန်ကာလမိုးတွေရွာစေနိုင်မယ့် လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေ၊ အရှေ့လေပွေလှိုင်းတွေဖြစ်လာနိုင်ပါတယ်။

🔸 အပူပိုင်းဇုံ(TROPICAL ZONE)အတွင်း ကုန်သည်လေစီးကြောင်းကြီးအားနည်းသွားပြီး အနောက်မှအရှေ့သို့ တိုက်ခတ်နေတဲ့ အနောက်လေစီးကြောင်းအားကောင်းလာတာနဲ့ - အယ်လ်နီညိုအကြိုကာလ-မိုးနှောင်း/မိုးလွန်ကာလမှာဖြစ်လာနိုင်မယ့် အခြေအနေတွေက အခုစက်တင်ဘာလ လကုန်ပိုင်းမှာဖြစ်လာနိုင်ကြောင်း သင်္ချာပုံစံမိုးလေဝသကြိုတင်ခန့်မှန်းရေမော်ဒယ်တွေက တပြေးညီ ပြသနေကြတာလဲ တွေ့နေရပါတယ်။

အဲ့ဒီတော့ကာ 

🔸 အယ်လ်နီညိုအကြိုကာလအတွင်း အရင်ဆုံးကြုံတွေ့ကြရတော့မယ့် - မိုးလွန်ကာလဖျက်မိုးတွေကြောင့် (မိုးရွာတာရပ်သွားပြီး ရိတ်သိမ်းခြွေလှေ့လုပ်ငန်းတွေလုပ်ကြရတဲ့ စပါးရိတ်သိမ်းချိန်မှာ) ရိတ်သိမ်းပြီးကောက်လှိုင်းတွေ ရေစိုကုန်တာမျိုး ဖြစ်နိုင်ပါတယ်။ရေနစ်မြုပ်ပျက်စီးတာတွေမှ လွတ်မြောက်အောင် မြေအမြင့်ပိုင်းနေရာတွေမှာ ကောက်လှိုင်းစည်းတွေရွှေ့ပြောင်းသိမ်းဆည်းဖို့ ပြင်ဆင်တာ၊ မရွှေ့ပြောင်းနိုင်တဲ့လယ်ကွင်းထဲက ကောက်လှိုင်းစည်းတွေကိုဖုံးအုပ်ကာကွယ်ပေးနိုင်မဲ့ မိုးကာစတွေကြိုတင်စီစဉ်တာ စသည်ဖြင့် .. "မိုးလွန်ကာလဖျက်မိုးအန္တရာယ်မှ ကာကွယ်နိုင်အောင် စတင်ပြင်ဆင်ကြရမယ့်အချိန်" ရောက်လာပြီဖြစ်ပါကြောင်း တောင်သူဦးကြီးတို့ကို သတိပေးလိုက်ရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်