အမျိုးသားများအနားကပ်လာရင် တိုက်ခိုက်တတ်တဲ့ သံပခြုပ်ဆိုတာ..

20/12/2023 13:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

မြန်မာနိုင်ငံရှိ ချောင်းသာ၊ ငွေဆောင်နှင့် တောင်ပိုင်းမြိတ်ကျွန်းစုကမ်းခြေများတွင် တွေ့မြင်ရသည့် သံပခြုပ်သည် ဒေသအခေါ်နာမည်ဖြစ်ပြီး အဂ်လိပ်အမည်မှာ ‘Sea Urchin’ဖြစ်သည်။

သံပခြုပ်(Sea urchin)မျိုးစိတ်များသည် သေးငယ်ကြပြီး ဆူးပါသာအရေပြား ပါရှိကြသည်။ အချိုးညီသောအနားတွန့် ၅ ခု ပါရှိပြီး လုံးဝန်းသောပုံသဏ္ဌာန်ရှိသည်။ မျိုးစိတ်ပေါင်း ၉၈၀ ခန့်ရှိပြီး ဒီရေအတက်အကျရှိရာဒေသများနှင့် ပင်လယ်ရေအနက် မီတာ ၅၀၀၀ ပင်လယ်ကြမ်းပြင်များအထိ တွေ့ရှိနိုင်သည်။ သံပခြုပ်၏ အရေခွံသည် ၃ စင်တီမီတာမှ ၁၀ စင်တီမီတာအထိ ရှိတတ်ပါသည်။ အနက်ရောင်၊ အစိမ်းရောင်၊ သံလွင်ရောင်၊ အညိုရောင်၊ ခရမ်းရောင်၊ အပြာရောင်၊ အနီရောင်စသည်ဖြင့် အမျိုးမျိုးတွေ့ရှိရပြီး နှေးကွေးစွာ သွားလာတတ်ကြသည်။

၎င်းတို့သည် သူတို့၏ ဆူးချွန်များဖြင့် အန္တရာယ်များကို ကာကွယ်လေ့ရှိပြီး ပါးစပ်မှာ ၄င်းတို့ခန္ဓာကိုယ်၏ အောက်ဖက်တွင် ရှိကြသည်။ Carribbean နွယ်ဝင် Diadema antillarum သံပခြုပ်မျိုးမှာ ၁၀ စင်တီမီတာမှ ၂၀ စင်တီမီတာအရှည် ရှိတတ်ပါသည်။ 

သံပခြုပ်များသည် အခြေခံအားဖြင့် အသီးအရွက်စား ( herbivores) များဖြစ်ကြပြီး အသက် ၂ နှစ်ခန့်တွင် လိင်အားဖြင့်အရွယ်ရောက်သည်။ ရေချိုနှင့် မိုးရေကိုအလွန်ကြောက်ကြပြီး မိုးလယ်မိုးကြီးချိန်များတွင် သံပခြုပ်များ အများအပြားသေဆုံးလေ့ရှိကြပါသည်။

သံပခြုပ်မျိုးပွားရာတွင်

သံပခြုပ်အမတစ်ကောင်သည် ဥပေါင်း ၁၀၀၀ ခန့် ဥချလေ့ရှိသည်။ အနီရောင် သံပခြုပ်များသည် အခြားသတ္တဝါများ၏ တိုက်ခိုက်ခြင်း မခံရပါက နှစ်ပေါင်း ၂၀၀ ခန့်ထိ အသက်ရှင်သန်နိုင်သည်။ သံပခြုပ်အမ ဥချထားသောဥများသည် ရေတွင်မျောနေကာ အဖိုမျိုးဥများနှင့် ထိတွေ့ပြီး နာရီအနည်းငယ်အတွင်းတွင် သန္ဓေအောင်ဥများဖြစ်၍ ၁၂ နာရီတွင် ဆဲလ်စတင်ကွဲသည်။ ၁၄ နာရီမှ ၂၀ နာရီတွင် Blastula အဆင့်၊ ၃၀ နာရီမှ ၅၀ နာရီအထိတွင် Gastrula အဆင့်၊ ၇၂ နာရီတွင် လက်တံ ၆ ခုပါသော Pluteus larva အဖြစ် ရောက်ရှိပါသည်။၆ပတ်မှ ၈ပတ်ခန့်အကြာတွင်နောက်ဆုံးရုပ်သွင်ကူးပြောင်းမှု ပြည့်စုံပြီး Juvenile အဆင့်သို့ ရောက်ရှိပါသည်။

သံပခြုပ်၏ပါးစပ်တွင် ကယ်လ်စီယမ်ကာဗွန်နိတ်ပါဝင်သော သွားပုံစံမေးရိုးတစ်ခုရှိသည်။ လျှာကဲ့သို့ ပွယောင်းနေပြီး အစာကို ကြိတ်ဝါးကာ အစာရေမြိုမှတဆင့် အစာအိမ်သို့ ပို့ဆောင်ပေးသည်။ မျက်စိမပါရှိသော်လည်း ထိတွေ့မှုအာရုံဖြင့် အလင်းရောင်နှင့် ဓာတုပစ္စည်းများကို ခံစားသိရှိနိုင်ပါသည်။

သံပခြုပ်ဆူးအန္တရာယ်

သံပခြုပ်၏ ဆူးများမှာ ဆွေးနေသောသံကဲ့သို့ရှိပြီး အလွန်ချွန်ထက်သည်။ စူးမိလျှင် ဆူးကြွေသွားပြီး အသားထဲမြုပ်ကျန်ခဲ့သည်။ စက္ကန့်ပိုင်းအတွင်း အဆိပ်တက်ကာ မခံမရပ်နိုင်အောင် နာသည်။ ပြီးလျှင် အပြင်းအထန် ယောင်ကိုင်းလာသည်။ ရက်အနည်းငယ်အတွင်း ယောင်သောနေရာ ပုပ်သွားတတ်သည်ဟုဆိုကြသည့်အတွက် ဆူးကို သတိထားစေလိုပါသည်။

သံပခြုပ်သည် ဆလုံများ အဓိကကြိုက်နှစ်သက်သော အစားအစာဖြစ်ပြီး ၄င်းတို့ အလွန်တရာ ခင်မင်ရသော မိတ်ဆွေများ၊ခေါင်းဆောင်/အကြီးအကဲများကိုသာ ရှာဖွေကျွေးမွေး လက်ဆောင်ပေးတတ်ကြသည်။ တော်ရုံသင့်ရုံခင်မင်သူများအား သံပခြုပ် မကျွေးတတ်ဟု သိရသည်။ 

ဆလုံလူမျိုးများသည် သံပခြုပ်ကောင်အား ညင်သာစွာခွာယူပြီး ဓားဖြင့်ခွဲကာ အတွင်းရှိအသားများ (ခုံးကောင်၊ ခရုကောင်တို့၏အသားများကဲ့သို့)ကို ပြုတ်ခြင်း၊ ပေါင်းခြင်း၊ ကြော်ခြင်းများ ပြုလုပ်စားသုံးကြသည်။ အသားမှာ ချိုအီပြီး ညှီသောအရသာရှိပါသည်။ သံပခြုပ်ကိုစားလျှင် သွေးအားကောင်းခြင်း၊ ဟော်မုန်းဓာတ်တိုးပွားခြင်းနှင့် ရာသီဥတုပူခြင်း၊ အေးခြင်းတို့ကို ခံနိုင်ရည်ရှိစေဟု ဆိုသည်။ 

သံပခြုပ်ကောင်၏ထူးခြားမှုမှာ ၄င်းတို့၏အနီးသို့ အမျိုးသားများချဥ်းကပ်လာပါက ဆူးတောင်များ​ထောင်ပြီး တိုက်ခိုက်လေ့ရှိပါသည်။အမျိုးသမီးများဖြစ်ပါက လှုပ်ရှားမှု မရှိဘဲ ငြိမ်သက်စွာ နေထိုင်လျက်ရှိပါသည်။ ထို့ကြောင့် သံပခြုပ်များကို ဆလုံအမျိုးသမီးများကသာ ရှာဖွေဖမ်းဆီးခြင်း ပြုကြသည်။

သံပခြုပ်ကောင်များသည် အများအားဖြင့် ရေအောက်ကြမ်းပြင်ရှိ သဲနုန်းများနှင့် ကျောက်တန်း၊ ကျောက်ပုံများကြားတွင် နေထိုင်ကြသည်။ ၄င်းတို့ကို နင်းမိလျှင် သို့မဟုတ် ၄င်းတို့၏တိုက်ခိုက်ခံရလျှင် ဆူးများက လူ့အသားတွင် စိုက်ဝင်ကျိုးကျန်ခဲ့ပြီး အနာရင်းကာ ပြည်တည်ပြီး အသားပုပ်တတ်သဖြင့် အလွန်ကြောက်ဖို့ ကောင်းပါသည်။

သံပခြုပ်အတွင်းသား ကြိုက်တတ်သူမျအနေဖြင့် သံပခြုပ်ကြော်ကို ကြိုက်နှစ်သက်ကြသော်လည်း သံပခြုပ်ဖမ်းခြင်းကိုမူ လူတိုင်းမလုပ်ဆောင်ရဲကြဘဲ ပင်လယ်ပျော်မော်ကင်းများကသာ ဖမ်းဆီးရှာဖွေနိုင်ကြသည်။ 

ယခုနောက်ပိုင်းတွင် ပင်လယ်စာအနေနှင့် ပိုမိုခေတ်စားလာသော ချွန်ချွန်ထက်ထက် သံပခြုပ်လေးများသည် သမုဒ္ဒရာပင်လယ်ကျောက်ဆောင်အနီးတွင် ရှင်သန်နေထိုင်ကြပါသည်။ Uni(အူနီ)ဆိုသည်မှာ ဂျပန်အခေါ်အရ သံပခြုပ်၏ roe ဟုခေါ်သည့် မျိုးပွားအင်္ဂါလေးဖြစ်ပြီး အင်မတန်မှ နူးညံ့လှပါသည်။  တစ်ကောင်မှ Uni roe ဟုခေါ်သည့် အနှစ်လေးများကို အနည်းငယ်သာ ရပါသည်။ သံပခြုပ်များကို သဘာဝအတိုင်းဖမ်းယူရတာများပြီး မွေးမြူရတာခက်ခဲသည့်အတွက် Uni လေးများသည် စျေးကြီးလေ့ရှိပါသည်။ ဂျပန်လူမျိုးများကလည်း အလွန်ကြိုက်ကြပါသည်။

ကျန်းမာရေးအရဆိုလျှင်လည်း Uni(အူနီ)သည် salmon ငါးများကဲ့သို့ Omega-3 ကြွယ်ဝပြီး ပရိုတင်းကြွယ်သည့် ကျန်းမာရေးနှင့် ညီသည့် အစားအစာ တစ်မျိုးဖြစ်ပါသည်။ သံပခြုပ်၏ Uni(အူနီ)အရသာသည် ဆိမ့်ဆိမ့်လေးနှင့် အရသာအလွန်ရှိပြီး အနီးစပ်ဆုံးဆိုရလျှင် ကိုင်းဥကဲ့သို့ creamy  ဆိမ့်ဆိမ့်လေးကို စားရသည့်အရသာနှင့် ဆင်တူပါသည်။ ဂျပန်လူမျိုးများသည် Uni(အူနီ)ကို ဆူရှီ(sushi)ထမင်းလိပ်ပြုလုပ်စားကြပြီး sashimiလိုလည်း အစိမ်းစားကြသည်က များပါသည်။

ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများ

ဆေးဖက်ဝင်သော သံပခြုပ်ကို စားခြင်းဖြင့် အောက်ပါကျန်းမာရေးအကျိုးကျေးဇူးများ ရရှိလာနိုင်ပါသည်။ သံပခြုပ်တွင်-

၁။ အသားဓာတ်(Protein)ကြွယ်ဝခြင်း

သံပခြုပ်များသည် အသား၊ ငါးများကဲ့သို့ ပရိုတင်းဓာတ်ကြွယ်ဝသဖြင့် အသားဓာတ်ရနိုင်မည့် အရင်းအမြစ်တစ်ခုအဖြစ် စားသုံး၍ရပါသည်။ ထို့​ကြောင့်လည်း သံပခြုပ်အနှစ် ဂျပန်ထမင်းလိပ်ကို အခြားနိုင်ငံများတွင် လူကြိုက်များကြပါတယ်။ သံပခြုပ်အနှစ်ဆူရှီတစ်တုံးတွင် ပရိုတင်း(အသားဓာတ်) ၃.၂ ဂရမ် ပါဝင်ပါသည်။

၂။ အမျှင်ဓာတ်(Fiber)ကြွယ်ဝခြင်း

သံပခြုပ်ကိုစားလျှင် အုတ်ဂျုံနှင့် ဂျုံကြမ်းတို့ကဲ့သို့ အမျှင်ဓာတ်များများရနိုင်သောကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပြီး အစာခြေလမ်းကြောင်းကို ကျန်းမာစေပါသည်။ သံပခြုပ်ကို ဆက်တိုက်စားပေးပါက အမျှင်ဓာတ်လိုအပ်မှုကို အတော်ဖြည့်ဆည်းနိုင်ပါသည်။

၃။ ဗီတာမင်-စီ(Vitamin-C)ပါဝင်ခြင်း

သံပခြုပ်တွင် Vitamin-C ပါဝင်သောကြောင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအတွက် အားဖြည့်ပေးနိုင်ပြီးရောဂါများကိုခုခံနိုင်စွမ်း ကောင်းမွန်စေနိုင်ပါသည်။ သရက်သီး၊ လိမ္မော်သီး၊ အစိမ်းရောင်အသီးအရွက်များနှင့် အားဆေးမစားချင်ဘူးဆိုလျှင် သံပခြုပ်ကို စားသုံးနိုင်ပါသည်။

၄။ ခွန်အားတိုးစေခြင်း

သံပခြုပ်ကို ကျားခွန်အားတိုးစေသည့် အာဟာရအဖြစ် ဂျပန်တွင် လူသိများသည့်အပြင် သံပခြုပ်ဆူရှီကိုလည်း လူကြိုက်များပါသည်။ သံပခြုပ်သည် သွေးလည်ပတ်မှုကို ကောင်းမွန်စေပါသည်။ ထို့ပြင် လိင်စိတ်ဖြစ်ပေါ်မှုကိုလည်း အားပေးပါသည်။

၅။ ဗီတာမင်-အေ(Vitamin-A)ကြွယ်ဝခြင်း

ဗီတာမင်-အေ ကြွယ်ဝသော အစားအစာကိုရှာချင်သည်ဆိုလျှင် သံပခြုပ်ကို ညွန်ရမည်ဖြစ်သည်။ မုန်လာဥနီ၊ ကိုက်လန်၊ ဟင်းနုနွယ်၊ သခွားမွှေးတို့တွင်သာ အဓိကတွေ့ရတတ်သော Vitamin-A ကို သံပခြုပ်မှ လုံလောက်သည့်ပမာဏအထိ ရနိုင်ပါသည်။ ဘီတာကယ်ရိုတင်းက ကိုယ်ခံအားစနစ်အတွက် အားဖြည့်ပေးပါလိမ့်မည်။

၆။ ကယ်လိုရီ(Calories)ရနိုင်ခြင်း

ခန္ဓာကိုယ်ကြီးလှုပ်ရှားနိုင်ဖို့အတွက် ပါဝါဘဏ်များလို ခွန်အားပုံမှန်ဖြည့်ပေးဖို့လိုပါသည်။ ထိုပြဿနာကို သံပခြုပ်က ကူညီပေးနိုင်ပါသည်။ အရမ်းပင်ပန်းထားပြီးအားကုန်နေသည်ဆိုလျှင် ကယ်လိုရီကြွယ်ဝသော သံပခြုပ်ကိုစားလိုက်ခြင်းအားဖြင့် အမြန်အားပြန်ပြည့်စေနိုင်ပါသည်။ထို့ပြင် ကိုယ်တွင်းကလီစာများ၏လုပ်ဆောင်ချက်များကို မှန်ကန်သွားစေပြီး နှလုံးကိုလည်း ကျန်းမာစေပါသည်။

ထိုကဲ့သို့ ကျန်းမာရေးအကျိုးကျေးဇူးများလှသောသံပခြုပ်ကို နေရာတိုင်းတွင် အလွယ်တကူဝယ်ယူ၍ မရနိုင်သော်ငြား မိမိကိုယ်တိုင်ကမ်းခြေရောက်နေပြီဆိုလျှင်တော့ စားဖြစ်အောင်စားကြည့်စေချင်ပါသည်။

သတိပြုရမည့်အချက်များ

သံပခြုပ်တစ်ကောင်လုံးတွင် Uni(အူနီ)ဟုခေါ်သည့် သံပခြုပ်၏ မျိုးပွားအင်္ဂါအစိတ်အပိုင်းတစ်ခုသည်သာ စားဖို့အတွက်သင့်တော်ပြီး ဆူးများဖြစ်သော Spine များမှာ အဆိပ်အရှိဆုံးနေရာ ဖြစ်ပါသည်။ သံပခြုပ်ကို စားသုံးသောအခါ Uni(အူနီ)ကိုသာစားသင့်ပြီး သံပခြုပ်အရှင်ကိုစားပါက ဆူးတွေသာမက သံပခြုပ်၏ ပါးစပ်နေရာကိုပါ သေချာသတိထားရှောင်ပြီး စားသုံးသင့်ပါသည်။ ထို့ပြင် သံပခြုပ်မျိုးကွဲ တချို့သည် အဆိပ်ပြင်းသောကြောင့် စားဖို့အတွက် လုံးဝမသင့်တော်သည့်ထဲတွင် ပါဝင်ပါသည်။

စားလို့ရသော သံပခြုပ်၏ အဆိပ်မိသွားလျှင် အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေအထိ မရောက်ရှိနိုင်သော်လည်း နာကျင်ခြင်း၊မူးနောက်ခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်းနှင့် အင်အားလျော့နည်းခြင်းအစရှိသော ပြင်းထန်သည့်ရောဂါလက္ခဏာများကို ခံစားရနိုင်သ​ဖြင့် မပေါ့မလျော့ပဲ သေချာကုသသင့်ပါသည်။

သံပခြုပ်၏ ပါးစပ်သည် ၄င်း၏ခန္ဓာကိုယ်အောက်တည့်တည့်တွင် ရှိပါသည်။ ပါးစပ်ကို ရှောင်ရမည့်အကြောင်းအရင်းမှာ ကိုက်တတ်၍ဖြစ်သည်။ ကိုက်လိုက်လျှင် အဆိပ်ရှိတတ်သည်မို့ ရှောင်သင့်ပါသည်။ သံပခြုပ်သည် စားသုံးရန်အတွက် အန္တရာယ်ရှိနိုင်သော ပင်လယ်စာတစ်ခုဖြစ်သော်လည်းအရသာရှိသည့်အပြင် လူသားများအတွက် အာဟာရဖြစ်စေသော Vitamin နှင့် Protein များ ပါဝင်သောကြောင့် စားသုံးဖို့သင့်တော်သော ပင်လယ်စာတစ်ခုလည်း ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်