နားကပ်ပြားတပ်ခြင်း

13/10/2020 11:45 AM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

    မွေးမြူသူများအနေဖြင့် နွားကောင်ရေနည်းလျှင် နွားတစ်ကောင်ချင်းစီ၏ အမည်၊ အချက်အလက်များကို မှတ်မိဖို့လွယ်သည်။ ခြံမှာ နွားကောင်ရေတိုးလာသည့်အခါ၊ အလုပ်သမားထားထားရသည့်အခါ နွားများ၏အချက်အလက်နောက်ကြောင်းကို အမြဲသိနေဖို့ဆိုတာ ခက်လာပါပြီ။ ထို့ကြောင့် နားကပ်ပြားတပ်ခြင်းသည် ခြံစီမံမှုတွင် အသုံးဝင်နေရခြင်း ဖြစ်သည်။ 

    နွားများကို နားကပ်ပြားတပ်ထားသည့်အတွက် နွားတစ်ကောင်ချင်းစီ၏ အခြေအနေ အကြောင်းအရာအာလုံးကို မှတ်တမ်းဖြင့် အလွယ်တကူမှတ်သားနိုင်သည်။ ခြံတွင် အလုပ်သမားအသစ်ရောက်လာလျှင်လည်း ၎င်းအနေဖြင့် နွားများအကြောင်းကို မြန်မြန်ဆန်ဆန်သိနိုင်မည်။ နွားအုပ်အတွင်းမှ မိမိအလိုရှိသောနွားကို ရှာဖွေရာတွင်လည်း ပိုမိုလွယ်ကူစေမည်။ နွားကောင်ရေများသည့်ခြံတွင် နားကပ်ပြားတပ်ခြင်းသည် မှတ်တမ်းထားရှိနိုင်ရန်အတွက် မရှိမဖြစ်လိုအပ်ပြီး မှတ်တမ်းထားရှိခြင်းသည် သားစပ်ခြင်းနှင့် နွားများပယ်ထုတ်ခြင်း စသည်တို့အတွက် ဆုံးဖြတ်ချက်များ ကောင်းစွာချနိုင်စေရန်အတွက် အလွန်အရေးကြီးသည်။

    နွားများ၏နားတွင် နားကပ်ပြားရိုက်ပြီး ကိုယ်ပိုင်အမှတ်အသား ပေးရမည်။ နားကပ်စတပ်ချိန်တွင် နွားအတွက် အနည်းငယ်နာကျင်မှုရှိသော်လည်း အနာအကျက်မြန်သည့်အတွက် နွား၏ ကျန်သက်တမ်းတစ်လျှောက်လုံးတွင် နာကျင်မှုမရှိပေ။ ကျွန်ုပ်တို့နားတွင် နားကပ်တပ်သကဲ့သို့ ဖြစ်သည်။ 

    နွားများအတွက် နားကပ်ပြားတပ်ရာတွင် အထူးကိရိယာလိုအပ်သည်။ နားကပ်ပြားအများစုသည် ပင်အချောင်းတံပါသည့်ဘက်နှင့် အပေါက်ပါသည့်ဘက်ဟူ၍ ဘက် ၂ ခုရှိသည်။ ဘက် ၂ ခုကို နား၏ တစ်ဖက်တစ်ချက်စီထားပြီး နားကိုဖောက်ရမည်။ ပင်ချောင်းသည် တစ်ဖက်ရှိအပေါက်နှင့် အံကျဖြစ်သွားမည်။ 

    နားကပ်ပြားပေါ်တွင် နွား၏နံပါတ် သို့မဟုတ် နာမည်ကိုရေးပြီးမှ တပ်ရမည်။ နံပါတ်သည် နာမည်ထက် ရေးရတာပိုတိုပြီး မှတ်ရလွယ်သည်။ နွားငယ်များအဖို့ မွေးသည့်ရက်စွဲကိုပါ ထည့်ပေးရမည်။ အချို့ခြံသမားများသည် နွားကလေး၏ မိခင်နံပါတ်ကိုပါ ရေးထည့်ထားသည်။ သို့သော် နွားငယ်၏ မျိုးရိုးကို စာအုပ်ထဲတွင် မှတ်သားထားမည်ဖြစ်သည့်အတွက် နားကပ်ပြားပေါ်တွင်ရေးခြင်း မရေးခြင်းသည် အရမ်းအရေးမကြီးပေ။

    နားကပ်တပ်သည့်အခါ နွားကို ထိခိုက်မှုမရှိစေရန် သေချာချုပ်ထားဖို့လိုအပ်သည်။ နွားရွက်ပေါ်တွင် အပြိုင်မျဉ်းပုံစံရှိနေသည့် လမ်းကြောင်း ၂ ခုကြားက နူးညံ့သည့် အလယ်နေရာတွင် တပ်ရမည်။ သွေးကြောရှိသည့်နေရာကို မဖောက်မိအောင် သေချာကြည့်ရမည်။ နားရွက်၏အလယ်နေရာတွင် တပ်ခြင်းဖြင့် ဖတ်ရလွယ်ကူပြီး အလွယ်တကူမပြုတ်နိုင်ပေ။ ရောဂါပိုးဝင်ရောက်မှုမရှိစေရန် နားကပ်ပြားတပ်ပြီးပြီးချင်း အိုင်အိုဒင်းဆေးရည် သို့မဟုတ် ပိုးသန့်ဆေးရည် သုံးပေးရမည်။ သန့်ရှင်းရေးလုပ်ပေးရမည်။ 

    နယူးဇီလန်န်ုင်ငံတွင် နွားငယ်လေးများကို ၎င်း၏ ပထမနေ့တွင်ပင် နားကပ်ပြားအသေးကို တပ်ပေးပြီး အရွယ်ရောက်ကြီးလာသည့်အခါ ပိုကြီးသည့် နားကပ်ပြားကို ပြောင်းတပ်ပေးလိုက်သည်။ တစ်ခါတရံ နားကပ်ပြားသည် နွားငယ်အတွက် အရမ်းကြီးနေတတ်သည်။ နွားငယ်ကို မွေးပြီး တစ်ပတ်အတွင်း ၎င်းအတွက် မှတ်တမ်းစတင်ထားရှိပေးရမည်။ သို့မှသာ နွားငယ်များနှင့် မိခင်နွားမကြီးများ လွဲမှားတွဲမိခြင်း မဖြစ်နိုင်တော့ပေ။ 

    နွားငယ်လေးများတွင် နားကပ်ပြားမတပ်ဖြစ်သေးလျှင် သို့မဟုတ် တပ်ဖို့အဆင်မပြေသေးလျှင် ကိုယ်ပိုင်အမှတ်အသားကပ်ပြားတစ်ခုခုကို ကြိုးဖြင့် လည်ပင်းတွင် ချည်ထားခြင်းမျိုး ပြုလုပ်နိုင်သည်။ ထို့နောက် သားခွဲချိန်တွင် တပ်နိုင်သည်။ သို့သော် ငယ်တုန်းတပ်ခြင်းထပ် ကြီးမှတပ်ခြင်းပိုခက်ခဲသည်ပြီး နွားကို ကောင်းကောင်းချုပ်ထားဖို့ လိုအပ်ပေလိမ့်မည်။

    မွေးမြူသူများအနေဖြင့် မိမိခြံ၏အနာဂတ်အတွက် အစားထိုးအုပ်စုဖြစ်လာမယ့် နွားကလေးများကို နားကပ်ပြားတပ်ဆင်ပြီး ငယ်ရွယ်စဉ်မှစ၍ စနစ်တကျ ပြုစုမွေးမြူရန်အကြံပြုအပ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်