နားကပ်ပြားတပ်ခြင်း

13/10/2020 11:45 AM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

    မွေးမြူသူများအနေဖြင့် နွားကောင်ရေနည်းလျှင် နွားတစ်ကောင်ချင်းစီ၏ အမည်၊ အချက်အလက်များကို မှတ်မိဖို့လွယ်သည်။ ခြံမှာ နွားကောင်ရေတိုးလာသည့်အခါ၊ အလုပ်သမားထားထားရသည့်အခါ နွားများ၏အချက်အလက်နောက်ကြောင်းကို အမြဲသိနေဖို့ဆိုတာ ခက်လာပါပြီ။ ထို့ကြောင့် နားကပ်ပြားတပ်ခြင်းသည် ခြံစီမံမှုတွင် အသုံးဝင်နေရခြင်း ဖြစ်သည်။ 

    နွားများကို နားကပ်ပြားတပ်ထားသည့်အတွက် နွားတစ်ကောင်ချင်းစီ၏ အခြေအနေ အကြောင်းအရာအာလုံးကို မှတ်တမ်းဖြင့် အလွယ်တကူမှတ်သားနိုင်သည်။ ခြံတွင် အလုပ်သမားအသစ်ရောက်လာလျှင်လည်း ၎င်းအနေဖြင့် နွားများအကြောင်းကို မြန်မြန်ဆန်ဆန်သိနိုင်မည်။ နွားအုပ်အတွင်းမှ မိမိအလိုရှိသောနွားကို ရှာဖွေရာတွင်လည်း ပိုမိုလွယ်ကူစေမည်။ နွားကောင်ရေများသည့်ခြံတွင် နားကပ်ပြားတပ်ခြင်းသည် မှတ်တမ်းထားရှိနိုင်ရန်အတွက် မရှိမဖြစ်လိုအပ်ပြီး မှတ်တမ်းထားရှိခြင်းသည် သားစပ်ခြင်းနှင့် နွားများပယ်ထုတ်ခြင်း စသည်တို့အတွက် ဆုံးဖြတ်ချက်များ ကောင်းစွာချနိုင်စေရန်အတွက် အလွန်အရေးကြီးသည်။

    နွားများ၏နားတွင် နားကပ်ပြားရိုက်ပြီး ကိုယ်ပိုင်အမှတ်အသား ပေးရမည်။ နားကပ်စတပ်ချိန်တွင် နွားအတွက် အနည်းငယ်နာကျင်မှုရှိသော်လည်း အနာအကျက်မြန်သည့်အတွက် နွား၏ ကျန်သက်တမ်းတစ်လျှောက်လုံးတွင် နာကျင်မှုမရှိပေ။ ကျွန်ုပ်တို့နားတွင် နားကပ်တပ်သကဲ့သို့ ဖြစ်သည်။ 

    နွားများအတွက် နားကပ်ပြားတပ်ရာတွင် အထူးကိရိယာလိုအပ်သည်။ နားကပ်ပြားအများစုသည် ပင်အချောင်းတံပါသည့်ဘက်နှင့် အပေါက်ပါသည့်ဘက်ဟူ၍ ဘက် ၂ ခုရှိသည်။ ဘက် ၂ ခုကို နား၏ တစ်ဖက်တစ်ချက်စီထားပြီး နားကိုဖောက်ရမည်။ ပင်ချောင်းသည် တစ်ဖက်ရှိအပေါက်နှင့် အံကျဖြစ်သွားမည်။ 

    နားကပ်ပြားပေါ်တွင် နွား၏နံပါတ် သို့မဟုတ် နာမည်ကိုရေးပြီးမှ တပ်ရမည်။ နံပါတ်သည် နာမည်ထက် ရေးရတာပိုတိုပြီး မှတ်ရလွယ်သည်။ နွားငယ်များအဖို့ မွေးသည့်ရက်စွဲကိုပါ ထည့်ပေးရမည်။ အချို့ခြံသမားများသည် နွားကလေး၏ မိခင်နံပါတ်ကိုပါ ရေးထည့်ထားသည်။ သို့သော် နွားငယ်၏ မျိုးရိုးကို စာအုပ်ထဲတွင် မှတ်သားထားမည်ဖြစ်သည့်အတွက် နားကပ်ပြားပေါ်တွင်ရေးခြင်း မရေးခြင်းသည် အရမ်းအရေးမကြီးပေ။

    နားကပ်တပ်သည့်အခါ နွားကို ထိခိုက်မှုမရှိစေရန် သေချာချုပ်ထားဖို့လိုအပ်သည်။ နွားရွက်ပေါ်တွင် အပြိုင်မျဉ်းပုံစံရှိနေသည့် လမ်းကြောင်း ၂ ခုကြားက နူးညံ့သည့် အလယ်နေရာတွင် တပ်ရမည်။ သွေးကြောရှိသည့်နေရာကို မဖောက်မိအောင် သေချာကြည့်ရမည်။ နားရွက်၏အလယ်နေရာတွင် တပ်ခြင်းဖြင့် ဖတ်ရလွယ်ကူပြီး အလွယ်တကူမပြုတ်နိုင်ပေ။ ရောဂါပိုးဝင်ရောက်မှုမရှိစေရန် နားကပ်ပြားတပ်ပြီးပြီးချင်း အိုင်အိုဒင်းဆေးရည် သို့မဟုတ် ပိုးသန့်ဆေးရည် သုံးပေးရမည်။ သန့်ရှင်းရေးလုပ်ပေးရမည်။ 

    နယူးဇီလန်န်ုင်ငံတွင် နွားငယ်လေးများကို ၎င်း၏ ပထမနေ့တွင်ပင် နားကပ်ပြားအသေးကို တပ်ပေးပြီး အရွယ်ရောက်ကြီးလာသည့်အခါ ပိုကြီးသည့် နားကပ်ပြားကို ပြောင်းတပ်ပေးလိုက်သည်။ တစ်ခါတရံ နားကပ်ပြားသည် နွားငယ်အတွက် အရမ်းကြီးနေတတ်သည်။ နွားငယ်ကို မွေးပြီး တစ်ပတ်အတွင်း ၎င်းအတွက် မှတ်တမ်းစတင်ထားရှိပေးရမည်။ သို့မှသာ နွားငယ်များနှင့် မိခင်နွားမကြီးများ လွဲမှားတွဲမိခြင်း မဖြစ်နိုင်တော့ပေ။ 

    နွားငယ်လေးများတွင် နားကပ်ပြားမတပ်ဖြစ်သေးလျှင် သို့မဟုတ် တပ်ဖို့အဆင်မပြေသေးလျှင် ကိုယ်ပိုင်အမှတ်အသားကပ်ပြားတစ်ခုခုကို ကြိုးဖြင့် လည်ပင်းတွင် ချည်ထားခြင်းမျိုး ပြုလုပ်နိုင်သည်။ ထို့နောက် သားခွဲချိန်တွင် တပ်နိုင်သည်။ သို့သော် ငယ်တုန်းတပ်ခြင်းထပ် ကြီးမှတပ်ခြင်းပိုခက်ခဲသည်ပြီး နွားကို ကောင်းကောင်းချုပ်ထားဖို့ လိုအပ်ပေလိမ့်မည်။

    မွေးမြူသူများအနေဖြင့် မိမိခြံ၏အနာဂတ်အတွက် အစားထိုးအုပ်စုဖြစ်လာမယ့် နွားကလေးများကို နားကပ်ပြားတပ်ဆင်ပြီး ငယ်ရွယ်စဉ်မှစ၍ စနစ်တကျ ပြုစုမွေးမြူရန်အကြံပြုအပ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်