"စိုက်ပျိုးပညာမျှဝေရာ" အစီအစဉ်မှ ကြိုဆိုလိုက်ပါတယ်။
ဒီအစီအစဉ်ကို ENI ဖောင်ဒေးရှင်း၏ အကူအညီဖြင့် မကွေး၊ မင်းလှနှင့် မြို့သစ်ဒေသများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းအတွက် PC Myanmar မှ ထုတ်လွှင့်ပေးတာဖြစ်ပါတယ်။
ဒီတစ်ပတ်မှာ မြေလွတ်မြေလတ်နဲ့ မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ အရ စည်းမျဉ်းစည်းကမ်းများကို ဆရာ ဦးဇော်မင်း (နတ်မောက်) က ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
မြေလွတ် မြေရိုင်းတွေမှာ လုပ်လို့ရတဲ့ လုပ်ငန်း ၄ မျိုးအနေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒြပ်သတ္တု ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် နိုင်ငံတော်ကနေ ခွင့်ပြုထားတဲ့ အခြားလုပ်ငန်းတွေဖြစ်ကြောင်းအပြင် ခွင့်ပြုနိုင်တဲ့ မြေဧကတွေ၊ လျှောက်ထားချင်သူတွေအနေနဲ့လိုအပ်တဲ့ လုပ်ဆောင်ချက်တွေ စသဖြင့် ဆွေးနွေးပေးသွားတာဖြစ်ပါတယ်။
အစိမ်းရောင်လမ်း ဦးကြီးတို့ ဆက်လက်ပြီးလေ့လာကြည့်လိုက်ပါနော်...
Marlarmyaing Public Company Limited
ကြော်ငြာ
ပဲခင်းထဲ ပဲမများဘဲ ပေါင်းများနေရင်တော့မဟုတ်သေးဘူးလေ။ ပေါင်းရှင်းရင်လည်း ရှင်းနည်းကလည်းမှန်ဖို့လိုသေးတယ်ဗျာ။
ပဲမျိုးစုံ၊ပဲပုတ်၊ပဲတီစိမ်း၊မတ်ပဲ၊ကုလားပဲ၊ပဲလွန်းဖြူ၊မြေထောက်ပဲတွေမှာ ကျရောက်တဲ့ တစ်နှစ်ခံနှင့်နှစ်ရှည် မြက်တွေကို သီးနှံစိုက်ပြီး (၁၀-၂၀) ရက် (သို့) ပေါင်းအရွက် (၂-၃)ထွက်ချိန်အတွင်း အမ်ကွင်း (Quizalofop-p-ethyl 10%EC) ကို အသုံးပြုနိုင်ပါတယ်။
ရွက်ပြန့်ပေါင်းတွေအတွက်ဆိုရင်တော့ သီးနှံစိုက်ပြီး (၁၄-၂၈) ရက် (သို့) ပေါင်းအရွက် (၂-၄)ထွက်ချိန် အမ်ကင်း (Fomesafen 25%SL) ကို ပက်ဖျန်းနိုင်ပါတယ်ဗျာ။
ပေါင်းသတ်ဆေး အာနိသင် ထိရောက်စေဖို့
📌နေပြင်းချိန်မှာ ဆေးမဖျန်းဖို့ သတိပြုရပါမယ်။
📌ဖော်ပြထားတဲ့ ဆေးညွှန်းနှုန်းထားအတိုင်းသာ အသုံးပြုပေးရပါမယ်။
မာလာမြိုင်ကတော့ တောင်သူတိုင်းပဲများနိုင်အောင် နည်းမှန်လမ်းမှန်တွေညွှန်းပေးလိုက်ပါပြီ။ တောင်သူတွေဘက်ကလည်း မှန်မှန်ကန်ကန်လိုက်နာမယ်ဆို ပဲများဝေဆာပြီး လူကြားထဲ မျက်နှာပန်းလှနေမှာပဲဗျို့။
Hotline ဖုန်းနံပါတ်☎️𝟬𝟵 𝟳𝟵𝟵 𝟵𝟵𝟯 𝟯𝟮𝟮 မှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်
Read more
Facebook page သို့သွားရန်