စိုက်ပျိုးရေးတွင် အရေးပါလှတဲ့ လယ်ယာမြေဥပဒေ လယ်မြေရပိုင်ခွင့် အခွင့်အရေးများ ဘာကြောင့် သိရှိလေ့လာထားဖို့ လိုအပ်တာလဲ?

22/12/2017 11:35 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။

မျိုးစေ့ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးသုံးစွဲမှုဆိုင်ရာ ဥပဒေများကို သိရှိထားခြင်းဖြင့် မိမိကိုယ်တိုင်ရော သဘာဝပတ်ဝန်းကျင် အတွက်ပါ ကာကွယ်နိုင်ပါတယ်။

လယ်မြေအသုံးပြုမှုသက်သေခံလက်မှတ်ပုံစံ (၇) ရယူထားခြင်းဟာ မိမိတို့လယ်ယာဆုံးရှုံးမှု ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။

လယ်ယာမြေဥပဒေ၊လယ်သမားအသင်းအဖွဲ့များနှင့် အခြားအဖွဲ့အစည်းများဥပဒေ၊ ရေလုပ်ငန်းဥပဒေ၊ သစ်တောနှင့် မြေလွတ်မြေရိုင်းဥပဒေများကိုလည်း အသေးစိတ်သိရှိထားဖို့ လိုအပ်ပါသည်။

စိုက်ပျိုးရေးနှင့်ပတ်သက်သောဥပဒေများ ၊အကြံပြုချက်များကို အင်တာနက် စာမျက်နှာများတွင် အသေးစိတ်ဖတ်ရှုနိုင်သလို အကူအညီများလိုအပ်ပါက သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနများ ၊စိုက်ပျိုးရေးပညာရှင်များ၊NGO အဖွဲ့အစည်းများနှင့်ပူပေါင်းဆောင်ရွက်နိုင်ပါသည်။

‘စိုက်ပျိုးမွေးမြူရေး ဉပဒေများ သိရှိလိုက်နာနိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အတူပူးပေါင်းဆောင်ရွက်စို့’

ဤတီဗီ ဗီဒီယို အစီစဉ်ကို UNESCO, LIFT, မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့ မှ ပူးပေါင်းတင်ဆက်ပါသည်။

 

Download
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်