အီးအမ်ကို တိရစ္ဆာန် မွေးမြူရေးခြံများတွင် အသုံးပြုနည်းနှင့် အကျိုးကျေးဇူးများ

16/05/2022 15:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

    EM ကို မွေးမြူရေးခြံများတွင် ပက်ဖျန်းခြင်း၊ တိရစ္ဆာန်အစာထဲတွင် ထည့်ကျွေးခြင်းအားဖြင့် အကျိုးကျေး ဇူးများစွားကို ရရှိစေနိုင်ပါသည်။

EM ကို မွေးမြူရေးခြံများတွင် ပက်ဖျန်းခြင်းအားဖြင့်-

(က) အနံ့ဆိုးများ လျော့နည်းပျောက်ဆုံးသွားစေခြင်း၊

(ခ) ပဋိဇီဝဆေးများ သုံးစွဲရန်မလိုခြင်း၊

(ဂ) ခြင်၊ယင်၊မှက်တို့ လျော့နည်းပျောက်ဆုံးသွားစေခြင်း၊

(ဃ) တိရစ္ဆာန်များ၏ ကျန်းမာရေးကောင်းမွန်စေခြင်း၊

(င) အထွက်နှုန်းနှင့် အရည်အသွေး ပိုကောင်းလာခြင်း၊

(စ) တိရစ္ဆာန်မစင်များကို မြေသြဇာအဖြစ်သုံးသောအခါ သာမန်ထက်ကောင်းခြင်း စတဲ့ အကျိုးကျေးဇူး များကို ရရှိနိုင် ပါသည်။ 

 

အီးအမ်ကို မွေးမြူရေးခြံအနှံ့ ပက်ဖျန်းနည်း

          အီးအမ်ကို ရေနှင့် (၁း၁၀၀၀)နှုန်းရောပြီး မွေးမြူရေးခြံများ၊ ကြမ်းပြင်များနှင့် ခြံပတ်ဝန်းကျင် နေရာများသို့ ၇ရက်ခြား ၁ကြိမ် ပက်ဖျန်းပေးခြင်းအားဖြင့် အနံ့ဆိုးများပျောက် ကင်းစေပြီး တိရစ္ဆာန်များ၏ ကျန်းမာရေး ကောင်းမွန်လာ စေပါမည်။

 

တိရစ္ဆာန်မစင်ကန်ထဲသို့ အီးအမ်ထည့်နည်း

         အီးအမ်ကို ကန်ထုထည်၏ ၁%ထည့်ခြင်းအားဖြင့် အနံ့ဆိုးများမထွက်ခြင်း၊ မိလ္လာထုထည် လျော့ကျမသွားခြင်း၊ ရောဂါပိုးများကိုသေစေခြင်း အကျိုးကျေးဇူးများရရှိပါမည်။

 

ဘိုကာရှီကို တိရစ္ဆာန်အိပ်မည့်နေရာများတွင် ဖြူးပေးနည်း

          မွေးမြူရေးခြံ၌ ကြမ်းပြင်ဖြူးရန် ဘိုကာရှီပြုလုပ်ရာတွင် ဖွဲနုနှင့် လွှစာမှုန့်ကို ဆတူရော၍ စူပါဘိုကာရှီပြုလုပ်နည်းအတိုင်း ပြုလုပ်ရပါမည်။ ဘိုကာရှီကို ၁စတုရန်းမီတာလျှင် ၅၀ ဂရမ် နှုန်း ၇ရက်ခြား၁ကြိမ် ဖြူးပေးရပါမည်။ တိရစ္ဆာန်များ စားမိလျှင်လည်း ပြဿာနာမရှိပါ။

 

အီးအမ်ကို တိရစ္ဆာန်၏ သောက်ရေတွင်ထည့်ပေးခြင်းဖြင့်-

       တိရစ္ဆာန်သောက်မည့် သောက်ရေထဲတွင်(၀.၀၁ %)မှ (၁%)အထိ ထည့်ပေးခြင်းအားဖြင့် အစာလမ်း ကြောင်းရှိ အဏုဇီဝများ၏ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်လာစေပြီး တိရစ္ဆာန်များ၏ ကျန်းမာရေးမှာလည်း ပိုမိုကောင်းမွန် လာစေပါမည်။ မစင်မှ အနံ့ဆိုးများလည်း လျော့နည်းလာမည် ဖြစ်သည်။ တိရစ္ဆာန်အရွယ်ကြီးလျှင် နှုန်းပိုထည့်ရပါမည်။

 

အီးအမ်ကို ငါးမွေးမြူရေးတွင် အသုံးပါက-

       ငါးကန်ရေထု၏ (၀.၀၁%)မှ (၀.၁%)အထိ ၂ပတ်၁ကြိမ် ထည့်ပေးခြင်းအားဖြင့် ကန်ရေထုသန့်ရှင်းလာပြီး ငါး များ၏ ကျန်းမာရေး ကောင်းမွန်လာစေပါမည်။ အထွက်တိုးစေပါမည်။ တိရစ္ဆာန်အတွက် ပြုလုပ်သောဘိုကာရှီကို ငါးစာထဲ တွင်(၁-၅%)ထိ ရောထည့် ကျွေးနိုင်ပါသည်။ ပုစွန်မွေးမြူရေးတွင်လည်း သုံးနိုင်ပါသည်။

 

သတိပြုရန်အနေဖြင့်-

-မွေးမြူရေးတွင် အီးအမ်နှင့် ပဋိဇီဝဆေး တွဲမသုံးပါနှင့်။

-တွဲဖက်သုံးလိုပါက ရက်ခြားသုံးပါ။

-အီးအမ်ကို ပြည့်ပြည့်ဝဝထိထိရောက်ရောက် သုံးလျှင် ပဋိဇီဝဆေး သုံးရန်မလိုပါ။

 

အီးအမ်ဘိုကာရှီကို အစာထဲတွင်ထည့်ကျွေးခြင်းအားဖြင့်-

          တိရစ္ဆာန်အတွက် ဘိုကာရှီပြုလုပ်၍ အစာထဲတွင် (၁%)မှ (၅%)အထိ ရောကျွေးခြင်းအားဖြင့် အထက်ပါ အကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။ ဘိုကာရှီပြုလုပ်ရာ တွင် ဖွဲနုနှင့် နှမ်းဖတ် (သို့)ပဲဖတ်ကို ဆတူရော၍ စူပါဘိုကာရှီ ပြုလုပ်ပုံအတိုင်း ဆောင်ရွက်ရပါမည်။ 

အမြန်သုံး စူပါဘိုကာရှီပြုလုပ်နည်း

(၁) ဖွဲနု ၁ပြည်ကို ရေဖြင့်ခပ်ပျစ်ပျစ်ဖျော်ပါ(သို့) ဆန်ကွဲ ၁ပြည်ကို ရေဖြင့်ခပ်ပျစ်ပျစ်ကျို၍ အအေးခံပါ။

(၂) ပြီးလျှင် အီးအမ်အပြင်းဖျော်ရည် ငှက်ပျောဖူး ၁ပုလင်းစာကို ထပ်မံရောစပ်ပါ။

(၃) ရောစပ်ပြီး နာရီအနည်းငယ်(၂-၃)နာရီခန့် ကြာအောင် စောင့်ဆိုင်းပြီးမှ အသုံးပြုပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်