အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဘက်စုံအသုံးဝင်သည့် ဓနိပင်

ဘက်စုံအသုံးဝင်သည့် ဓနိပင်

    ဓနိပင်ကို အိမ်မိုးရန်အသုံးပြုကြသောအပင်ဟု လူသိများပါသည်။ ဓနိ၊ သက်ကယ်တို့နှင့် အမိုးအကာပြုလုပ်သော အလေ့အထသည် ရှေးယခင်ကပင်ရှိခဲ့ပြီး ယခုအချိန်ထိ သုံးစွဲနေကြဆဲ​ဖြစ်ပါသည်။ ဓနိပင်သည် ပင်လယ်ရေငန်ဝင်သော ကမ်းရိုးတန်းဒေသများနှင့် ကမ်းစပ်ချောင်းစပ်များတွင် ပေါက်ရောက်ပါသည်။ မြန်မာနိုင်ငံတွင်လည်း  ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ဓနိတောများပေါက်ရောက်ပါသည်။ ထိုဒေသရှိ ဒေသခံများမှလွဲ၍ အများစုသည် ဓနိတစ်ပင်လုံး၏အသုံးဝင်ပုံကို မသိဘဲ ဓနိဖက်ကိုသာ အိမ်မိုးရန်သုံးရမည်တစ်ခုသာ အသိများကြပါသည်။

    ဘက်စုံအသုံးဝင်သော ဓနိပင်ကို အင်္ဂလိပ်အမည် Nipa palm ဟု ခေါ်ပါသည်။ သိပ္ပံအမည်မှာ Nypa fruticans ဖြစ်ပြီး မူရင်းဒေသမှာ သီရိလင်္ကာ၊ အိန္ဒိယ၊ ဘော်နီယိုကျွန်းဆွယ်နှင့် ဂျာဗားကျွန်းတို့မှတစ်ဆင့် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ ရောက်ရှိလာပါသည်။

    ဓနိပင်၏အရွက်ကို အိမ်အမိုးအကာများအတွက် အသုံးပြုကြသကဲ့သို့ အရိုးကို ခြံစည်းရိုးကာရန်အသုံးပြုပါသည်။ အရွက်နုသည် သင်းပျံ့သောရနံ့ရှိသဖြင့် မုန့်များ၊ ကောက်ညှင်းထုပ်များထုပ်ပိုးရာတွင် ဖက်အဖြစ်သုံးကြပါသည်။ ဓနိပင်မှရသော ဓနိရည်ကို အချိုရည်အဖြစ် သောက်သုံးနိုင်သကဲ့သို့ ဓနိသကြားချက်ရာတွင်လည်းကောင်း၊ ထားဝယ်ရိုးရာ ပအုန်းရည်ချက်ရာတွင်လည်းကောင်း သုံးကြပါသည်။ ပအုန်းရည်ဆိုသည်မှာ ထားဝယ်တိုင်းရင်းသား ရိုးရာအစားသောက်များချက်ရာတွင်ထည့်သော ရှာလကာရည်ဖြစ်ပါသည်။ ဓနိပင်မှရသော ဓနိသီးသည် ထန်းသီး၊ ပေသီးကဲ့သို့ပုံစံဆင်ကာ အဖြူရောင်ဖြစ်ပါသည်။ ထန်းသီးနှင့်ဆင်ကာ စားကောင်းသော ဓနိသီးကို အစိမ်းစားကြသကဲ့သို့ အချိုပွဲများ ဖျော်ရည်များနှင့် ရေခဲမုန့်များလုပ်ရာတွင်လည်း ထည့်သွင်းအသုံးပြုကြပါသည်။

    ယခုအခါ ဓနိဖူးခြောက်သည် များစွာခေတ်စားလာပြီး တနင်္သာရီတိုင်းနှင့် ဓနိပင်ပေါများရာမြန်မာနိုင်ငံရှိ ​အခြားဒေသများတွင် ဓနိဖူးခြောက်ကို ပြုလုပ်ရောင်းချကာ မြန်မာပြည်အနှံ့ပို့ဆောင်ပေးပါသည်။ ဓနိဖူးခြောက်တွင် polyphenol ဓာတ်ပါဝင်ပါသည်။ ထိုဓာတ်သည် လူ့ ကိုယ်တွင်းတွင် antioxidant များကို ထုတ်ပေးပါသည်။ Antioxidant ကြောင့် အရွယ်တင်ခြင်းကို ဖြစ်စေပါသည်။ ထို့ပြင် ဓနိဖူး​ခြောက်သည် ကင်ဆာရောဂါကိုကာကွယ်ပေးခြင်း၊ နှလုံးသွေးကြောဆိုင်ရာရောဂါများကို ဟန့်တားပေးခြင်း၊ အမောခံနိုင်ခြင်း၊ အာရုံကြောရောဂါများ သက်သာစေခြင်း၊ ယားနာနှင့် အရေပြားရောဂါတို့ကိုသက်သာစေခြင်း စသော အကျိုးကျေးဇူးများစွာ ရစေသောကြောင့် တစ်ခါတစ်ရံတွင် လက်ဖက်ခြောက်အစား သောက်နိုင်ပါသည်။ အရွက်ကိုမီးရှို့၍ရသော ပြာမှုန့်ကို ယားနာနှင့် သွားနာတွင်လည်း သုံးကြပါသည်။ ဓာတ်ခွဲချက်များအရ ဓနိဖူး​ခြောက်သည် ဂျင်ဆင်းထက်ပင် antioxidant ပိုကြွယ်ဝကြောင်းသိရပါသည်။

    ထို့ကြောင့် ဘက်စုံအသုံးဝင်သော ဓနိပင်ကို အမိုးအကာအဖြစ်သာမဟုတ်ဘဲ နည်းလမ်းပေါင်းစုံ ပြုလုပ်အသုံးချရင်း မြန်မာ့ကမ်းရိုးတန်းဒေသရှိ ဓနိတောများကိုလည်း မပျောက်ပျက်အောင်စနစ်တကျ ထိန်းသိမ်းသင့်ကြောင်း ရေးသားလိုက်ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

KO Min Thu

KO Min Thu

လွန်ခဲ့သော ၄ နှစ် က

သဘာဝ ဓနိဖူးကြောင်းလေး မေးမြန်းခြင်းလိုပါ

KO Min Thu

KO Min Thu

လွန်ခဲ့သော ၄ နှစ် က

မဂ္လာပါ

You

ဆက်စပ်မေးခွန်းများ

ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ

ဦးမောင်ကျော် • ဖြေကြားချက် 1 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ

ဟံ • ဖြေကြားချက် 1 ခု

ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ

U Yan • ဖြေကြားချက် 3 ခု

မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်

wai wai oo • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။