စင်ကာပူရဲ့သောက်သုံးရေ စီမံခန့်ခွဲမှု

02/11/2023 15:00 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းက စင်ကာပူနိုင်ငံ Suntec Singapore Convention Center မှာ ကျင်းပခဲ့တဲ့ စင်ကာပူတိရစ္ဆာန်ဆေးကုသရေးနည်းပညာပြပွဲ (Singapore Vet Show 2023) ကို အကြောင်း တိုက်ဆိုင်လို့ စာရေးသူ တက်ရောက်လေ့လာခွင့် ရခဲ့ပါတယ်။ ပြပွဲက ခွေး၊ ကြောင် အစရှိတဲ့ အိမ်မွေးအချစ်တော်တိရစ္ဆာန် (pet animal) လေးတွေနဲ့ ပတ်သက်တဲ့ ဆေးကုသရေးနည်းပညာသစ်တွေကပဲ လွှမ်းမိုးထားတာမို့ စိုက်ပျိုးမွေးမြူရေးကို ဦးစားပေးဖတ်ရှုကြတဲ့ အစိမ်းရောင်လမ်း စာဖတ်သူများအတွက် အချက်အလက် သစ်တွေ သိပ်မရခဲ့ပါဘူး။ 

ဒါပေမယ့် ကံကောင်းချင်တော့ ပြပွဲချိန်ပြင်ပမှာ စင်ကာပူနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာ မိတ်ဆွေတချို့နဲ့ တွေ့ဆုံစကားပြောခွင့်ရခဲ့ပြီး၊ အဲဒီစကားဝိုင်း‌တွေကတဆင့် အစိမ်းရောင်လမ်း စာဖတ်သူများ စိတ်ဝင်စားနိုင်တဲ့ အကြောင်းအရာတချို့ကို လေ့လာခွင့် ရရှိခဲ့ပါတယ်။ အဲဒီထဲက စင်ကာပူနိုင်ငံရဲ့ သောက်သုံးရေရရှိရေး စီမံခန့်ခွဲမှုအကြောင်းလေးကို ပြန်လည်မျှဝေပါရစေ။ 

ရေလိုအပ်ချက်

စင်ကာပူလို့ ပြောလိုက်ရင် သေးငယ်သလောက်၊ သဘာဝအရင်းအမြစ်ရှားပါးတဲ့ အရှေ့‌တောင်အာရှ တိုင်းပြည်ငယ်လေးအဖြစ် သိကြသလို၊ သောက်ရေကိုတောင် ပြည်ပက ဝယ်ယူပြီး ပိုက်လိုင်းသွယ်တန်း တင်သွင်းရတဲ့ နိုင်ငံငယ်လေးကို မျက်စိထဲ တန်းမြင်နိုင်ကြပါလိမ့်မယ်။ ရေတောင် ဝယ်သောက်ရတဲ့ နိုင်ငံမို့ စားနပ်ရိက္ခာစိုက်ပျိုး ထုတ်လုပ်ဖို့လည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့် စင်ကာပူရဲ့ စားနပ်ရိက္ခာ ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပကနေ တင်သွင်းရတာပါ။

တွက်ချက်မှုတွေနဲ့ လက်တွေ့ ကိန်းဂဏန်းတွေအရ စင်ကာပူနိုင်ငံအတွက် ‌တစ်ရက်စာ သောက်သုံး ရေလိုအပ်ချက်ဟာ ဂါလံပေါင်း  သန်း ၄၃၀ ရှိတယ်လို့ သိရပါတယ်။

အဓိကအခက်အခဲ

စင်ကာပူဟာ အီကွေတာနဲ့ နီးပြီး တစ်နှစ်ပတ်လုံး မိုးရွာသွန်းနိုင်ပါတယ်။ ဒါကြောင့် မိုးရေကို သိုလှောင်သုံးစွဲမယ်ဆိုရင် အတိုင်းအတာတစ်ခုအထိ အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် ပြဿနာက တိုင်းပြည်ရဲ့ အရွယ်အစား သေးငယ်တာမို့ ရေသိုလှောင်ဖို့ နေရာများများစားစား မရှိတဲ့ ပြဿနာရှိနေပါတယ်။ တိုင်းပြည် ရဲ့ အကျယ်အဝန်းအားဖြင့် မြန်မာနိုင်ငံဟာ စင်ကာပူထက် အဆပေါင်း ၉၄၀ ကျော် ပိုမိုကြီးမားပါတယ်။ မြန်မာနိုင်ငံက ၆၇၆,၅၇၈  စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး၊ စင်ကာပူက ၇၁၉ စတုရန်းကီလိုမီတာပဲ ကျယ်ဝန်းပါ တယ်။ လူဦးရေကတော့ မြန်မာနိုင်ငံရဲ့ ဆယ်ပုံတစ်ပုံ (၆ သန်း နီးပါး) ရှိပါတယ်။ လူဦးရေက နောက်ထပ်လည်း တိုးတက်လာဖို့ ရှိနေပါသေးတယ်။ ၂၀၃၀ ခုနှစ် အရောက်မှာ လူဦးရေ ၆.၉ သန်းအောက်မှာပဲ ရှိနေအောင် ထိန်းထားမယ်လို့တော့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီ‌လောက်ဆို စင်ကာပူဟာ သောက်သုံးရေ လိုအပ်ချက် မြင့်မားသလောက် ရေအရင်းအမြစ်နဲ့ ရေသိုလှောင်ဖို့နေရာ ဘယ်လောက်တောင် ရှားပါးမလဲဆိုတာကို စာဖတ်သူများ ခန့်မှန်းကြည့်နိုင်လောက်မှာပါ။ 

စင်ကာပူဟာ ပင်လယ်ဆိပ်ကမ်းမြို့လေး တစ်ခုပဲ ဖြစ်ပါတယ်။ အတိအကျပြောရရင် အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းငယ်လေးတစ်ခုပါ။ မလေးရှားကျွန်းဆွယ်နဲ့ နီးကပ်နေလို့သာ သီးသန့် ရေလယ်ကျွန်းတစ်ခုလို မမြင်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရဲ့ နယ်နိမိတ်အတော် များများက ပင်လယ်နဲ့ ထိစပ်နေတာပါ။ ဒါကြောင့် နိုင်ငံထဲမှာ ရှိတဲ့ အနည်းငယ်မျှသော မြစ်၊ ချောင်းလေးတွေဟာ ပင်လယ်ရေငန်ဝင်ရောက်ပြီး သောက်သုံးဖို့ အတွက် ရေချိုအရင်းအမြစ်အဖြစ် အသုံးပြုလို့ မရပြန်ပါဘူး။ ဒါကလည်း ပြဿနာ တစ်ခုပါ။

အခြားတစ်ဖက်မှာ သတိပြုစရာကောင်းတာက ရေကို သိုလှောင် ထားနိုင်တဲ့ ပမာဏထက် မိုး ပိုမို ရွာ သွန်းတာမျိုး မကြာခဏဖြစ်တာမို့ ရေကြီးရေလျှံမှု ပြဿနာလည်း ရှိပါသေးတယ်။ ဒါကြောင့် ရေချိုရရှိရေးကို စီမံနေတဲ့ တပြိုင်နက်တည်းမှာ ရေကြီးရေလျှံမှုကိုလည်း ထိန်းကွပ်စီမံရပါ သေးတယ်။ 

ဒါကြောင့် စင်ကာပူရဲ့ ရေ စီမံခန့်ခွဲမှုလို့ ပြောလိုက်ရင် သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်ရေးနဲ့ အတူ ရေကြီးရေလျှံမှု ကို ထိန်းချုပ်ခြင်းကိုပါ တွဲဖက်စဉ်းစားရတဲ့ သဘောရှိပါတယ်။ 

သောက်သုံးရေ လုံလောက်မှု 

စင်ကာပူကို ခေတ္တရောက်ရှိနေတဲ့ ဧည့်သည်တစ်ယောက်အနေနဲ့တော့ စင်ကာပူဟာ ရေရှားတဲ့နိုင်ငံ တစ်ခုရယ်လို့ မခံစားရပါဘူး။ တည်းခိုရာနေရာမှာ ရေကို အလုံအလောက်သုံးစွဲနိုင်တာကြောင့်ပါ။ စင်ကာပူမှာ နှစ်ပေါင်းများစွာ နေထိုင်နေတဲ့ မြန်မာမိတ်ဆွေတွေနဲ့ စကားပြောကြည့်တဲ့အခါမှာလည်း ရေမလုံလောက်တဲ့ ပြ ဿနာမျိုး မခံစားရတာကို သတိထားမိပါတယ်။ ဒါ့အပြင် ရေရဲ့ သန့်ရှင်းမှုအပေါ်မှာလည်း အားလုံးက စိတ်ချ  လက်ချ ရှိနေကြတာ တွေ့ရပါတယ်။ အစိုးရ ရေပေးဝေရေးက လွှတ်လိုက်တဲ့ ရေကို အိမ်မှာရှိတဲ့ ပိုက်ခေါင်းကနေ တိုက်ရိုက်ယူပြီး သောက်နိုင်လောက်အောင် သန့်ရှင်းတယ်လို့ ဆိုကြပါတယ်။ ဒါဟာ နိုင်ငံသားတစ်ယောက်ချင်းရဲ့ နေ့စဉ်ဘဝမှာ ရေလုံလောက်မှုရှိတဲ့ ခံစားချက်မျိုးကို ရနေတဲ့ သဘောပါပဲ။ 

ဒါပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တော့ သောက်သုံးရေက လုံလောက်မှု လုံးဝမရှိပါဘူး။ စီးပွားရေး တောင့်တင်းတဲ့နိုင်ငံ ဖြစ်တာမို့ ရေကို ငွေနဲ့ရင်းပြီး အစိုးရက ရှာဖွေပေးနေတာကြောင့် နိုင်ငံသားတွေက လုံ လုံလောက်လောက် သုံးစွဲနိုင်နေတဲ့ သဘောပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မလေးရှားက ဝယ်ယူတဲ့ ရေအပေါ် အတော်လေး မှီခိုနေရတုန်းပါပဲ။ အရင်တုန်းက လက်ရှိအချိန်ထက် ပိုပြီး မှီခိုရတယ်လို့ ဆိုပါတယ်။ ဒီလို အခြေအနေကို စင်ကာပူက လုံးဝ မလိုလားပါဘူး။ အခြားနိုင်ငံအပေါ် မှီခိုနေရတာက ရေရှည်တည်တံ့မှု မရှိနိုင်ဘူးလို့ သူတို့က မြင်ပါတယ်။ တတ်နိုင်သမျှ ကိုယ့်နိုင်ငံသောက်ဖို့ ရေကို ကိုယ့်နိုင်ငံထဲမှာပဲ ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေ ပါတယ်။ အဲဒီအတွက် ၂၀၆၁ ခုနှစ်ကို နောက်ဆုံးထား ဆောင်ရွက်ဖို့ စီမံချက်ချထားပါတယ်။ ဆိုလိုတာက ၂၀၆၀ ပြည့်နှစ် ကုန်ဆုံးတာနဲ့ စင်ကာပူဟာ ကိုယ့်ရေကိုယ်သောက်ပြီး ဆက်လက်ရှင်သန်မှာ ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ ရေလိုအပ်ချက်ကလည်း အခုထက် ၂ ဆ လောက် ဖြစ်လာမယ်လို့ ခန့်မှန်းထားတာပါ။ 

ဒါကြောင့် အဲဒီ ရည်မှန်းချက်တွေကို အောင်မြင်အောင် ရေအရင်းအမြစ်တွေ ဘယ်လို ရှာမလဲဆိုတာက အတော်လေး စိတ်ဝင်စားစရာ ကောင်းပါတယ်။ 

ရေပိုက်ခေါင်း ၄ ခု

စင်ကာပူနိုင်ငံဟာ ပြည်သူလူထုအတွက် ရေချိုရရှိနိုင်ဖို့ နည်းလမ်း ၄ သွယ်နဲ့ စီမံခန့်ခွဲနေတယ်လို့ ဆိုပါတယ်။ အဲဒီ နည်းလမ်း ၄ သွယ်ကို “ရေပိုက်ခေါင်း ၄ ခု (The Four National Taps)" လို့ ခေါ်ပါတယ်။ အဲဒီ ရေပိုက်ခေါင်း ၄ ခုကတော့ 

  • (၁) ပြည်ပမှ တင်သွင်းခြင်း (Imported water)၊ 
  • (၂) စွန့်ပစ်ရေကို ပြန်လည်သန့်စင်ကာ အသုံးပြုသည့်ရေ (NEWater)၊ 
  • (၃) ပင်လယ်ရေကို ဆားဓာတ်ဖယ်ရှားထားသည့် ရေသန့် (Desalinated water) နဲ့ 
  • (၄) မိုးရေစုဆောင်းထားခြင်း (Rainwater collection) တို့ ဖြစ်ပါတယ်။ 

အဲဒီ ရေအရင်းအမြစ် ၄ ခုထဲက ပြည်ပကနေ ရေ တင်သွင်းခြင်းကို ၂၀၆၀ ခုနှစ်မှာ နောက်ဆုံးထားပြီး ဆောင်ရွက်သွားမှာ ဖြစ်တာမို့ နောက်ပိုင်းမှာတော့ ကျန်တဲ့ ရေ အရင်းအမြစ် ၃ ခုကိုပဲ အဓိကထားသွားမယ့် သဘောရှိနေပါတယ်။ 

စင်ကာပူရဲ့ ရေချိုအရင်းအမြစ် ၄ ခုအကြောင်းကိုတော့ သီးခြားဆောင်းပါးတစ်ပုဒ်အဖြစ် ဖော်ပြသွားပါဦးမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်