အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တစ်နိုင်ငံလုံး မိုးဆက်ရွာနေဦးမယ့် စက်တင်ဘာပထမအပတ်

တစ်နိုင်ငံလုံး မိုးဆက်ရွာနေဦးမယ့် စက်တင်ဘာပထမအပတ်

လေဖိအားနည်းချိုင့်ဝှမ်းက ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အလယ်ပိုင်းအစပ်မှာ ဆက်ဖြစ်နေကြောင်း တွေ့ရပါတယ်။

တိုင်ဖွန်းမုန်တိုင်း SAOLA ကလည်း တောင်တရုတ်ပင်လယ်ထဲကို စူပါတိုင်ဖွန်းမုန်တိုင်းကြီးအဖြစ်နဲ့ ဝင်လာပါတယ်။ သူ့ဗဟိုလေတိုက်နှုန်းက အခု တစ်နာရီ ၁၅၅ မိုင်တောင်ရှိပြီး မုန်တိုင်းဗဟိုမှာ လှိုင်းအမြင့် ၄၆ ပေတောင်မှ ဖြစ်နေပါတယ်။  SAOLA ရဲ့ အရှိန်သက်ရောက်မှုကြောင့် ကပ္ပလီပင်လယ်မှာ မုတ်သုံလေအားအလွန်ကောင်းနေစေပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးကောင်းနေမယ့် အကြောင်းရင်းတစ်ခုဖြစ်နေပါမယ်။ 

အဲ့ဒီအရှိန်ကြောင့်ရယ်နဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဟိမဝန္တာတောင်ကြောကြီးပေါ်မှာဖြစ်နေတဲ့ လေဖိအားနည်းချိုင့်ဝှမ်းကြီးကြောင့် မြန်မာတစ်နိုင်ငံလုံးမှာတော့ စက်တင်ဘာလ ပထမပတ်အတွင်း မိုးဆက်ရွာနေပါဦးမယ်။

ဆိုတော့ ဒီလာမယ့် ၃ ရက်မှာ - 

တစ်နိုင်ငံလုံး နေရာလပ်မကျန် မိုးရွာနိုင်ပြီး တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကယားပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းတွေမှာ မိုးများနိုင်ပါမယ်။

ရခိုင်ပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်တွေမှာတော့ ၃ ရက်အတွင်း မိုးနည်းနေနိုင်ပါမယ်။

နောက် ၃ ရက်မှ ၅ ရက်အတွင်း(နောက် ၇၂ နာရီ မှ ၁၂၀ နာရီအတွင်း)မှာတော့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း သို့မဟုတ် အနောက်မြောက်ပိုင်းမှာ စက်တင်ဘာလ ၄ ရက် ညနေပိုင်းကစပြီး ဖြစ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ကယားပြည်နယ်၊ ကရင်ပြည်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ မိုးပိုလာနိုင်ပါမယ်။

မိုးများမယ့်ဒေသတွေဖြစ်တဲ့ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကယားပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းတွေမှာ  ၃ ရက် မိုးရေချိန်က အများဆုံး ၈၀ မီလီမီတာ(၃. ၁၄ လက်မ) ရှိပါမယ်။

တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ နောက် ၅ ရက်အတွင်း အများဆုံး မိုးရေချိန် မီလီမီတာ ၂၀၀ အထိရှိလာပါမယ်။ လက်မနဲ့ဆိုရင်တော့ ၈ လက်မ နီးပါးအထိ မိုးများလာပါမယ်။

မိုးတွေဆက်ရွာနေဦးမယ်ဆိုတော့ မြစ်ရေအခြေအနေကိုလဲ သတိထားရမှာပါ။ တစ်ခုတော့ ရှိတယ် ၃ ရက်အတွင်းမှာ ကချင်က မိုးနည်းနည်းလျော့သွားတယ်။ မြစ်ရေတွေ ကျတာလည်း တွေ့ရတယ်။ မြန်မာနိုင်ငံ အောက်ဘက်မှာတော့ ရေက ဆက်တိုးနေနိုင်ပါတယ်။ ဆိုတော့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ နောက် ၃ ရက်မှ ၅ ရက်အတွင်း ရေပြန်ကြီးလာနိုင်ပါတယ်။


Photo - ဦးဝင်းနိုင်
Crd#မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

2
ဉီစော

ဉီစော

လွန်ခဲ့သော ၃ နှစ် က

ကျွန်နော်ကပေါက်နယ်ကပါခင်ဗျာနောက်ဘယ်နှစ်ရက်လောက်ချေရှိသေးလဲဗျာ

ကျော်ဌေး

ကျော်ဌေး

လွန်ခဲ့သော ၃ နှစ် က

ဟု

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မြေပဲမစိုက်ခင် ဂျစ်ပဆင်ကိုဘယ်အချိန်ထည့်ရတာလည်းရှင့် မြေပဲစိုက်ပြီးမှထည့်ရင်အစိုဓာတ်မလုံလောက်မှာစိုးလို့ပါရှင့် ကျွန်မတို့ဒေသမှာမြေပဲကိုရေသွင်းလေ့မရှိလို့ပါ

Hnin Nu Wai • ဖြေကြားချက် 0 ခု

ရွှေဘိုဘေးကျားလေးက သက်တမ်းဘယ်လောက်ရှိ့လဲဗျ ပြီးတော့ ဘယ်နရက်သားဆိုဖုံးလဲဗျ အခုက ၇၈ ရှိ့ပါပြီဗျ ပြီးတော့ အပင်လိုလှုပ်ကြည့်လိုက်လျှင်ဖြုတ်ပိုး၆ကောင်၇ကောင်လောက်တွေ့ရတယ်ဗျ ဆိုးရိမ်ရလာဗျ ဖြေပေးပါအုံးခဗျာ

KYAW SHANE • ဖြေကြားချက် 4 ခု

စပါးပင်တွေပင်ပွားမရှိဘဲ ပိတ်သည်းနေတာ 75ရက်သားရှိပါပီ မှို့ဆေးဖျန်းရတေယ့မလား 120သက်တမ်းစပါးပါ

Theint Theint Nway • ဖြေကြားချက် 1 ခု

မစိုက်ခင် ထရိုက်ကိုဒါးမားဖြန်းပြီး မျိုးစေ့လူးနယ်ဆေးကို ဓာတုဆေး သုံးလို့ရလား သိချင်ပါတယ်

Thiha • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါး အသက်155-160ပါ မစိုက်ခင်မြေပြင်ချိန်မှာ ပိုတက်ရှ်နဲ့တီစူပါ တစ်ဝက်နှုန်းခံထားပါတယ် အပင်ပွားချိန်49-50ရက်သားမှာ ပုလဲတစ်ဝက်နှုန်းကျွေးပါတယ် [{(*အပင်ပွားချိန် ပုလဲကျွေးပြီးနဲ့အဆစ်တက်ချိန်ကြားထဲ ရက်ပေါင်း 35ရက်က ‌အပင်အနေအထားသန်တာနဲ့ပင်ပွားအားရတာမို့ မည်သည့်မြေဩဇာမှမကျွေးပါ မြေဩဇာလိုတဲ့အဝါရောင်ပုံစံတော့ပြောင်းနေပါတယ်*)}] ဒါကြောင့် အဆစ်တက် မှို့ကပ်ချိန်မှာ ပိုတက်ရှ်တစ်ဝက်နဲ့ယူရီးယားအနည်းငယ်ဘဲကျွေးတော့မလို့ ရနိုင်ပါသလား?ခင်ဗျ ဒါမှမဟုတ် ၁၅ ပတ်လည်ပါ ရောသုံးပေးရမာလား? သိချင်ပါတယ်ခင်ဗျ

Chan Myae Htun • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။