မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း၊ ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအပြင် ပဲခူးတိုင်းအနောက်ခြမ်းဒေသတွေမှာပါ လေ/မိုး/လှိုင်း အသင့်အတင့်မှ ပြင်းထန်နိုင်တဲ့ အခြေအနေများဖြစ်ပေါ်နိုင်

01/04/2025 08:50 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဧပြီလ ၁ ရက် နံနက် ၂ နာရီ ၁၅ မိနစ်အချိန်ရရှိသည့် ဒေတာများအရ

🔸 ဗီယက်နမ်ကမ်းခြေ အရှေ့တောင်ဘက်ပင်လယ်ရေပြင်မှာ INVEST-97W ဖြစ်နေကြောင်းတွေ့ရပြီး GFS ensemble model(GEFS)က ဆက်လက်ရွေ့လျားနိုင်မည့် လမ်းကြောင်းကို ခန့်မှန်းဖော်ပြထားပါတယ်။

🔸 ECMWF Cyclone Genesis Chart မှာ ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ဧပြီလ ၃ ရက်နေ့မှ စတင်၍ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ပြီး မုန်တိုင်းအဆင့်သို့ရောက်ရှိနိုင်ချေ ၄၀% ရှိနေကြောင်း၊ ဧပြီ ၄ ရက်နှင့် ၅ ရက်နေ့များမှာ မုန်တိုင်းအဆင့်သို့ရောက်ရှိနိုင်ချေ ၆၀% ဖြစ်လာကြောင်း ဖော်ပြနေတာတွေ့ရပါတယ်။

🔸 Windy GFS model ရဲ့ ကြိုတင်ခန့်မှန်းချက်မှာတော့ ဧပြီလ ၅ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အတွင်း ရောက်ရှိလာမည့် တောင်တရုတ်ပင်လယ်ဘက်မှ ထိုင်းပင်လယ်ကွေ့ကို ဖြတ်ကျော်ပြီးကပ္ပလီပင်လယ်ကို ဝင်ရောက်လာနိုင်သည့်(INVEST-97W)သည် သိသာထင်ရှားတဲ့ လေဖိအားနည်းရပ်ဝန်းအဆင့်ရောက်လာနိုင်ကြောင်း၊ မြောက်ဘက်-ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းဆီသို့ ဆက်လက်ရွေ့နိုင်ကြောင်းခန့်မှန်ထားတာတွေ့ရပါတယ်။

🔸 လတ်တလောရရှိထားတဲ့ ကြိုတင်ခန့်မှန်းချက်တွေအရ တောင်တရုတ်ပင်လယ်ဘက်မှ INVEST-97W သည် ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းကို ဝင်ရောက်လာနိုင်ပြီး မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်တာကြောင့် လမ်းကြောင်းအားဖြင့် မြန်မာနိုင်ငံဘက်ကိုဦးတည်သည်ဖြစ်စေ၊ ဦးတည်ရွေ့လျားခြင်းမရှိသည်ဖြစ်စေ လမ်းကြောင်းညာဘက်မှာရှိနေတဲ့ မြန်မာနိုင်ငံအနေနဲ့ လေဖိအားနည်းရပ်ဝန်းအရှိသက်ရောက်မှုကို ခံရမှာဖြစ်တာကြောင့် ...

🔸 မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း၊ ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအပြင် ပဲခူးတိုင်းအနောက်ခြမ်းဒေသတွေမှာပါ လေ/မိုး/လှိုင်း အသင့်အတင့်မှပြင်းထန်နိုင်တဲ့ အခြေအနေများဖြစ်ပေါ်နိုင်ပါတယ်။

🔸 ဧပြီလ ၃ ရက်နေ့မှာ ကပ္ပလီပင်လယ်အတွင်းဝင်ရောက်လာနိုင်မဲ့ INVEST-97W ကို ဆက်လက်စောင့်ကြည့်တင်ပြပေးသွားပါမယ်။

⚠️ လေဖိအားနည်းရပ်ဝန်း(သို့မဟုတ်)မုန်တိုင်းရယ်လို့ ဖြစ်လာသေးတာမဟုတ်ဘဲ ကြိုတင်ခန့်မှန်းချက်မှာသာရှိနေဆဲဆိုတာ မှတ်သားထားဖို့လိုပါမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်