မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း၊ ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအပြင် ပဲခူးတိုင်းအနောက်ခြမ်းဒေသတွေမှာပါ လေ/မိုး/လှိုင်း အသင့်အတင့်မှ ပြင်းထန်နိုင်တဲ့ အခြေအနေများဖြစ်ပေါ်နိုင်
ဧပြီလ ၁ ရက် နံနက် ၂ နာရီ ၁၅ မိနစ်အချိန်ရရှိသည့် ဒေတာများအရ
🔸 ဗီယက်နမ်ကမ်းခြေ အရှေ့တောင်ဘက်ပင်လယ်ရေပြင်မှာ INVEST-97W ဖြစ်နေကြောင်းတွေ့ရပြီး GFS ensemble model(GEFS)က ဆက်လက်ရွေ့လျားနိုင်မည့် လမ်းကြောင်းကို ခန့်မှန်းဖော်ပြထားပါတယ်။
🔸 ECMWF Cyclone Genesis Chart မှာ ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ဧပြီလ ၃ ရက်နေ့မှ စတင်၍ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ပြီး မုန်တိုင်းအဆင့်သို့ရောက်ရှိနိုင်ချေ ၄၀% ရှိနေကြောင်း၊ ဧပြီ ၄ ရက်နှင့် ၅ ရက်နေ့များမှာ မုန်တိုင်းအဆင့်သို့ရောက်ရှိနိုင်ချေ ၆၀% ဖြစ်လာကြောင်း ဖော်ပြနေတာတွေ့ရပါတယ်။



🔸 Windy GFS model ရဲ့ ကြိုတင်ခန့်မှန်းချက်မှာတော့ ဧပြီလ ၅ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အတွင်း ရောက်ရှိလာမည့် တောင်တရုတ်ပင်လယ်ဘက်မှ ထိုင်းပင်လယ်ကွေ့ကို ဖြတ်ကျော်ပြီးကပ္ပလီပင်လယ်ကို ဝင်ရောက်လာနိုင်သည့်(INVEST-97W)သည် သိသာထင်ရှားတဲ့ လေဖိအားနည်းရပ်ဝန်းအဆင့်ရောက်လာနိုင်ကြောင်း၊ မြောက်ဘက်-ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းဆီသို့ ဆက်လက်ရွေ့နိုင်ကြောင်းခန့်မှန်ထားတာတွေ့ရပါတယ်။
🔸 လတ်တလောရရှိထားတဲ့ ကြိုတင်ခန့်မှန်းချက်တွေအရ တောင်တရုတ်ပင်လယ်ဘက်မှ INVEST-97W သည် ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းကို ဝင်ရောက်လာနိုင်ပြီး မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်တာကြောင့် လမ်းကြောင်းအားဖြင့် မြန်မာနိုင်ငံဘက်ကိုဦးတည်သည်ဖြစ်စေ၊ ဦးတည်ရွေ့လျားခြင်းမရှိသည်ဖြစ်စေ လမ်းကြောင်းညာဘက်မှာရှိနေတဲ့ မြန်မာနိုင်ငံအနေနဲ့ လေဖိအားနည်းရပ်ဝန်းအရှိသက်ရောက်မှုကို ခံရမှာဖြစ်တာကြောင့် ...
🔸 မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း၊ ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအပြင် ပဲခူးတိုင်းအနောက်ခြမ်းဒေသတွေမှာပါ လေ/မိုး/လှိုင်း အသင့်အတင့်မှပြင်းထန်နိုင်တဲ့ အခြေအနေများဖြစ်ပေါ်နိုင်ပါတယ်။
🔸 ဧပြီလ ၃ ရက်နေ့မှာ ကပ္ပလီပင်လယ်အတွင်းဝင်ရောက်လာနိုင်မဲ့ INVEST-97W ကို ဆက်လက်စောင့်ကြည့်တင်ပြပေးသွားပါမယ်။
⚠️ လေဖိအားနည်းရပ်ဝန်း(သို့မဟုတ်)မုန်တိုင်းရယ်လို့ ဖြစ်လာသေးတာမဟုတ်ဘဲ ကြိုတင်ခန့်မှန်းချက်မှာသာရှိနေဆဲဆိုတာ မှတ်သားထားဖို့လိုပါမယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ကိုမျိုးကျော်
လွန်ခဲ့သော ၁ နှစ် ကအစိမ်းရောင်လမ်းမှတာဝန်ရှိသူများကိုအထူးကျေးဇူးတင်ပါသည်
ဆက်စပ်ဆောင်းပါးများ
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
ပျိုးပင် အရွက်ဝါပြီး ရွှက်ဖျားခြောက်နေခြင်းကို ဘာဓာတ်လိုအပ်တာလဲ? ဘယ်လိုကာကွယ်ရမလဲ?
than way • ဖြေကြားချက် 0 ခု
စပါးခင်းမှာဖြစ်နေတာလေးတွေတွေ့လို့ပါ ဘာဖြစ်တာလဲဆိုတာပြောပြပေးပါဦး
တောသားလေး • ဖြေကြားချက် 3 ခု
ဘာရောဂါလဲ ဘာဆေးဖျန်းရမလဲ ရှေ့တစ်ပတ်က hexaconazole mancozeb carberdazin ဖျန်းထားတယ်ဗျ
nay • ဖြေကြားချက် 4 ခု
ကွမ်းကသိပ်အတက်မကောင်းလို့ဗျဘာတွေလိုနေတာလဲပြောပေးပါဦးဆရာတို့
တောသားလေး • ဖြေကြားချက် 2 ခု
မှော်ဘီ၂ဘယ်စျေးပေါက်လဲဗျ
thiha • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....