အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဒီဇင်ဘာ ၁၅ နှင့် ၂၂ ရက်နေ့များမှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံအပေါ်သက်ရောက်မှုနည်းနိုင်

ဒီဇင်ဘာ ၁၅ နှင့် ၂၂ ရက်နေ့များမှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံအပေါ်သက်ရောက်မှုနည်းနိုင်

ဒီဇင်ဘာ ၁၃ ရက် - နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန် ရရှိသည့် ECMWF AI, ICON(GERMANY), METEOBLUE NEMS, NOAA-GFS နဲ့ UK MET-OFFICE မော်ဒယ်တွေရဲ့ ကြိုတင်ခန့်မှန်းချက်အရ ဒီဇင်ဘာ ၁၅ ရက် ညပိုင်းမှာ -

🔸 ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေပွေလှိုင်းမှတဆင့် လေဖိအားနည်းရပ်ဝန်း(LPA)တခု ဖြစ်လာဖို့ ရှိပါတယ်။

🔸 GFS-NOAA ခန့်မှန်းချက်မှာ တနိုင်ငံလုံး တိမ်တွေဖုံးပြီး နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ပဲခူးတိုင်းအရှေ့ပိုင်းတွေမှာ မိုးရွာသွန်းနိုင်ကြောင်းပြပေမဲ့ ၂၄ နာရီအတွင်း မိုးရေချိန် ၀.၂၅ မီလီမီတာမှ ၂ မီလီမီတာ(၀.၀၀၉ လက်မှ မှ ၀.၀၇ လက်မ)သာရွာသွန်းနိုင်တာကြောင့် မိုးရွာမယ်ဆိုရင်တောင် မိုးအလွန်နည်းနေ(မိုးဖွဲဖွဲသာရွာနိုင်)မှာဖြစ်ပါတယ်။

🔸 ကျန်တဲ့ သင်္ချာပုံစံကြိုတင်ခန့်မှန်းရေး - မော်ဒယ်တွေကတော့ မြန်မာနိုင်ငံပေါ်မှာ တိမ်ဖြစ်ထွန်းတာတောင် များများမရှိတဲ့အတွက် မိုးရွာနိုင်တဲ့ အခြေအနေလဲ မတွေ့ရပါဘူး။

🔸 မော်ဒယ်အားလုံးခန့်မှန်းချက်များကို ပျမ်းမျှယူပြီး ၃ နာရီ တကြိမ် update ဖြစ်နေတဲ့ MMWeather Knowledge site မှာ တင်ပေးထားတဲ့ ပြည်နယ်/တိုင်းများအလိုက်မြို့များရဲ့ ၄ ရက်စာ မိုးလေဝသအခြေအနေခန့်မှန်းချက်တွေမှာတော့ တနင်္သာရီတိုင်းတောင်ပိုင်း ဘုတ်ပြင်း၊ မောတောင်နဲ့ ကော့သောင်းမြို့တွေမှာ ဒီဇင်ဘာ ၁၃/၁၄ နဲ့ ၁၅ ရက်များမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၄၀ မီလီမီတာအထက်(၁.၆ လက်မခန့်)အထိ မိုးရွာနိုင်(မိုးအသင့်အတင့်မှ မိုးများနိုင်)ကြောင်းတွေ့ရပါတယ်။ အောက်ပါလင့်ခ်ကနေ ဝင်ပြီး အချိန်နဲ့ တပြေးညီလေ့လာလို့ရပါတယ်။

https://www.mmweather.org/divisional-cities-weather

မုန်တိုင်းဖြစ်နိုင်ချေကတော့ အနည်းဆုံး ဒီဇင်ဘာလ ၂၄ ရက်အထိတော့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဆက်ရှိနေတုန်းပါ။ 

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုန်တိုင်းဖြစ်တာက မြန်မာနိုင်ငံဘက်ကို သက်ရောက်မှု မရှိနိုင်ပေမဲ့ တောင်တရုတ်ပင်လယ်ဘက်မှာဖြစ်လာနိုင်မဲ့ မုန်တိုင်းကိုတော့ သတိထားပြီး စောင့်ကြည့်ကြရပါမယ်။

အခုအချိန်အရှေ့ဘက်က လေပွေလှိုင်းနဲ့ မိုးတိမ်တွေကြောင့်သာ မြန်မာပြည်ဘက်မှာ မိုးရွာနိုင်တာပါ။ တောင်တရုတ်ပင်လယ်မုန်တိုင်းဖြစ်နိုင်ချေက ဒီဇင်ဘာလကုန်အထိ မြန်မာပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတချို့အတွက် တောင်တရုတ်ပင်လယ်ကို နှစ်ကုန်သည်အထိ သတိနဲ့ဆက်ပြီး စောင့်ကြည့်ကြရပါဦးမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မိုးလေဝသ

မိုးလေဝသ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မှော်ဘီ၂ဘယ်စျေးပေါက်လဲဗျ

thiha • ဖြေကြားချက် 0 ခု

ရွှေဘိုပေါ်ဆန်းသက်လတ်စပါးသက် 77ရက်ရှိပါပီ။ဒီလ 13/14 ရက်က ဆစ်ပိုးကာကွယ်ဖို့ Profenofos+Lambda cyhalothrin ဆေးတွဲကို ဖြန်းခဲ့ပါတယ် ဒါမဲ့ ခုဆစ်ပိုးက လောက်ကောင်အဆင့်ရောက်ပီး ပင်စည်တွင်းဝင်ရောက်‌ဖျက်စီးနေကြလို့ပါ။ Acetamiprid20%+Fipronil 20% ပါတဲ့ဆေးထပ်ဖြန်းမလို့ပါဗျ။ သင့်တော်လားဗျ။တစ်ပတ်စောင့်ပီးမှဖြန်းရမလားဗျ။ဖြန်းဆေး‌ဖြန်းပီး နဲ့ 3Gနဲ့ပိုတက် ရောပက်သုံးရင်ရော ပိုပီးအာနိသင်ထိနိုင်လားဗျ။

ko naing phyo wai • ဖြေကြားချက် 1 ခု

ယင်ဖြူ အရမ်းများနေပါတယ် ဖြုတ်စိမ်းလဲရှိတယ် Thiamethoxam -20 WDG (10 g) + Lambda Cyhalothrin -5W/ V(15 cc)ဖျန်းပါတယ် ယင်ဖြူ မပျောက်ဘူးဖြစ်နေပါတယ် Abamectin -1.8% W/ V (20cc) လဲဖျန်းပါတယ် ယင်ဖြူ အမြစ်ပျက် နှိပ်နှင်းရန် ဆေးနဲ့ မိုစေ့ ဗိုင်းရပ် ကာကွယ်ဆေးလေးသိချင်ပါတယ်ဗျာ

စည်သူလွင် • ဖြေကြားချက် 1 ခု

မတ်ပဲ ၁၅ .၂၀ရက်သားမှာ ဆာလ်ဖာ၈၀%ပါတဲ့ရွက်ဖျန်းဆေးဖျန်းလို့ရပြီလား ဆာလ်ဖာကို အလူမီနီယမ်မှိုသတ်ဆေးနဲ.ရောဖျန်းလို့ရလား

Sawsamson • ဖြေကြားချက် 2 ခု

စပါးရွက်မာ အမဲစက်များ ရှိနေတာဘာဖစ်လို့လဲ ဘယ်လိုကုသရမလဲဗျ

kyaw khaing oo • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။