ဒီဇင်ဘာလကုန်ရက်များအထိ ဒေသအလိုက် အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်မဲ့ အခြေအနေအနည်းငယ်ဖြစ်ပေါ်နိုင်ချေရှိ

16/12/2024 09:19 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ဒီဇင်ဘာလ ၁၅ ရက် နေ့လယ် ၁ နာရီ ၅၅ မိနစ်အချိန်ရရှိသည့် ဒေတာများအရ

🔸 ဒီဇင်ဘာ ၁၆ ရက်၊ နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း မြောက်လတ္တီတွဒ် ၁၀ ° နဲ့ ၇.၅ °ကြား၊ အရှေ့လောင်ဂျီတွဒ် ၈၅ ° နဲ့ ၈၇.၅ ° ကြားမှာ ဖြစ်လာနိုင်မဲ့ လေဖိအားနည်းရပ်ဝန်း(LPA)သည် အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းမှာ သိသာထင်ရှားတဲ့ လေဖိအားနည်းရပ်ဝန်း - Well Marked LPA တခု ဖြစ်လာနိုင်ကြောင်း ICON, NEMS-GLOBAL, ECMWF AI နဲ့ NOAA(GFS)မော်ဒယ်များက တပြေးညီ ကြိုတင်ခန့်မှန်းထားတာတွေ့ရပါတယ်။ 

🔸 အပြည်ပြည်ဆိုင်ရာ မုန်တိုင်းကြိုတင်ခန့်မှန်းရေးဌာနများမှ လက်ရှိအစပျိုးနေတဲ့ စောင့်ကြည့်ရမဲ့လေပွေလှိုင်းကို "INVEST-91B" အဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားနိုင်ခြင်းမရှိကြောင်း၊ အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ်ကမ်းခြေဘက်သို့သာ ဦးတည်ရွေ့လျားနိုင်မှာဖြစ်ကြောင်း ကနဦးလမ်းကြောင်းခန့်မှန်းထားကြပါတယ်။

🔸 အရှေ့မြောက်လေ(အရှေ့မြောက်မုတ်သုံ)အားကောင်းနေခြင်း၊ တောင်တရုတ်ပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အောင်တောင်ပိုင်း အီကွေတာတလျှောက်မှာ လေပွေလှိုင်းတွေဆက်တိုက်ဖြစ်ပေါ်နေခြင်းတို့ကြောင့် အခုလို လေဖိအားနည်းရပ်ဝန်းတွေ ၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလ လကုန်ရက်များအထိ ဆက်လက်ဖြစ်ပေါ်နေနိုင်ပြီး မြန်မာပြည်ဘက်မှာ ဒေသအလိုက် အခါလွန်မိုး(အချိန်အခါမဟုတ်မိုး)ရွာသွန်းနိုင်မဲ့ အခြေအနေအနည်းငယ်ဖြစ်ပေါ်နိုင်ချေလဲ ဆက်လက်ရှိနေနိုင်ပါတယ်။ မိုးများနိုင်မှာမဟုတ်သော်လည်းနေရာကွက်ပြီး မိုးအသင့်အတင့်ရွာနိုင်ချေကတော့ ဆက်ရှိနေနိုင်ပါသေးတယ်။ (မိုးနည်းခြင်း/မိုးအသင့်အတင့်/မိုးများခြင်း စသည့် ဝေါဟာရများအတွက် အိန္ဒိယမိုးလေဝသဌာနမှ သတ်မှတ်ထားသည့် SOP ကို ကြည့်ပါ)

🔸 မြန်မာနိုင်ငံ ပြည်နယ်တိုင်းများမှ မြို့များ၏ ၄ ရက်အတွက် မိုးလေဝသအခြေအနေခန့်မှန်းကို ကြည့်ရန် link: https://www.mmweather.org/divisional-cities-weather

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်