ဇူလိုင် ၁၇ ရက်၊ ည ၉ နာရီခွဲချိန် HEFS, GEM-ENS, ECMWF-AIFS, ECMWF, GFS စ တဲ့ model များရဲ့ နောက်ဆုံးရထားတဲ့ updatတွေအရ ဇူလိုင် ၁၈ ရက် ညနေပိုင်းမှာ သိသာထင်ရှားတဲ့ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်လာနိုင်ကြောင်းတွေ့ရပါတယ်။
အခုဖော်ပြချက်တွေဟာဆိုရင် Numerical models တွေရဲ့ ကြိုတင်ခန့်မှန်းချက်ဖြစ်ပါတယ်။

- မြန်မာပြည်ဘက်မှာ နေရာအနှံ့မိုးရွာနိုင်ပါမယ်။ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတွေကတော့ မိုးနည်းနေပြီး ဇူလိုင် ၂၁-၂၂ ရက်နဲ့ နောက်ပိုင်းရက်တွေကျမှ မိုးရွာနိုင်ချေများလာ၊ မိုးရွာရန်သေချာလာမှာဖြစ်ပါတယ်။
- ကမ်းရိုးတန်းဒေသအားလုံး(ရခိုင်ကမ်းရိုးတန်း၊ ဧရာဝတီမြစ်ဝကျွန်ပေါ်ကမ်းရိုးတန်းနဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းဒေတွေမှတော့ မိုးသက်လေပြင်းများကျပြီး လှိုင်းကြီးနိုင်ကြောင်ရှေ့ post တွေမှာ တင်ပြပေးခဲ့ပြီးပါပြီ။
- အနောက်ဘက် ဘင်္ဂလားပင်လယ်အော်ဘက်က လေဖိအားနည်းရပ်ဝန်းအရှိန်နဲ့ ရွေ့လျားဝင်ရောက်လာတဲ့ မိုးတိမ်များရဲ့လမ်းကြောင်းနဲ့တိုက်ဆိုင်ရင်တော့ အလယ်ပိုင်းဒေသတွေလဲ နေရာကွက်ပြီးမိုးများနိုင်ပါမယ်။
- အခုကြိုတင်ခန့်မှန်းချက်တွေကိုတင်ပြပေးနေတာက လေဖိအားနည်းရပ်ဝန်းကြောင့်မိုးများလာပြီး၊ ရေထရက်ကြောင့် ပင်လယ်ဒီရေတက်တဲ့အချိန် ရေပြန်မကျနိုင်ပဲ တောင့်နေမဲ့အချိန်တွေ ပိုကြာလာနိုင်တာကြောင့် မြစ်ရေကြီးပြီး အနိမ့်ပိုင်းဒေသတွေရေဝင်နေတဲ့ မြစ်ဘေး/ချောင်းဘေးက ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ကြအောင်ဖြစ်ပါတယ်။
- မုန်တိုင်းဖြစ်လာရင်တောင် မြန်မာပြည်ဘက်ကို ဦးတည်ရွေ့လျားမှာ မဟုတ်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာတွေ့နေရတာကြောင့် မုန်တိုင်းဝင်တိုက်နိုင်မဲ့ အန္တရာယ်ကို စိုးရိမ်စရာမလို၊ အခုဖြစ်နေတဲ့ ပထမရေကြီးကာလအတွင်း မုန်တိုင်းအရှိန်သက်ရောက်ပြီး မိုးများနိုင်မဲ့ အခြေအနေကို ရင်ဆိုင်နိုင်ကြဖို့ လိုပါတယ်။
Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more