မြစ်ကြီးနား၊ ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်များအတွင်း မြစ်ကမ်းဘေး/မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန်
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နံနက် ၆ နာရီခွဲအချိန် တိုင်းတာရရှိသော မြစ်ရေအခြေအနေများကို ဖော်ပြရင်း ဆရာဦးဝင်းနိုင်ရဲ့ ကောက်နုတ်ချက်များကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
ကောက်နှုတ်ချက်
🔸 ဧရာဝတီမြစ်ရေ - မြစ်ကြီးနားမှာ နောက် ၂ ရက်(၄၈ နာရီ အတွင်း) စိုးရိမ်ရေမှတ်အောင် ပြန်ကျနိုင်။
ချင်းတွင်းမြစ်ရေ-
🔸 ခန္တီးမြို့မှာ စိုးရိမ်ရေမှတ်အထက် ၅ ပေခွဲခန့်ကျော်လွန်ရောက်ရှိနေပြီး နောက် ၂၄ နာရီအတွင်း ၄ ပေခန့်မြင့်တက်လာနိုင်။
🔸 ဟုမ္မလင်းမြို့မှာ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်ကျော်လွန်ရောက်ရှိနေပြီး နောက် ၂၄ နာရီအတွင်း ၄ ပေ ခန့်မြင့်တက်လာနိုင်။
🔸 မြစ်ကြီးနား၊ ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်များအတွင်း မြစ်ကမ်းဘေး/မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန် အကြံပြုထုတ်ပြန်ထားသည်။
🔸 ကျန်ပြည်နယ်တိုင်းမြို့များ မြစ်ရေကြီးခြင်းအန္တရာယ်မရှိသေးပါ။ မြစ်ရေအခြေအနေသတင်းကိုလည်းစောင့်ကြည့်ကြပါဆိုပြီး ရေးသားခဲ့ပါတယ်။
ဒါ့အပြင် GFM(Global Flood Monitoring System)ရဲ့ ဒီနေ့မနက် data တွေမှာ ဧရာဝတီမြစ်ရေက ဗန်းမော်-ရွှေကူ-ကသာ မြစ်ကွေ့အထိ ဆင်းလာပြီး ဗန်းမော်မှာလဲ မြစ်ကမ်းဘေး-အနိမ့်ပိုင်းတွေ မြစ်ရေ စဝင်နေကြောင်း သတင်းများတက်လာတာရှိပါတယ်။
အောက်ဘက် မန္တလေးအထိတော့ မြစ်ရေကြီးခြင်း(အနီရောင်ပြထားတဲ့ မြစ်ကမ်းဘေးဧရိယာများ)မရှိသေးပါ။
ချင်းတွင်းမြစ်ဘက်အခြမ်းမှာတော့ ဖားကန့်၊ မိုးညှင်း၊ ခန္တီး၊ ဟုမ္မလင်း စတဲ့ မြို့နယ်တွေမှာ ရေကြီးခြင်းပြတဲ့ အနီရောင်အခြေအနေများတွေ့ရပါတယ်။
အထက်ဘက်ကမြစ်ရေက မိုးအားလျော့သွားချိန်ပြန်ကျမှာပါ။ အဲ့ဒီကျသွားတဲ့ ရေကလဲ မြစ်အောက်ပိုင်းဒေသတွေကိုဆင်းလာမှာပါဘဲ။ အခုလောလောဆယ် GFM ကလဲ ရေကြီးခြင်းအန္တရာယ်ရှိတဲ့ဒေသတွေက ပုံတွေကိုသာတင်ပေးနေတာပါ။
ကျနော်တို့ သတိထားစောင့်ကြည့်ရမှာက မိုးရွာနိုင်မဲ့အခြေအနေနဲ့ မြစ်ရေအခြေအနေသတင်းတွေပါ။ သတိထားစောင့်ကြည့်ပြီးတဲ့အခါ စိုးရိမ်ရေမှတ်နားနီးလာတဲ့ မြို့များက မြစ်ကမ်း/ချောင်းကမ်းဘေးနေသူများက ရေကြီးနိုင်ချေကို ကြိုတင်ကာကွယ်ဖို့ ပြင်ဆင်ထားကြရင် ရပါပြီ။
လက်ရှိအချိန်မှာ စိုးရိမ်စိတ်လွန်ကဲမနေကြဖို့နဲ့ ပေါက်ကရသတင်းတွေတွေ့ရင် ချင့်ယုံကြဖို့၊ စဉ်းစားတွေးခေါ်ကြဖို့ပဲ လိုပါတယ်လို့ ဆရာဦးဝင်းနိုင်က သူ့ရဲ့ဖေ့ဘုတ်စ် စာမျက်နှာကနေ ရေးသားဖော်ပြခဲ့ပါတယ်။


Photo Crd#
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
win ko thu
လွန်ခဲ့သော ၂ နှစ် ကဧရာ၀တီတိုင်းဒေသကြီးမြစ်၀ကျွန်းပေါ်ဒေသများရေကြီးခြင်းသိပရစေ
win ko thu
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါ
ဆက်စပ်ဆောင်းပါးများ
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
မဂ်လာပါပန်းအညွန့်တွေက ပုံစံပျက်နေတယ်အထဲမှာပိုးလာခဗျာ ဖြေကြားပေပါဉီး။
bominthu • ဖြေကြားချက် 2 ခု
မူန်ညှင်းအပင်ပုတ်နေတာဘာဆေးသုံးရမလဲဗျ
U Min Lna • ဖြေကြားချက် 1 ခု
ဆရာ သီးလုံးဖောက်ပိုးအတွက် ဒီကောင်လေးပေးလိုက်လို့ဆျာ အဆင်ပြေပါ့မလားဆရာ ဝိစာရက ဘီတာစီပါဆရာ
U Yan • ဖြေကြားချက် 2 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
ဘဲတွေခြေထောက်မှာ ပုံမှာ ပါတဲ့အတိုင်းဖြစ်နေပါတယ်။ လမ်းကောင်းကောင်းမလျှောက်နိုင်ပါ။ ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကာကွယ်ရမလဲ ဆရာများ လမ်းညွှန်ပါအုန်း။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
More from ဦးဝင်းနိုင်
အားလုံး
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....